A d v e r t i s e m e n t With Us

အာဆင်နယ် အာရှ ဘာကလေဖလား ဗိုလ်စွဲ (ရုပ်သံ)

စင်ကာပူမှာ ကျင်းပနေတဲ့ အာရှ ဘာကလေဖလား ပြိုင်ပွဲမှာ အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်က အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဇူလိုင် ၁၈ ရက်က စင်ကာပူနိုင်ငံ အမျိုးသားအားကစားကွင်းမှာ ပရိသတ် ၅ သောင်းကျော် လာရောက်ကြည့်ရှုခဲ့တဲ့ ဒီပွဲမှာ သီယိုဝေါလ်ကော့က ပထမပိုင်း ၂၁ မိနစ်မှာ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ်မှာတော့ ဆန်တီ ကာဇိုလာနဲ့ ၆၄ မိနစ်မှာတော့ အိုဇေးတို့က ၁ ဂိုးစီထပ်မံသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်အတွက် နှစ်သိမ့်ဂိုးကိုတော့ ၇၆ မိနစ်မှာ ရိုစ်ဘာကလေက သွင်းယူသွားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့သွားတဲ့ ဂိုးသမား ပီတာချက်ကလည်း ပထမဆုံး ပါဝင်ကစားခဲ့ပြီး ဒီပွဲဟာ မမေ့နိုင်စရာ ဖြစ်တယ်လို့ ပြောပါတယ်။ ဇူလိုင် ၁၅ ကနေ ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားတဲ့ အာရှ ဘာကလေဖလားဘောလုံးပြိုင်ပွဲမှာ အာဆင်နယ်၊ အဲဗာတန်၊ စတုတ်နဲ့ စင်ကာပူအသင်းတို့ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ အာရှဘာကလေဖလားပြိုင်ပွဲကို တရုတ်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ ဟောင်ကောင်တွေမှာ ၂ နှစ်တကြိမ် ကျင်းပလေ့ရှိပြီး ဒီပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းဟာ အအောင်မြင်ဆုံး အသင်းတသင်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up