A d v e r t i s e m e n t With Us

ပီရူး ရှိ သီးခြားမျိုးနွယ်စုများနှင့် ဆယ်သွယ်သည့် ရုပ်သံဖိုင်ထွက်ပေါ် (ရုပ်သံ)

ပီရူးဗီယန် အမေဇုန်လို့ ခေါ်တဲ့ ပီရှုးနိုင်ငံ အမေဇုန်တောထဲမှာ နေထိုင်တဲ့ သီးခြား လူမျိုးစု တစုကို ကြိုးစားဆက်သွယ်နေတဲ့ ရုပ်သံကို ပီရှုး အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ အဆင့်မြင့် နည်းပညာတွေရဲ့ ဆွဲဆောင်မှုကြောင့် သီးခြားလူမျိုးစုတွေဟာ ရွာနဲ့ ခရီးသွားတွေ နေထိုင် တည်းခိုတဲ့ စခန်းနဲ့ နီးစပ်လာတယ်လို့ ဆိုပါတယ်။ သီးခြားနေထိုင်နေတဲ့အတွက် ဒီလူမျိုးစုတွေဟာ ဒီနေ့ ဖြစ်ပွားနေတဲ့ ရောဂါဘယတွေကို ခံနိုင်ရည်မရှိပါဘူး။ ဒီအတွက် ပီရူး ယဉ်ကျေးမှုဌာနက ထိန်းထိန်းသိမ်းသိမ်း ဆက်သွယ်နေသလို ဒီလူမျိုးစုတွေနဲ့ သတ်မှတ်ကာလတခု သီးခြားနေဖို့ သဘောတူညီခဲ့ပါတယ်။ ကိုယ်ခံအားကို တည်ဆောက်ဖို့အတွက် ဒီလူမျိုးတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်စပ်ခြင်းမပြုဖို့ ပီရူးအစိုးရက တားမြစ်ထားပါတယ်။ မက်ခ်ျချိုပီရို ဒါမှမဟုတ် ကူဂျာရီနို လို့ခေါ်တဲ့ လူမျိုးစုတွေက အရင်က ဒေသခံမဟုတ်တဲ့ လူတွေနဲ့ မဆက်သွယ်သလို တောထဲမှာ ရှိတဲ့ အသီးအနှံနဲ့ အမဲလိုက် နေထိုင်စားသောက်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up