A d v e r t i s e m e n t With Us

မွတ်စလင်သုသာန် သင်္ဂြိုဟ်ခွင့်ပိတ်ပင်

မန္တ​လေး​တိုင်း​ အမရပူရမြို့​နယ် ဦး​ပိန်တံတား​အနီး​က ​ရှေး​ဟောင်း​မွတ်စလင်သင်္ချိုင်း​ကို ​မြေမြှုပ်ခွင့်​တား​ဆီး​ထား​တာကို ပြန်လည် ရုပ်သိမ်း​ပေး​ဖို့​ မွတ်စလင်ဘာသာဝင်​တွေက မန္တ​လေး​တိုင်​ဒေသကြီး​ အစိုး​ရကို ​တောင်း​ဆိုလိုက်ပါတယ်။ စည်ပင်သာယာက သင်္ဂြိုဟ်ခွင့်​ ပိတ်ပင်ခဲ့​တာ​ကြောင့်​ အပြီး​အပိုင် သိမ်း​ပိုက်သွား​မှာကိုလည်း​ မွတ်စလင်ဘာသာဝင်​တွေက စိုး​ရိမ်​နေကြပါတယ်။ နာမည်​ကျော် ဦး​ပိန်တံတား​အနီး​က နှစ်​ပေါင်း​ ၂၅၀ ခန့်​က တည်ရှိတဲ့​ ဒီမွတ်စလင်သုသာန်မှာ လွန်ခဲ့​တဲ့​ဧပြီလက မြို့​နယ်စည်ပင်သာယာက သင်္ဂြိုဟ်ခွင့်​ ပိတ်ပင်ခဲ့​ပါတယ်။ အဲဒီသုသာန်မှာ နိုင်ငံ့​ဂုဏ်​ဆောင်ပုဂ္ဂိုလ်​တွေရဲ့​ အုတ်ဂူ​တွေလည်း​ ရှိ​နေပါတယ်။ နာမည်​ကျော် ဦး​ပိန်တံတား​ကို ​ဆောက်လုပ်ခဲ့​တဲ့​ ရာတနာ့​သိင်္ခမဟာရာဇာဝင် ဦး​ပိန်ရဲ့​အုတ်ဂူ၊​ အမရပူရ​ခေတ် စာဆို​တော်ကြီး​ရဲ့​အုတ်ဂူ၊​ အိန္ဒိယနိုင်ငံ မင်း​မျိုး​မင်း​နွယ် တဦး​ရဲ့​ အုတ်ဂူ၊​ ​ရှေး​ဘုရင်လက်ထက် အပ်ချုပ်အမှုထမ်း​တွေနဲ့​ အ​မြှောက် အမှုထမ်း​တွေရဲ့​ အုတ်ဂူ​တွေ၊​ ကိုယ်ရန်​တော်အမှုထမ်း​တွေရဲ့​ အုတ်ဂူ​တွေ ပါဝင်ပါတယ်။ ငါး​ဧကဝန်း​ကျင်ခန့်​ ကျယ်ဝန်း​တဲ့​ သုသာန်ထဲမှာ ဗလီ၊​ သရဏဂုံတင်​ပေး​တဲ့​ အ​ဆောက်အဦ၊​ ဆု​တောင်း​ပေး​တဲ့​ ဆရာ​တွေ​နေထိုင်တဲ့​ အ​ဆောက်အဦ​တွေလည်း​ ရှိ​နေပြီး​ ဂူသွင်း​သင်္ဂြိုဟ်ခွင့်​ ပိတ်ထား​တာ နှစ်အတန်ကြာပြီလို့​ မွတ်စလင်တဦး​က ​ပြောပါတယ်။ “ဒီသုသာန်မှာ သင်္ဂြိုဟ်ခွင့်​ကိစ္စကို ပိတ်တယ်ဆိုပြီး​တော့​ စည်ပင်က လုပ်ပစ်လိုက်​ရော။ အဲဒီ ကြာနီကန်သင်္ချိုင်း​မှာ သွား​ရောက် သင်္ဂြိုဟ်ရမယ်လို့​ ​ပြောတယ်။ ကြာနီကန် သင်္ချိုင်း​မှာ သဂြိုဟ်ရင် စရိတ်အရ ၃-၄-၅ သိန်း​ရှိတယ်။ မန္တ​လေး​မှာ ထုံး​စံတခု ရှိတယ်ဗျ။ အဲဒီလိုသင်္ဂြိုဟ်ခွင့်​ ပိတ်ပင်ပြီး​ ၃-၄ လဆိုရင် အဲဒီသုသာန်ကို အပြတ်ရှင်း​ပစ်လိုက်တာ။ အဲဒီ​မြေကြီး​ကို အစိုး​ရက သိမ်း​ပစ်လိုက်​ရော။ အမရပူရမြို့​နယ် လူထုကလည်း​ ပိတ်ပင်တာကို လုံး​ဝ မ​ကျေနပ်ဘူး​ပေါ့​။ သင်္ဂြိုဟ်ခွင့်​ ပြန်​ပေး​ဖို့​အတွက်ကို မန္တ​လေး​တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ဆီကို ​တောင်း​ဆိုထား​တာ။ အစ္စလာမ်ဘာသာ​ရေး​ဆိုင်ရာ အဖွဲ့​ကြီး​ ၄ ဖွဲ့​ဆီကိုလည်း​ စာ​တွေတင်ပြီး​ အကူအညီ ​တောင်း​ထား​တယ်။” အလား​တူ ဒီနှစ်ဆန်း​ပိုင်း​တုန်း​က ပဲခူး​မြို့​ရှိ နှစ်​ပေါင်း​ ၁၂၀ ​ကျော် သက်တမ်း​ရှိတဲ့​ မွတ်ဆလင်သုသာန်တခုကိုလည်း​ စည်ပင်သာယာက မြှုပ်နှံခွင့်​ ပိတ်ပင်ခံရပြီး​ မကြာ​သေး​ခင်က​တော့​ စည်ပင်သာယာက ဒီ​မြေကို သိမ်း​ဆည်း​ လိုက်ပြီလို့​ ​ကြေညာခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up