A d v e r t i s e m e n t With Us

အိုင်အက်စ် စစ်သွေးကြွ ၄၃၀ ကျော် ဖမ်းမိဟု ဆော်ဒီကြေညာ (ရုပ်သံ)

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်အစွန်းရောက် အဖွဲ့ဝင်လို့ ယုံကြည်ရသူ  ၄၃၁ ဦး ဖမ်းဆီးထားတယ်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ သူတို့တွေဟာ ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံတ၀န်းက ရှီယာဗလီတွေကို အသေခံတိုက်ခိုက်ဖို့ စီစဉ်နေကြတယ်လို့ စွပ်စွဲခံထားရပါတယ်။ အများစုကတော့ ဆော်ဒီနိုင်ငံသားတွေဖြစ်ပေမယ့် ယီမင်၊ ဆီးရီးယားနိုင်ငံအပါအ၀င် နိုင်ငံ ၆ နိုင်ငံက နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ ဆောဒီပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရက သတင်းထောက်တွေကိုပြောဆိုပါတယ်။ ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ မဟာမိတ် အမေရိကန်ဦးဆောင်တဲ့ အိုင်အက်စ်အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်နေတာပါ။ သောကြာနေ့တိုင်း နိုင်ငံတ၀န်းက ဗလီတွေနဲ့ ဆော်ဒီလုံခြံရေးတပ်ဖွဲ့ဝင်တွေကို အချိန်ကိုက် အသေခံတိုက်ခိုက်ဖို့ စီစဉ်ထားကြတာကို စုံစမ်းသိရှိတယ်လို့ ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ နိုင်ငံတောင်ပိုင်းက ရာရူရာပြည်နယ်မှာပဲ နိုင်ငံတကာ သံသမန်ရုံးတွေ၊ အစိုးရ လုံခြုံရေးဌာနတွေကို ပစ်မှတ်ထားတာ တွေ့ရှိရတယ်လို့လည်း ပြောဆိုပါတယ်။ ဇွန်လကလည်း ဆော်ဒီနိုင်ငံသားတဦးက ရှီယာဗလီထဲမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၂၇ ဦးသေဆုံးခဲ့တာပါ။ ဧပြီလက အိုင်အက်စ်စစ်သွေးကြွလို့ သံသယရှိသူ ၉၃ ဦးကို ဖမ်းဆီးခဲ့ပြီး ရီးယက်မြို့က အမေရိကန်သံရုံး အကြမ်းဖက်တိုက်ခိုက်မှုကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ ဆော်ဒီပြည်ထဲရေးက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up