A d v e r t i s e m e n t With Us

ကုန်းတွင်းဆိပ် တည်ဆောက်ရန် ကုမ္ပဏီ ၅ ခုကို ရွေးချယ်

ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး (ရွာသာကြီး) နဲ့ မန္တလေးတိုင်း ဒေသကြီး (မြစ်ငယ်) တို့မှာ ကုန်းတွင်းဆိပ်တွေ  တည်ဆောက်ဖို့  အလားအလာရှိတဲ့  ကုမ္ပဏီ ၅ ခုကို  စိစစ်ရွေးချယ်လိုက်တယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ဇူလိုင် ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကုမ္ပဏီတွေကတော့   KERRY Logistics Network၊ Resources Group Logistics Co.,Ltd၊ KMA Shipping Co.,Ltd၊ Malikha Shipping Co.,Ltd ၊ UMG Logistics Co.,Ltd တို့ ဖြစ်ပါတယ်။ ရွေးချယ်ခံထားရတဲ့ ကုမ္ပဏီ ၅ ခုဟာ အဆိုပြုလွှာတွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အရည်အချင်းပြည့်ပြီး အလားအလာ  အရှိဆုံး ကုမ္ပဏီ ၂ ခု ကို  နောက်ဆုံး ရွေးချယ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကုန်းတွင်းဆိပ်မရှိသေးပါဘူး။ ဒီစီမံကိန်း ၂ ခုဟာ  မြန်မာနိုင်ငံ အထက်ပိုင်းဒေသနဲ့ အောက်ပိုင်းဒေသတို့ ကုန်စည်စီးဆင်းမှု အဆင်ပြေစေဖို့ အဓိက ရည်ရွယ်တာဖြစ်ပြီး ပင်လယ်ရေကြောင်းကို ကုန်စည်ချိတ်ဆက် ပို့ဆောင်မှုအတွက် အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ မိုင် ၄ဝဝ ကျော် ကွာဝေးတဲ့ ဒီကုန်းတွင်းဆိပ် ၂ ခုဆာက်လုပ်ပြီးသွားရင် ကုန်သေတ္တာ တင်ဆောင် ပြေးဆွဲတာကို နိုင်ငံတကာအဆင့် စံနှုန်းနဲ့ ကိုက်ညီတဲ့ သီးသန့် ကုန်သေတ္တာ တင်ရထားတွေနဲ့ ပြေးဆွဲပေးသွားမယ်လို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up