ကယ်လီဖိုးနီးယား တောမီး ကားများကို ကူးစက်လောင်ကျွမ်း (ရုပ်သံ)

1.6K
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ ဇူလိုင် ၁၇ ရက်နေ့က အဝေးပြေးကားလမ်းဘေး တောမီးက ကားတွေကို ကူးစက်လောင်ကျွမ်းလို့ ကားအစီး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
ဒီအဝေးပြေးလမ်းဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မြို့နဲ့ နီဗားဒါးပြည်နယ် လာ့စ်ဗေးကပ်မြို့ကို ဆက်သွယ်တဲ့ အဝေးပြေးကားလမ်းဖြစ်ပါတယ်။ ရုံးအားလပ်ရက် ခရီးသွားတွေနဲ့ စည်ကားနေချိန်မှာ ဖြစ်ပွားခဲ့လို့ ကားလမ်းလည်း ပိတ်ဆို့ခဲ့ပါတယ်။
လူထိခိုက်မှုတော့မရှိခဲ့ဘဲ မီးသတ်ရဟတ်ယာဉ်နဲ့ ဓာတုရည်တွေလောင်းပြီး မီးငြိမ်းသတ်ခဲ့ရတာပါ။
ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၄ နှစ်ဆက်တိုက် မိုးခေါင်ရေရှားဖြစ်နေလို့ တောမီးတွေ ပိုလောင်ကျွမ်းနေတာ ဖြစ်ပါတယ်။