A d v e r t i s e m e n t With Us

အန်အယ်လ်ဒီသွေးလှူအဖွဲ့ သွေးလှူခွင့် ငြင်းပယ်ခံရ

တနင်္သာရီတိုင်း​ ​ကော့​သောင်း​မြို့​နယ် အမှတ် ၁၃ ကုတင် ၁၀၀ ဆန့်​ စစ်​ဆေး​ရုံတာဝန် ရှိသူ​တွေက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​သွေး​လှူ လူငယ်အဖွဲ့​ရဲ့​ ​သွေး​လှူဒါန်း​မှုကို လက်မခံဘဲ ငြင်း​ပယ်လိုက်ပါတယ်။ အဖွဲ့​ချုပ် ​ကော့​သောင်း​ လူငယ်​သွေး​လှူ​ရေး​အဖွဲ့​ဝင် ၅ ဦး​ မ​နေ့​ ​မေလ ၂၄ ရက်​နေ့​က ​သွေး​သွား​လှူရာမှာ ငြင်း​ပယ်ခံရတာပါ။ အဖွဲ့​ချုပ်​သွေး​လှူအဖွဲ့​တွေ လာ​ရောက်လှူဒါန်း​ရင် လက်မခံဖို့​ အထက်က ညွှန်ကြား​ထား​တယ်လို့​ ​ဆေး​ရုံတာဝန်ရှိသူ​တွေက ​ပြောတဲ့​အ​ကြောင်း​ ​ကော့​သောင်း​မြို့​နယ် အဖွဲ့​ချုပ်ဝင် ကိုမြင့်​မောင်က ​ပြောပါတယ်။ ဒါ့​ကြောင့်​ အန်အယ်ဒီအ​နေနဲ့​ လှူခွင့်​မရဘဲ သာမန်ပြည်သူတ​ယောက်အ​နေနဲ့​သာ လှူခဲ့​ရတယ်လို့​ ​ပြောပါတယ်။ “လူနာရဲ့​ အသက်တ​ချောင်း​ကို ဦး​စား​မ​ပေး​ဘဲနဲ့​ ကျ​နော်တို့​ အဖွဲ့​အ​ပေါ်မှာ အာဃာတ စိတ်နဲ့​ အန်အယ်လ်ဒီ​သွေး​ကို မယူဘူး​ဆိုတဲ့​ ပုံစံမျိုး​ ​ပြောလာ​တော့​ ဒီအ​ပေါ်မှာ စိတ်က​တော့​ အ​နှောင့်​အယှက် ဖြစ်မိတာ​ပေါ့​နော်။ ဒါ​ပေမယ့်​ လူနာရဲ့​ အ​ခြေအ​နေကလည်း​ ​တော်​တော်ကြီး​ကို ​သွေး​လိုအပ်တဲ့​ အ​ခြေအ​နေမျိုး​ ဖြစ်​နေ​တော့​ ​နောက်ဆုံး​မှာ ကျ​နော်တို့​ ညှိနှိုင်း​ပြီး​တော့​ သာမန်​သွေး​အလှူရှင်တဦး​အ​နေနဲ့​ပဲ လှူဒါန်း​ခဲ့​ပါတယ်။” လူငယ် ​သွေး​ကူညီ​ရေး​အဖွဲ့​ဟာ အဖွဲ့​ချုပ်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်လာကတည်း​က လူငယ်​တွေ စု​ပေါင်း​ပြီး​ စတင်​သွေး​လှူ​ရေး​ လုပ်ငန်း​တွေ လုပ်ကိုင်ရာက​နေ အခုလို တား​မြစ်ခံရတာ ဖြစ်ပါတယ်။ ဒီလ ၂၃ ရက်​နေ့​က တနင်္သာရီတိုင်း​ ဝန်ကြီး​ ဦး​ခင်​ဇော်ဦး​ ​ကော့​သောင်း​မြို့​ ​ဆေး​ရုံကို ဝင်စစ်​ဆေး​ခဲ့​ရာမှာ ​သွေး​အလှူရှင်​တွေဟာ အဖွဲ့​ချုပ်လူငယ်​တွေ အများ​စုဖြစ် ​နေတာ ​တွေ့​ရှိပြီး​ ဝန်ထမ်း​တွေ ကြိမ်း​မောင်း​ခံရပြီး​နောက် အခုလို တား​မြစ်ဖို့​ ညွှန်ကြား​ ချက်ထွက် ​ပေါ်လာတာဖြစ်ပါတယ်။   အင်မတန်မွန်မြတ်တဲ့​ ​သွေး​လှူဒါန်း​မှုကို ငြင်း​ပယ်တဲ့​လုပ်ရပ်ဟာ မဖြစ်သင့်​ပါဘူး​လို့​ ကိုမြင့်​မောင်က ​ပြောပါတယ်။ “တ​ယောက်နဲ့​ တ​ယောက် သံသယစိတ်​တွေ၊​ ခွဲခြား​ဆက်ဆံတဲ့​ဟာ​တွေ၊​ ယုံကြည်မှု မရှိတဲ့​ဟာ​တွေ​ကြောင့်​သာလျှင် အမျိုး​သား​ရင်ကြား​စေ့​ရေး​က ကြန့်​ကြာ​နေရ တာ။ အဲဒီ​တော့​ ကျ​နော်တို့​က တူညီတဲ့​ ​နေရာက​နေပြီး​တော့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ ​ရောက်​အောင် တ​ယောက်နဲ့​ တ​ယောက် သံသယစိတ်​တွေ မရှိ​အောင်၊​ ယုံကြည်မှု​တွေ ရ​အောင်ဆိုပြီး​တော့​ ရည်ရွယ်ချက်နဲ့​ ဒီလုပ်ငန်း​ကို အ​ကောင်အထည် ​ဖော်ကြတာပါ။ သမ္မတဦး​သိန်း​စိန်ကလည်း​ ဘယ်လိုပဲဖြစ်ဖြစ် တူတဲ့​ဟာ​တွေကို ကျ​နော်တို့​ ပြည်သူ​တွေအတွက် ပူး​ပေါင်း​ပြီး​တော့​ လုပ်ကြမယ်လို့​ ​ပြောထား​တော့​ ဒီလိုမျိုး​ ​အောက်​ခြေမှာ လူမှု​ရေး​ကိစ္စကို ခွဲခြား​ဆက်ဆံပြီး​တော့​ လက်မခံဘူး​ ဆိုပြီး​တော့​ လုပ်လာတဲ့​အ​ပေါ်မှာ ကျ​နော်တို့​ ​တော်​တော် စိတ်မ​ကောင်း​ ဖြစ်မိပါတယ်။” အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လူငယ်​သွေး​ကူညီ​ပေး​ရေး​အဖွဲ့​ဟာ ရန်ကုန် အပါအဝင် တိုင်း​နဲ့​ပြည်နယ်​တွေမှာ အဖွဲ့​ဝင်​တွေရှိပြီး​ အရပ်ဘက်​ဆေး​ရုံ​တွေမှာ​ရော စစ်​ဆေး​ရုံ​တွေမှာ လှူဒါန်း​နေကြတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့​က ​သွေး​အကူ​ပေး​ရေး​အဖွဲ့​ကို ကူညီသူ ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်ကို အစိုး​ရက ဧပြီလဆန်း​တုန်း​က ဖမ်း​ဆီး​ပြီး​ အီလက်ထ​ရောနစ် အက်ဥပ​ဒေနဲ့​ အင်း​စိန်​ထောင်တွင်မှာ ချုပ်​နှောင် တရား​စွဲဆိုထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up