Home
သုံးသပျခကျြ
နိုင်ငံရေးပါတီတွေ ဘာဆက်လုပ်ကြမလဲ
DVB
·
May 26, 2011
ရွေး​ကောက်ပွဲပြီး​တာ တလ ​ကျော်ပါပြီ။ ပြည်​ထောင်စု ​ကော်မရှင်ဟာ ​ရွေး​ကောက်ပွဲ ရလဒ်​တွေ နဲ့​ပါတ်သက်ပြီး​ ဘယ်တိုင်း​နဲ့​ ပြည်နယ်၊​ ဘယ်မဲဆန္ဒနယ်​မြေ​တွေမှာ ဘယ်သူ​တွေ နိုင်တယ်ဆိုတာ သတင်း​စာ​တွေက​နေ တဆင့်​ ​ကြေညာခဲ့​ပါတယ်။ ဒါ​ပေမယ့်​ မဲဆန္ဒနယ်​မြေ​ပေါင်း​ ဘယ်​လောက် အတွက် ရလဒ်စာရင်း​တွေ ထုတ်ပြန်​ပေး​ခဲ့​ပြီလဲ၊​ ဘယ်ပါတီ​တွေက ဘယ်​လောက် အနိုင်ရသလဲ၊​ လက်ရှိ ​ကြေညာ ချက်​တွေဟာ ပြီး​ပြတ်ပြီလား​၊​ မပြီး​ပြတ်​သေး​ဘူး​လား​ ဆိုတာကို​တော့​ ထုတ်ပြန်​ကြေညာ တာ မလုပ်ခဲ့​ပါဘူး​။ စစ်အစိုး​ရ သတင်း​စာ​ကြေညာချက်​တွေကို စာရင်း​ပြုစုပြီး​ ဂျာနယ်​တွေမှာ ​ဖော်ပြဖို့​ တင်ပြတာကိုလည်း​ စာ​ပေစိစစ်​ရေး​က အကြိမ်ကြိမ် ပိတ်ပင် တား​မြစ်ခဲ့​ ပါတယ်။ ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာ ၅ ရက် တနင်္ဂ​နွေ​နေ့​ထုတ် သတင်း​စာ​တွေမှာ ကြံဖွံ့​ပါတီက သူတို့​ အနိုင်ရ​ကြောင်း​ ​ကြေငြာတဲ့​အခါမှသာ မဲဆန္ဒနယ်​မြေ စုစု​ပေါင်း​ (၁၁၅၄) ​နေရာမှာ ​ရွေး​ကောက်ပွဲ ကျင်း​ပခဲ့​ကြောင်း​ ပြည်သူ​တွေ သိခွင့်​ရခဲ့​ပါတယ်။ ခုလို စစ်အစိုး​ရရဲ့​ ​ရွေး​ကောက်ပွဲအ​ပေါ် သ​ဘောထား​၊​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ အ​ခြေအ​နေ၊​ စာ​ပေစိစစ်​ရေး​ရဲ့​ အ​ခြေအ​နေ​တွေ​အောက်မှာ တရား​ဝင် နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ အ​နေအထား​ ဘယ်လို ရှိ​နေပါသလဲ။ လော​လောဆယ် အဓိက အကျဆုံး​ပြဿနာက ဒီမိုကရက်တစ်အုပ်စုလို့​ ​ခေါ်တဲ့​ နိုင်ငံ​ရေး​ပါတီများ​ရဲ့​ ​ရွေး​ကောက်ပွဲရလဒ်အ​ပေါ် သ​ဘောထား​ဖြစ်ပါတယ်။ စစ်အစိုး​ရ အ​နေနဲ့​ ​ရွေး​ကောက်ပွဲကို သူတို့​ လိုချင်သလို ကျင်း​ပခဲ့​ပြီး​ ရလဒ်ကိုလည်း​ သူတို့​လိုချင်သလို ထုတ်ယူခဲ့​တယ်ဆိုတာ နိုင်ငံ​ရေး​ ပါတီ​တွေအား​လုံး​ သိကြပြီး​ဖြစ်ပါတယ်။ ​ရွေး​ကောက်ပွဲကျင်း​ပတဲ့​နေ့​ ရပ်ကွက်မဲရုံ​တွေက ရလာတဲ့​ မဲ ရလဒ် ​တွေကို မြို့​နယ်​ကော်မရှင်ရုံး​အသီး​သီး​မှာ တံခါး​ပိတ် ​ရေတွက်ခဲ့​ပါတယ်။ ​အောက်​ခြေ မဲရုံ​တွေရဲ့​ ရလဒ် ဘယ်လိုပဲဖြစ်​နေပါ​စေ လွှတ်​တော်ကိုယ်စား​လှယ်​လောင်း​တွေအပါအဝင် ဘယ်မျက်မြင် သက်​သေ တစ်စုံတစ်ဦး​ရဲ့​ ​ရှေ့​မှောက်မှာမှ မဟုတ်ပဲ တံခါး​ပိတ် ​ရေတွက်ပြီး​ ရလဒ် ​တွေကို တဖက်သတ် ​ကြေငြာခဲ့​ပါတယ်။ ဒါ​ပေမယ့်​လည်း​ ​ကော်မရှင်ရဲ့​ အဲဒီလုပ်ရပ်အ​ပေါ် နိုင်ငံ​ရေး​ ပါတီ​တွေ ဘက်က​နေ ​ရွေး​ကောက်ပွဲရလဒ် တစ်ခုလုံး​ကို အသိအမှတ်မပြု လက်မခံနိုင်ပါဘူး​ ဆိုပြီး​ တိတိကျကျ ​ကြေ ညာချက်ထုတ်ပြန်တာမျိုး​ လုံး​ဝ မရှိခဲ့​ပါဘူး​။ အ​ရွေး​ခံရတဲ့​ ကိုယ်စား​လှယ် တွေ အတွက် အသိ အမှတ်ပြုပြီး​ အ​ရွေး​မခံရတဲ့​သူ​တွေအတွက်ကို​တော့​ လက်မခံနိုင်​ကြောင်း​ ပါတီအား​လုံး​လိုလိုက ထုတ်​ဖော်​ပြောဆိုတာ​တွေ လုပ်ကြပါတယ်။ အဓိပ္ပာယ်က​တော့​ ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ တပိုင်း​က လက်ခံတယ်၊​ တပိုင်း​က လက်မခံဘူး​ ဆိုတဲ့​ နှစ်ခွသ​ဘောမျိုး​ ထား​နေတာပါ။ နိုင်ငံတကာက​ရော ပြည်သူ​တွေကပါ လက်မခံတဲ့​ စစ်အစိုး​ရရဲ့​ ​ရွေး​ကောက်ပွဲကို နိုင်ငံ​ရေး​ ပါတီ​တွေက ခုလို မပြတ်မသား​ လုပ်ခဲ့​တဲ့​အတွက် ပြည်သူ​တွေကိုယ်တိုင် စိတ်ပျက်လက်ပျက် ဖြစ်​နေတာကို ​တွေ့​ရပါတယ်။ ရွေး​ကောက်ပွဲမှာ တစ်စိတ်တစ်ပိုင်း​ အနိုင်ရတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ ​နောက်ထပ် ပြဿနာ တခုက​တော့​ ပါတီ​ခေါင်း​ဆောင်​တွေနဲ့​ ​ရွေး​ချယ်ခံ အမတ်​တွေရဲ့​ ဆက်ဆံ​ရေး​မ​ပြေလည်မှု ပြသနာဖြစ်ပါတယ်။ ​ရွေး​ကောက်ပွဲ ဝင်စဉ်ကတည်း​က နိုင်ငံ​ရေး​ပါတီ​တွေအ​နေနဲ့​ အချိန်မရတာ၊​ ပါတီကို ​လျော့​ရဲရဲ ဖွဲ့​စည်း​ခဲ့​တာ၊​ ကိုယ်စား​လှယ်​လောင်း​တွေကိုလည်း​ အဆင်​ပြေသလို ​ရွေး​ချယ်ထား​ခဲ့​တာ​တွေ​ကြောင့်​ စစ်အစိုး​ရ လွှတ်​တော်ထဲ ​ရောက်သွား​မယ့်​ အဲဒီ ​ရွေး​ကောက်ခံ ကိုယ်စား​လှယ်​တွေဟာ သက်ဆိုင်ရာပါတီ​တွေရဲ့​ ပါတီ လမ်း​စဉ်၊​ လုပ်ငန်း​စဉ်နဲ့​ ပါတီ​ခေါင်း​ဆောင်​တွေရဲ့​ လမ်း​ညွှန်ချက်ကို နာခံပါ့​မလား​ ဆိုတာကလည်း​ ​မေး​ခွန်း​ထုတ်စရာ ​ကောင်း​နေပြန်ပါတယ်။ လတ်တ​လောမှာ ပါတီကြီး​တခုမှာ ​ရွေး​ကောက်ခံ အမတ်​လောင်း​တစ်ချို့​နဲ့​ ပါတီ​ခေါင်း​ဆောင်​တွေ သ​ဘောထား​ကွဲလွဲမှု​တွေ ဖြစ်​ပေါ်​နေတာ ​တွေ့​ရပါတယ်။ ဒါ​ကြောင့်​ ဒီအ​ခြေအ​နေကို အခွင့်​ကောင်း​ ယူပြီး​ စစ်အစိုး​ရ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ပါတီတွင်း​ကိစ္စ​တွေကို ဝင်​ရောက်စွက်ဖက်မှု လုပ်လာ တာလည်း​ ​တွေ့​မြင်​နေရပါပြီ။ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ ​နောက်ထပ်ပြသနာကြီး​တစ်ခုက​တော့​ ပြည်သူလူထုကို စည်း​ရုံး​ခွင့်​၊​ တရား​ဟော​ပြောခွင့်​ စတာ​တွေ မရှိ​တော့​ခြင်း​ ဖြစ်ပါတယ်။ စစ်အစိုး​ရဟာ ​ရွေး​ကောက်ပွဲမတိုင်ခင် တုန်း​က​တော့​ နိုင်ငံ​ရေး​ပါတီ​တွေကို အကန့်​အသတ်​ပေါင်း​များ​စွာ ချမှတ်ပြီး​ စည်း​ရုံး​ဟော​ပြောခွင့်​ ပြုခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲပြီး​ ​နောက်ပိုင်း​မှာ​တော့​ ဒီအခွင့်​အ​ရေး​တွေ မ​ပေး​တော့​ပါဘူး​။ ဒီအတွက်လည်း​ နိုင်ငံ​ရေး​ပါတီ​တွေဟာ ပြည်သူ​တွေနဲ့​ ပိုမိုကင်း​ကွာလာပြီး​ ပါတီကြီး​ထွား​ ရှင်သန်ခွင့်​ပါ ထိခိုက်လာ​နေကြတာ ​တွေ့​ရပါတယ်။ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ ​နောက်ထပ်ကြီး​မား​တဲ့​ ပြဿနာကြီး​တခုက​တော့​ သူတို့​ရဲ့​ အသံ​တွေကို ပြည်တွင်း​မီဒီယာ​တွေမှာ လွတ်လွတ်လပ်လပ် ​ဖော်ပြခွင့်​ မရတာ ဖြစ်ပါတယ်။ ​ရွေး​ကောက်ပွဲ လုပ်ငန်း​ ​တွေ မစတင်ခင်တုန်း​က မြန်မာနိုင်ငံမှာ တရား​ဝင်ပါတီ​တွေအဖြစ် အန်အယ်လ်ဒီနဲ့​ အခြား​ပါတီ အနည်း​ ငယ်သာ ရှိပါတယ်။ ဒီပါတီ​တွေဟာ တရား​ဝင်ပါတီ​တွေ ဖြစ်​ပေမယ့်​လည်း​ ပါတီ လှုပ်ရှား​မှု​တွေ၊​ ပါတီ​ခေါင်း​ဆောင်​တွေရဲ့​ ​ပြောဆိုချက်​တွေကို ပြည်တွင်း​ထုတ် ပုဂ္ဂလိက ဂျာနယ်​တွေအပါအဝင် ဘယ်မီဒီယာ​တွေမှာမှ ​ဖော်ပြခွင့်​မ​ပေးဘဲ ပိတ်ပင်ထား​ခဲ့​ပါတယ်။ ​ရွေး​ကောက်ပွဲလုပ်ငန်း​ စတင်မယ်လို့​ ​ကြေငြာပြီး​တဲ့​ ​နောက်ပိုင်း​ကျမှသာ ​ရွေး​ကောက်ပွဲဝင်ဖို့​ မှတ်ပုံတင်ကြတဲ့​ ပါတီ​တွေရဲ့​ သတင်း​တွေ စတင် ​ဖော်ပြခွင့်​ပြုခဲ့​တာ ဖြစ်ပါတယ်။ ဒါဟာလည်း​ စစ်အစိုး​ရရဲ့​ တင်း​တင်း​ကြပ်ကြပ် စိစစ်ဖြတ်​တောက်မှု အောက်မှာ ​ဖော်ပြရတာဖြစ်ပြီး​ လုံး​ဝ လွတ်လပ်ခွင့်​ မရှိခဲ့​ပါဘူး​။ ဘာပဲဖြစ်ဖြစ် ပြည်တွင်း​ထုတ် ပုဂ္ဂလိက ဂျာနယ်စာမျက်နှာ​တွေထက်မှာ​တော့​ နိုင်ငံ​ရေး​ပါတီအ​ကြောင်း​တွေ၊​ နိုင်ငံ​ရေး​သမား​တွေရဲ့​ စကား​သံ​တွေကို စတင်မြင်​တွေ့​ခဲ့​ကြရတာဖြစ်ပါတယ်။ တကယ်​တော့​ ဒါဟာလည်း​ သိပ်​တော့​ မကြာခဲ့​ပါဘူး​။ ​ရွေး​ကောက်ပွဲပြီး​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​ပါတီ ​ခေါင်း​ဆောင် ​တွေက ​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်ပြီး​ တရား​မျှတမှု မရှိတဲ့​အ​ကြောင်း​၊​ မသမာမှု​တွေများ​တဲ့​ အ​ကြောင်း​ စတာ​တွေကို ​ပြောဆိုလာတဲ့​အခါမှာ​တော့​ စိစစ်ဖြတ်​တောက်မှု​တွေ ပြန်လည် များ​ပြား​ လာပြီး​ လုံး​ဝ ပိတ်ပင်သ​လောက်နီး​နီး​ အ​ခြေအ​နေကို ပြန်ဆိုက်သွား​ခဲ့​ပါတယ်။ ဒီအတွက် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေဟာ တရား​ဝင်ပါတီ​တွေ ဖြစ်​နေ​ပေမယ့်​ သူတို့​ ​ပြောဆို လုပ်ကိုင်သမျှ အ​ကြောင်း​အရာ​တွေကို​တော့​ တရား​ဝင်​ရေး​သား​ထုတ်​ဝေခွင့်​ မရ​တော့​ဘူး​ဆိုတဲ့​ သ​ဘော ဖြစ်သွား​ပါတယ်။ ဒါဟာ အရင် အန်အယ်လ်ဒီ ပါတီကို စစ်အစိုး​ရ ဆက်ဆံတဲ့​နည်း​နဲ့​ ထပ်တူပဲ ဖြစ်ပါတယ်။ အခြား​တဖက်မှာလည်း​ ​ရွေး​ကောက်ပွဲဝင်ပါတီ တချို့​ဟာ စစ်အစိုး​ရရဲ့​ နိုင်ငံ​ရေး​ဆိုင်ရာ ထုတ်​ဝေခွင့်​တွေ ရရှိထား​ပေမယ့်​ ​ငွေ​ရေး​ကြေး​ရေး​၊​ အ​ကြောက်တရား​အပြင် အခြား​သော အ​ကြောင်း​ တွေ​ကြောင့်​ ထိ​ရောက်တဲ့​ စာ​စောင်စာတမ်း​တွေ ထုတ်​ဝေနိုင်ခြင်း​ မရှိပါဘူး​။ ခြုံပြီး​ပြောရရင် စစ်အစိုး​ရဟာ သူတို့​ လုပ်ချင်တဲ့​ ​ရွေး​ကောက်ပွဲအတွက် နိုင်ငံ​ရေး​ပါတီ​တွေကို အသုံး​ချလိုက်ခြင်း​သာ ဖြစ်ပြီး​ ​ရွေး​ကောက်ပွဲပြီး​သွား​တဲ့​အခါ တရား​ဝင်နိုင်ငံ​ရေး​ပါတီ​တွေ အဖြစ်က​နေ မပယ်ဖျက်လိုက်ရုံတမယ် အသက်မရှင်နိုင်​အောင် ထား​လိုက်တာမျိုး​ ဖြစ်ပါတယ်။ အဲဒီ ပါတီ​တွေရဲ့​ လွှတ်​တော်ထဲ ​ရောက်သွား​တယ် ဆိုတဲ့​ အရည်အတွက်ဟာလည်း​ စစ်သား​တွေအပါအဝင် ပြည်​ထောင်စုလွှတ်​တော် ကိုယ်စား​လှယ် စုစု​ပေါင်း​ရဲ့​ ၁ဝ ရာခိုင်နှုန်း​တောင် မရှိပါဘူး​။ ဒီအတွက် ပြည်​ထောင်စု လွှတ်​တော်ထဲမှာလည်း​ ဘာမှ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး​။ ဒီလိုအ​ခြေအ​နေ​တွေ​အောက်မှာ ဒီမိုက​ရေစီ လိုလား​ပါတယ်ဆိုတဲ့​ နိုင်ငံ​ရေး​ပါတီ​တွေဟာ ပါတီ စတင်တည်​ထောင်စဉ်က ပြည်သူလူထု​တွေကို ​ပေး​ထား​တဲ့​ ကတိ​တွေကို ပြန်လည်သတိရဖို့​ လိုပါတယ်။ ပြည်သူလူထုကို ဘာမှ အလုပ်အ​ကျွေး​ မပြုနိုင်ပဲ စစ်အာဏာရှင် အစိုး​ရက​နေ အရပ်ဝတ် အာဏာရှင် အစိုး​ရအဖြစ်ကို ​ပြောင်း​လဲမယ့်​ အ​ရေး​မှာ ဇာတ်ပို့​ဇာတ်ရံအ​နေနဲ့​ အသုံး​တော် မခံကြပဲ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ အ​ကောင်အထည် ​ဖော်​နေတဲ့​ နိုင်ငံ​ရေး​လမ်း​ကြောင်း​ထဲ ပါဝင်ပူး​ပေါင်း​သင့်​ပါတယ်၊​၊​ လူထုဘက်ကို မျက်နှာမူတဲ့​ နိုင်ငံ​ရေး​လုပ်ဖို့​ အချိန်တန်ပြီ ဖြစ်ပါတယ်၊​၊
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024