အပြစ်မရှိဟု ဖမ်းဆီးခံ ဖီဖာ ဒုဥက္ကဋ္ဌဟောင်းပြော

ဂျက်ဖရီ ၀က်ဘ် (ဓာတ်ပုံ - PA)
709
အကျင့်ပျက် ခြစားမှုတွေနဲ့ တရား ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဒုဥက္ကဋ္ဌဟောင်း ဂျက်ဖရီ ၀က်ဘ်က အပြစ်မရှိဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဆွစ်ဇာလန်ကနေ အမေရိကန်ပြည်ထောင်စု နယူးယောက်ကို အရင်ရက်ပိုင်းက လွဲပြောင်းပေးခဲ့ပြီး အဂတိလိုက်စားမှုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေစဉ် စီးပွား ရေး ကုမ္ပဏီတွေက ၀ယ်ယူရတဲ့ ဒေါ်လာ သန်းချီတန်တဲ့ ကြော်ညာနဲ့ ပတ်သက်ပြီး မသမာမှုတွေ လုပ်ဆောင်တယ်ဆိုတဲ့ စွဲချက်နဲ့ ဆွစ်ဇာလန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
နယူးယောက်မြို့တရားရုံးက အာမခံကြေး ဒေါ်လာ ၁၀သန်းနဲ့ ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။