မန်ယူပစ်မှတ် ရာမို့စ် အသင်းမပြောင်းဟု ရီးရဲလ် နည်းပြပြော

1.5K
နောက်တန်းသမား ဆာဂျီ ရာမို့စ်အနေနဲ့ ဒီနှစ် နွေရာသီမှာ အသင်းပြောင်းဖို့ မရှိသေးဘူးလို့ စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ် နည်းပြ ရာဖေလ်း ဘင်နီတတ်ဇ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အသင်းရဲ့အနာဂတ် အစီအစဉ်တွေနဲ့ ပက်သက်လို့ ဘင်နီတတ်ဇ်က နောက်တန်းသမားကို ပြောပြထားတယ်လို့လည်း ဆိုပါတယ်။
ရီးရဲလ် အသင်း ဥက္ကဋ္ဌကလည်း ရာမို့စ်အနေနဲ့ အသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ပြောဆိုထားပါတယ်။
ရာမို့စ်ကို အင်္ဂလန်ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်က ပေါင် ၂၈ သန်းပေးပြီး ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ရီးရဲလ်အသင်းက ပယ်ချ ထားပါတယ်။
အပြန်အလှန်အနေနဲ့ ရီးရဲလ်ကလည်း မန်ယူ ဂိုးသမား ဒီဂီယာကို လိုချင်နေတာပါ။
အသက် ၂၉ နှစ် စပိန်နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်အသင်းရဲ့ အဓိက ကစားသမား တဦးဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ လာလီဂါဖလား ၃ ကြိမ် ရရှိထားပါတယ်။
၂၀၀၅ ခုနှစ်မှာ ရာမိုစ်ဟာ ရီးရဲလ်ကို ရောက်ရှိပြီး အသင်းအတွက် ၄၄၅ ပွဲ ကစားပေးထားပါတယ်။ စပိန်လက်ရွေးစင်အသင်းအတွက်တော့ ၁၂၈ ပွဲ ကစားပေးထားပါတယ်။