A d v e r t i s e m e n t With Us

အက်စ်ပန်ညို ဂိုးသမားကို ရီးရဲလ် ခေါ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က အက်စ်ပန်ညို ဂိုးသမား ကီကို ကာဆယ်လာကို ခေါ်ယူလိုက်ပါတယ်။ အပြောင်းအရွှေ့အတွက် ရီးရဲလ်က ပေါင် ၄ သန်းကျော်ပေးရပြီး ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၈ နှစ်အရွယ် ဂိုးသမား ကာဆယ်လာဟာ ရီးရဲလ်မှာ ပုံမှန် ပွဲထွက်ကစားခွင့် ရဖို့အတွက် လက်ရှိ ဂိုးသမား ၂ ယောက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်တူဂီကလပ်ကို ပြောင်းသွားတဲ့ ဂိုးသမား ကားဆီးလက်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ အခုလို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းက ဂိုးသမား ဒီဂီယာကို ရီးရဲလ်က ခေါ်ယူဖို့ ချိတ်ဆက်နေပေမယ့်လည်း လောလောဆယ်မှာ အဆင်မပြေ ဖြစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up