A d v e r t i s e m e n t With Us

ရှမ်းပြည်တောင်ပိုင်းတွင် အာဏာပိုင်များကို ငွေပေးပြီး ဘိန်းစိုက်ပျိုး

ရှမ်း​ပြည်​တောင်ပိုင်း​မှာ နယ်​မြေခံပြည်သူ့​စစ်နဲ့​ အာဏာပိုင် စစ်တပ်​တွေကို ​ငွေ​ပေး​ပြီး​တော့​ ​ဒေသခံ​တွေ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​ကို အ​တော်များ​များ​ လုပ်ကိုင်​နေကြပါတယ်။ ရှမ်း​ပြည်​တောင်ပိုင်း​ နမ့်​စန်၊​ လွိုင်လင်၊​ မိုင်း​ပွန်၊​ ပင်လုံ၊​ ဆီဆိုင်၊​ ဟိုပုံး​၊​ လင်း​ခေး​ စတဲ့​ ​ဒေသဘက်က ​ဒေသခံ ဘိန်း​တောင်သူ​တွေဟာ နယ်​မြေခံပြည်သူ့​စစ်နဲ့​ အာဏာပိုင်​တွေကို ​ငွေ​ပေး​ပြီး​ ဘိန်း​စိုက်ပျိုး​ရေး​လုပ်ငန်း​ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်​နေပါတယ်။ တချို့​နေရာမှာ စစ်တပ်ကို တဧက ၅ ​သောင်း​က​နေ ၈ ​သောင်း​အထိ မြို့​နဲ့​ အနီး​အ​ဝေး​ပေါ် မူတည်ပြီး​ ​ပေး​ရသလို ပြည်သူ့​စစ်နဲ့​ နီး​စပ်တဲ့​ဘက်မှာ​တော့​ ထွက်ရှိလာတဲ့​ ဘိန်း​ပိဿာချိန်ကို လိုက်ပြီး​ ​ပေး​နေရတယ်လို့​ နမ့်​စမ်မြို့​နယ်ဘက်က ​ဒေသခံတဦး​က ​ပြောပါတယ်။ “အခုလုပ်တာက​တော့​ ​တောင်သာ ပအို့​ဝ်၊​ လီ​ရှော အကုန်လုံး​လုပ်တာပဲ။ အဲဒီဟာ မလုပ်ရင်လည်း​ ပိုက်ဆံက မရဘူး​။ ရိုး​ရိုး​အလုပ်လည်း​ မရှိဘူး​။ ဘိန်း​စိုက်တာက တရွာလုံး​ အိမ်တိုင်း​ပဲ စိုက်​နေတာပဲ။ စစ်သား​ပအိုဝ် သူတို့​နယ်​မြေ​လေ ၂ ဖွဲ့​တောင်ရှိတယ် ပအို့​ဝ်နီနဲ့​ ပအို့​ဝ်ဖြူ။ ၁ ပိဿာ​လောက်ရရင် သူတို့​ကို ၅ ​သောင်း​လောက် ​ပေး​ရတယ်။” ဘိန်း​စိုက်ပျိုး​ရေး​ကို ​ဒေသခံ​တွေတင်မက နယ်စပ်ဘက်က တရုတ်လူမျိုး​တွေပါ ​မြေဧက ရာနဲ့​ချီပြီး​တော့​ လာပြီး​ ဝယ်ယူလုပ်ကိုင်ကြတယ်။ ဘိန်း​စိုက်ပျိုး​မယ်ဆိုရင် အရင်း​နှီး​က တဧကကို ကျပ်ဆယ်သိန်း​လောက်ရှိမှ ဖြစ်တဲ့​အတွက် ကိုယ်တိုင် မစိုက်နိုင်သူ​တွေက​တော့​ ဘိန်း​ခင်း​မှာ ​နေ့​စား​ အလုပ် သွား​လုပ်ကြပြီး​ ဘိန်း​ခြစ်တဲ့​ ရာသီဆိုရင် လုပ်အား​ခ ပိုရတယ်လို့​ ပင်လုံမြို့​ခံတဦး​က ​ပြောပါတယ်။ တ​နေ့​ကို ကျပ်တ​သောင်း​အထိရ​တော့​ အထက်တန်း​နဲ့​ တက္ကသိုလ် ​ကျောင်း​သူ​ကျောင်း​သား​တွေ၊​ စစ်သား​မိန်း​မနဲ့​ သား​သမီး​တွေလည်း​ လုပ်ကြတယ်လို့​ ဆိုပါတယ်။ မြန်မာနိုင်ငံအစိုး​ရက မူး​ယစ်​ဆေး​ဝါး​ပ​ပျောက်​ရေး​စီမံကိန်း​ကို ၁၉၉၉ ခုနှစ် က​နေ ၂၀၁၄ ခုနှစ်အထိ ၁၅ နှစ်စီမံကိန်း​နဲ့​ အ​ကောင်အထည်​ဖော်​နေတယ်လို့​ နိုင်ငံပိုင်သတင်း​နဲ့​ မီဒီယာ​တွေမှာ မကြာခဏ ​ဖော်ပြ​နေ​ပေမယ့်​လည်း​ ​ဒေသထဲမှာ​တော့​ ဘိန်း​စိုက်ပျိုး​မှု၊​ ​ရောင်း​ဝယ်မှု၊​ မူး​ယစ်​ဆေး​သုံး​စွဲမှုနှုန်း​တွေ မြင့်​နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့​ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့​ ရာဇဝတ်မှုဆိုင်ရာရုံး​ရဲ့​ ၂၀၁၀ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာမှာလည်း​ ကမ္ဘာမှာ မြန်မာနိုင်ငံဟာ ဘိန်း​စိုက်ပျိုး​မှု ဒုတိယ အများ​ဆုံး​ နိုင်ငံဖြစ်ပြီး​ စိတ်ကြွ​ဆေး​ထုတ်လုပ်မှုက​တော့​ အ​ရှေ့​တောင်အာရှ နိုင်ငံ​တွေထဲမှာ စတုထ္ထအများ​ဆုံး​နိုင်ငံလို့​ ​ဖော်ပြသွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up