A d v e r t i s e m e n t With Us

တောင်ကိုရီးယား ကမ်းခြေမြို့က ရွှံ့ပွဲတော် (ရုပ်သံ)

တောင်ကိုရီးယားမှာ ရွှံ့ပွဲတော်ကို ကမ်းခြေမြို့ဖြစ်တဲ့ ဗော်ရီယောင်းမြို့မှာ ဇူလိုင် ၁၇ ရက်နေ့က စတင်ကျင်းပပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက လူ ၃ သန်း ၂ သိန်းလောက် ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။ ဆိုးလ်ကနေ အနောက်တောင်ဘက် မိုင် ၁၂၀ အကွာမှာ ရှိတဲ့ မြို့မှာ ကျင်းပတဲ့ ထူးထူးခြားခြားပွဲတော်မှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နိုင်ငံခြားသားတွေလည်း သွားရောက်နေကြပါတယ်။ အသက် ၂၂ နှစ်အရွယ် အန်းယွန်းက ရွှံ့ပွဲတော်မှာ ပါဝင်ဆင်နွှဲရတာ ပျော်စရာလည်း ကောင်း၊ အစားအသောက်ကောင်းတွေလည်း စားရ၊ နိုင်ငံခြားသားတွေနဲ့လည်း တွေ့ဆုံရလို့ ပျော်စရာကောင်းတယ်လို့  ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု လက်ဗီးဂက်စ်က  လာတဲ့ ဒါရစ် ကာတစ်ကလည်း  ကစားနည်းက နည်းနည်း ကြမ်းပေမယ့် လူယဉ်ကျေးတွေချည်းဖြစ်လို့ ပျော်စရာကောင်းပါတယ်လို့ ပြောပါတယ်။ မြိုတော်ဝန် ကင်ဒေါင်အီကလည်း  ဗော်ရီယောင်းမြို့က  စတင်လိုက်တဲ့ ပျော်ပွဲရွှင်ပွဲဟာ ကမ္ဘာကို ပျံ့နှံ့ဖို့အထိ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ရွှံ့ပွဲတော်ကို ဇူလိုင်လ ၂၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up