Home
သုံးသပျခကျြ
လူမပြောင်းတဲ့ အစိုးရအဖွဲ့သစ် မူရော ပြောင်းနေကြပြီလား
DVB
·
May 26, 2011
အခုဆိုရင် သမ္မတ ဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရ အဖွဲ့​သစ် တက်လာတာ တလခွဲကာလ ရှိပါပြီ။ ၄၅ ရက်တာကာလဟာ အစိုး​ရအဖွဲ့​သစ်တစ်ခုကို ​စောင့်​ကြည့်​သုံး​သပ်ဖို့​ လုံ​လောက်တဲ့​ အချိန်မဟုတ်​သေး​ပေမယ့်​ အ​ခြေအ​နေတခုကို​တော့​ သုံး​သပ် ရနိုင်ပြီလို့​ ​ပြောဆိုနိုင်ပါတယ်။ အခုဆိုရင် ပြန်ကြား​ရေး​နဲ့​ ယဉ်​ကျေး​မှုဝန်ကြီး​ ဦး​ကျော်ဆန်း​ရဲ့​ ပုံ​တွေဟာ ​နေ့​စဉ် လိုလို ပြည်တွင်း​ မီဒီယာ​တွေမှာ ​တွေ့​မြင်​နေရပြီး​ စာနယ်ဇင်း​လွတ်လပ်ခွင့်​နဲ့​ဆိုင်တဲ့​ စကား​တွေကိုလည်း​ ​ရောက်ရာ​နေရာ​တွေမှာ ​ပြောဆို​နေပါတယ်။ အလား​တူ စီး​ပွား​ကူး​သန်း​ ဝန်ကြီး​ဖြစ်လာတဲ့​ ဦး​ဝင်း​မြင့်​ဟာလည်း​ ရဲရဲ​တောက်စကား​တွေ ​ပြောဆို​နေတာ ကြား​နေရပါတယ်။ ဒါတင်မက လယ်ဆယ်ဝန်ကြီး​၊​ စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​တွေရဲ့​ လုပ်ရပ်​တွေဟာလည်း​ ခုတ​လော မီဒီယာကို တက်လာ​နေပါတယ်။ ဒါ​တွေကို ​လေ့​လာသုံး​သပ်ကြည့်​ရင် လက်ရှိ အစိုး​ရအဖွဲ့​သစ် လုပ်ကိုင်​နေတာ​တွေဟာ လူမ​ပြောင်း​ပေမယ့်​ မူ​ပြောင်း​သလား​ ဒါမှမဟုတ် အရင်အတိုင်း​ပဲလား​ ဆိုတာ မှန်း​ဆလို့​ ရနိုင်မှာမို့​ ခုတပတ် ဒီအ​ကြောင်း​ ​ဆွေး​နွေး​တင်ပြမယ် ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့​တဲ့​အတိုင်း​ပါပဲ။ အစိုး​ရ အဖွဲ့​သစ် တက်ပြီး​တာနဲ့​ ပြည်တွင်း​ သတင်း​စာ ​ရေဒီယို ရုပ်သံ​တွေမှာ အကြိမ်​ရေ အများ​ဆုံး​ မြင်​တွေ့​နေရသူက​တော့​ ပြန်ကြား​ရေး​နဲ့​ ယဉ်​ကျေး​မှုဝန်ကြီး​ ဦး​ကျော်ဆန်း​ဖြစ်ပါတယ်။ သမ္မတ ဦး​သိန်း​စိန် တာဝန်ယူပြီး​ ​ပြောကြား​တဲ့​ မိန့်​ခွန်း​မှာ စတုတ္တမဏ္ဍိုင်နဲ့​ ပါတ်သက်လို့​ ​ခေတ်နဲ့​ မ​လျော်ညီတဲ့​ ပြဌာန်း​ချက်​တွေကို အ​ခြေခံဥပ​ဒေပါ အချက်​တွေနဲ့​ လိုက်​လျောညီ​ထွေရှိ​အောင် ပြင်ဆင်​ပေး​မယ် ဆိုတဲ့​ ကတိလည်း​ ပါဝင်ပါတယ်။ ဒါ​ပေမယ့်​ ဒါကို လက်​တွေ့​အ​ကောင်အထည်​ဖော်ရမယ့်​ ပြန်ကြား​ဝန်ကြီး​ ဦး​ကျော်ဆန်း​ အ​နေနဲ့​ သူ​ရောက်ရာ ​နေရာတိုင်း​မှာ ​ပြော​နေခဲ့​တာက​တော့​ ‘စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို အမျိုး​သား​ အကျိုး​စီး​ပွား​နဲ့​အညီ လုပ်ကိုင်​ဆောင်ရွက်မယ်’ ဆိုတာပါပဲ။ သူဆိုလိုတဲ့​ သ​ဘောက​တော့​ ​ခေတ်နဲ့​လျော်ညီတဲ့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ ​ပေး​မယ် ဆိုတာမျိုး​ မဟုတ်ပဲ အမျိုး​သား​အကျိုး​စီး​ပွား​ကို ကာကွယ်ဖို့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို ဆက်ပြီး​ ပိတ်ပင်သွား​မယ့်​ သ​ဘောဖြစ်​နေပါတယ်။ ဒီ​နေရာမှာ ဦး​ကျော်ဆန်း​ပြောတဲ့​ အမျိုး​သား​အကျိုး​စီး​ပွား​ ဆိုတာဟာ ပြည်သူ​တွေ အကျိုး​စီး​ပွား​မဟုတ်သလို ပြည်သူ​တွေပါဝင်တဲ့​ တစ်မျိုး​သား​လုံး​ အကျိုး​စီး​ပွား​ကို ဆိုလိုတာမျိုး​လည်း​ မဟုတ်ပါဘူး​။ လက်ရှိ အစိုး​ရ အာဏာပိုင်​တွေ စစ်ဘက် ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေရဲ့​ အကျိုး​စီး​ပွား​ကို ဆိုလိုတာ ရှင်း​နေပါတယ်။ ဒါ​ကြောင့်​ လက်ရှိ စာ​ပေစိစစ်​ရေး​ဟာ အရင်က ​ရေး​ခွင့်​သိပ်မ​ပေး​တဲ့​ ရပ်ကွက်အဆင့်​ ​အောက်​ခြေမှာ ဖြစ်ပျက်​နေတဲ့​ အဖြစ်အပျက် တစ်ချို့​ကို ​ရေး​သား​ဖော်ပြခွင့်​ပေး​တာကလွဲရင် စိစစ်ပိတ်ပင်မှု အား​လုံး​ကို နဂိုအ​ခြေအ​နေအတိုင်း​ ဆက်လက်လုပ်ကိုင်​ဆောင်ရွက်​နေဆဲ ရှိတာ​တွေ့​ရပါတယ်။ တရား​ဝင် စာနဲ့​ ​ပေနဲ့​ ဥပ​ဒေနဲ့​ အ​လျော့​ပေး​လာတာမျိုး​ ဘာတစ်ခုမှ မ​တွေ့​မြင်ကြရ​သေး​ပါဘူး​။ ဒါ​တွေက​တော့​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​ လုပ်ကိုင်​ဆောင်ရွက်​နေတဲ့​ ​ခြေလှမ်း​တွေ ဖြစ်ပါတယ်။ ခုတ​လော ရဲရဲ​တောက် မိန့်​ခွန်း​တွေ ​ပြော​နေသူ ​နောက်တစ်ဦး​က​တော့​ ယခင် စီး​ပွား​ရေး​လုပ်ငန်း​ရှင်ကြီး​ တစ်ဦး​ဖြစ်တဲ့​ စစ်အစိုး​ရက အလွန်သ​ဘောကျတဲ့​ စီး​ပွား​ကူး​သန်း​ ဝန်ကြီး​ ဦး​ဝင်း​မြင့်​ ဖြစ်ပါတယ်။ သူက သူတို့​အစိုး​ရဟာ အရင်လူ​တွေလို မဟုတ်ပဲ ပို့​ကုန်သွင်း​ကုန် ပါမစ်​တွေကို မြန်မြန်ဆန်ဆန် ချ​ပေး​မယ်၊​ စား​အုန်း​ဆီ တင်သွင်း​ခွင့်​လို ဆန်တင်ပို့​ခွင့်​လို လုပ်ငန်း​မျိုး​ကို အရင်တုန်း​ကလို လူတစ်စု လက်ဝါး​ကြီး​အုပ်ထား​တာမျိုး​ မဖြစ်​စေရဘူး​ အား​လုံး​ကို မျှမျှတတ ချ​ပေး​မယ် ဆိုပြီး​ ​ပြောဆိုခဲ့​ပါတယ်။ သူ့​အ​ပြောနဲ့​ သူ့​လုပ်ရပ် ညီပါရဲ့​လား​။ ကြည့်​ကြရ​အောင်ပါ။ စား​အုန်း​ဆီ တင်သွင်း​ခွင့်​ကို နဂိုက စစ်တပ် ဦး​ပိုင် ကုမ္ပဏီကို ​ပေး​ခဲ့​ပြီး​ လက်​တွေ့​တင်သွင်း​သူက​တော့​ ဦး​တေဇပိုင် ထူး​ကုမ္ပဏီ ဖြစ်ပါတယ်။ အခု​တော့​ ကုမ္ပဏီ (၁ဝ) ခုကို တင်သွင်း​ခွင့်​ပေး​လိုက်ပြီဖြစ်​ကြောင်း​ ​ကြေငြာပါတယ်။ သိကြတဲ့​အတိုင်း​ အဲဒီ ကုမ္ပဏီ (၁ဝ) ခု ဆိုတာက ဦး​ပိုင်၊​ ထူး​၊​ မက်စ်၊​ ​အေး​ရှား​ဝေါလ်၊​ ​ရွှေသံလွင်တို့​လို ထိပ်ပိုင်း​ကုမ္ပဏီ​တွေချည်း​သာ ဖြစ်ပါတယ်။ အခြား​ ဘယ်သူမှ မပါပါဘူး​။ အခြား​သူ​တွေအ​နေနဲ့​ စား​အုန်း​ဆီ တင်သွင်း​ချင်ရင်​တော့​ ကုမ္ပဏီ ၅ဝ ကို တစ်စုဖွဲ့​ပြီး​ တန်ချိန် ၃ဝဝဝ တင်သွင်း​ခွင့်​ပြုမယ်လို့​ ထုတ်ပြန်ပါတယ်။ ဆိုလိုတာက နာမည်ကြီး​ ထိပ်ပိုင်း​လုပ်ငန်း​ရှင်ကြီး​တစ်ဦး​စီကို တန်ချိန် ၃ ​ထောင်တင်သွင်း​ခွင့်​ပြုပြီး​ ကုမ္ပဏီငယ်​တွေကို​တော့​ တန် ၆ဝ ​လောက်ပဲ တင်သွင်း​ခွင့်​ပြုတဲ့​ သ​ဘောဖြစ်ပါတယ်။ တကယ်ဆို ထိပ်ပိုင်း​ကုမ္ပဏီ​တွေနည်း​တူ တန်ချိန် ၃ဝဝဝ တင်သွင်း​နိုင်ဖို့​ ကုမ္ပဏီ ၂ ခုဖြစ်​စေ၊​ ၃-၄ ခုဖြစ်​စေ စုဖွဲ့​ တင်သွင်း​ခွင့်​ ​ပေး​သင့်​တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မမျှတတဲ့​ သ​ဘောကို ​ဖော်ပြ​နေတာ ဖြစ်ပါတယ်။ ဆန်တင်ပို့​ခွင့်​လည်း​ အလား​တူပါပဲ။ လက်ရှိ ကုမ္ပဏီ (၁ဝ) ခုကိုသာ တင်ပို့​ခွင့်​ပြုထား​ပါတယ်။ ဒီကုမ္ပဏီ​တွေဟာလည်း​ စား​အုန်း​ဆီ တင်သွင်း​ခွင့်​ရတဲ့​ ကုမ္ပဏီ​တွေနည်း​တူ အာဏာပိုင်​တွေနဲ့​ နီး​စပ်တဲ့​ အင်အား​ကြီး​ကုမ္ပဏီ​တွေသာ ဖြစ်ပါတယ်။ အဲလို အင်အား​ကြီး​ ကုမ္ပဏီ​တွေတင်မဟုတ်ပဲ အခြား​ကုမ္ပဏီ​တွေကိုပါ တင်ပို့​ခွင့်​ပြုဖို့​ စီး​ပွား​ရေး​ လုပ်ငန်း​ရှင်တစ်ချို့​ ဝန်ကြီး​ ဦး​ဝင်း​မြင့်​ဆီ တင်ပြထား​သလို ဝန်ကြီး​ ဦး​ဝင်း​မြင့်​ကလည်း​ အထက်ကို ဆက်လက်တင်ပြထား​တယ်လို့​ သိရပါတယ်။ ဆန်တင်ပို့​ခွင့်​နဲ့​ ပါတ်သက်ပြီး​ ဝန်ကြီး​က ဘယ်သူ့​ကို ဆက်ပြီး​ တင်ပြထား​သလဲ ဆိုတာက​တော့​ ဘာမှ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​ပါဘူး​။ ဒီရက်ပိုင်း​အတွင်း​ ပြည်သူ​တွေ အံ့​အား​တသင့်​ဖြစ်ရတဲ့​ ပြသနာ တစ်ခုက​တော့​ စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာနရဲ့​ အမြန်​ချောပို့​ခ ​ဈေး​နှုန်း​ (၁ဝ) ဆ မြှင့်​တင်လိုက်တဲ့​ ကိစ္စပါ။ နဂိုက အမြန်​ချောပို့​ခ ကျပ် ၅ဝ သာသတ်မှတ်ထား​ပေမယ့်​ လက်ရှိ အမြန်​ချော တစ်​စောင် အနည်း​ဆုံး​ ကျပ် ၅ဝဝ သတ်မှတ်လိုက်ပါတယ်။ ဒီအတွက် ပြည်သူ​တွေအ​နေနဲ့​ အခက်အခဲ​တွေ အများ​ကြီး​ ရှိလာနိုင်ပါတယ်။ အား​လုံး​သိကြတဲ့​အတိုင်း​ မြန်မာနိုင်ငံမှာ ရိုး​ရိုး​စာပို့​တယ်ဆိုတဲ့​ စနစ်ဟာ လုံး​ဝ နီး​နီး​ ပျက်စီး​နေပါပြီ။ ပို့​တဲ့​စာ​တွေ ​ရောက်တာ​ရောက် မ​ရောက်တာ မ​ရောက်ပါဘူး​။ မှတ်ပုံတင် စာပို့​စနစ်လည်း​ ထို့​နည်း​၎င်း ပျက်စီး​နေတာ ဖြစ်ပါတယ်။ ဒီအတွက် ပြည်သူအများ​ဟာ နှိုင်း​ယှဉ်ချက်အရ စိတ်ချရတဲ့​ ကျပ်​ငွေ ၁ဝဝ ​လောက်ကုန်ကျရင် ​ရောက်နိုင်တဲ့​ အမြန်​ချောပို့​စနစ်ကို အား​ကိုး​နေကြတာ ဖြစ်ပါတယ်။ ခု ဒီ အမြန်​ချောပို့​ခကို (၁ဝ) ဆ​လောက် မြှင့်​တင်လိုက်တဲ့​အတွက် ပြည်သူ​တွေ အခက်အခဲ ​တွေ့​နေကြပါပြီ။ ဒီ စာပို့​လုပ်ငန်း​နဲ့​ ပါတ်သက်ရင် ပုဂ္ဂလိက​တွေကို အပြိုင်အဆိုင်သ​ဘော ခွင့်​ပြု​ပေး​ထား​တာ မရှိ​လေ​တော့​ ပြည်သူ​တွေမှာ ​ရွေး​ချယ်ပိုင်ခွင့်​ မရှိပါဘူး​။ ​ရှေ့​မှာလည်း​ ဒီ လုပ်ငန်း​တွေကို ပြုပြင်​ပြောင်း​လဲဖို့​ဆိုတာ မ​တွေ့​မြင်နိုင်​သေး​ပါဘူး​။ ဒါ​တွေက စာတိုက်​ကြေး​နန်း​ ဝန်ကြီး​တာဝန်ယူထား​တဲ့​ ဦး​သိန်း​ထွန်း​ရဲ့​ လုပ်ကိုင်​ဆောင်ရွက်​နေပုံ ဖြစ်ပါတယ်။   လက်ရှိ ဒီဝန်ကြီး​ဌာန​တွေနဲ့​ ဝန်ကြီး​တွေရဲ့​ လုပ်ကိုင်​ဆောင်ရွက်ပုံ​တွေကိုကြည့်​ရင် အရင်စစ်အစိုး​ရလက်ထက်က ဝန်ကြီး​ဌာန​တွေ၊​ ဝန်ကြီး​တွေရဲ့​ လုပ်ကိုင်​ဆောင်ရွက်ပုံ​တွေနဲ့​ သိပ်ပြီး​ ထူး​ခြား​တာ မ​တွေ့​မြင်ရပါဘူး​။ ဒီအတွက် လက်ရှိ အစိုး​ရအဖွဲ့​သစ်က လူ​တွေဟာ အရင် စစ်အာဏာရှင်စနစ် လက်ထက်က တာဝန်ယူခဲ့​သူ​တွေပဲ ဖြစ်လို့​ လူ​တွေ မ​ပြောင်း​သလို ယ​နေ့​အချိန်ထိ လုပ်ပုံကိုင်ပုံ​တွေလည်း​ ​ပြောင်း​လဲလာတာ မ​တွေ့​မမြင်ရ​သေး​ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024