Home
ကျန်းမာရေး
အမိုးနီးယားကြောင့် ကျန်းမာရေး ထိခိုက်နိုင်
DVB
·
May 26, 2011
အ​ကြော်စုံ​တွေ၊​ မုန့်​လုပ်ငန်း​တွေမှာ သုံး​နေတဲ့​ အမိုး​နီး​ယား​ (အမိုနီယမ်) ​တွေ​ကြောင့်​ ကျန်း​မာ​ရေး​ ထိခိုက်နိုင်တယ်လို့​ ဓာတု​ဆေး​ဝါး​ ကျွမ်း​ကျင်သူတဦး​က ​ပြောပါတယ်။ စား​သောက်ကုန်ပစ္စည်း​တွေ အမြင်လှပဖို့​ အသုံး​ပြုတဲ့​ အမိုး​နီး​ယား​ကို ရပ်ကွက် အတွင်း​က ပရ​ဆေး​ဆိုင်နဲ့​ ကုန်စုံဆိုင်​တွေမှာ လိုသ​လောက် ​ရောင်း​ချ​နေတဲ့​အတွက် အ​သေချာ စစ်​ဆေး​ ဝယ်ယူသင့်​တယ်လို့​ ရန်ကုန်မြို့​ ပရ​ဆေး​ဆိုင်တခုက အစား​အစာနဲ့​ ဓာတု​ဆေး​ဝါး​ ကျွမ်း​ကျင်သူတဦး​က ​ပြောပါတယ်။ “ကျ​နော်တို့​ အခု​တွေ့​နေရတာက ပရ​ဆေး​ဆိုင်က​နေ အမိုး​နီး​ယား​ကို အလွယ်တကူ ဝယ်လို့​ ရ​နေတာ။ အီကြာ​ကွေး​သမား​တွေက အမိုး​နီး​ယား​ဆို တအား​ပဲ။ မုန့်​လုပ်ငန်း​ဆိုရင် ဒါပဲ၊​ အ​ကြော်ဆိုင်ဆိုရင်လည်း​ ဒါပဲဆို​တော့​ အန္တရာယ် များ​တာ​ပေါ့​။ အမိုနီယမ်အုပ်စုမှာကိုက အခွဲ​တွေက အများ​ကြီး​ပဲ။ အမိုနီယမ် ကာဗွန်နိတ်၊​ အိုနီယမ်ကလိုရိုက် အများ​ကြီး​ ရှိတယ်။ အသုံး​ပြုတာက Food Grade နဲ့​ Industrial Grade ဆိုပြီး​ရှိတယ်။ စက်ရုံသုံး​ အမိုနီယမ်​တွေမှာ အစား​အစာ​တွေမှာ တိုက်ရိုက်သုံး​ရင် အရမ်း​အန္တရာယ်များ​တယ်။ ခဲ​တွေ၊​ ဇင့်​တွေ၊​ ​ကြေး​တွေ အဲဒါ​တွေ ပါနိုင်တယ် မသန့်​ရှင်း​ဘူး​။” အမိုး​နီး​ယား​ကို ဆင်​ခြေဖုံး​မြို့​နယ်​တွေမှာ ပီနံအိတ်အကြီး​ထဲက အိတ်အ​သေး​လေး​တွေနဲ့​ ခွဲထုတ်​ရောင်း​နေပြီး​ တ​ပေါင်ကို ၃၀၀ ကျပ်နှုန်း​နဲ့​ ဝယ်ယူနိုင်ပါတယ်။ ဈေး​ကွက်မှာ ​ရောင်း​ချ​နေတဲ့​ အမိုနီယံ​တွေက ဘယ်လုပ်ငန်း​သုံး​အတွက် ထုတ်ထား​တာ၊​ စား​သောက်ကုန်လုပ်ငန်း​အတွက် ထုတ်ထား​တယ်ဆိုတာ ဟုတ်မဟုတ် အတိအကျ ညွှန်ကြား​ထား​တာ မရှိတာ​တွေ၊​ စား​သောက်ကုန် ခွင့်​ပြုလိုင်စင် မရှိတာ​တွေကို မသုံး​စွဲသင့်​ဘူး​လို့​လည်း​ သူက ​ပြောပါတယ်။ “အဲဒါ​ကြောင့်​ ​ရောင်း​တဲ့​သူ​တွေကလည်း​ ဝယ်သူ​တွေ ​မေး​တိုင်း​ မ​ပေး​ရဘူး​။ သက်ဆိုင်တဲ့​ မုန့်​လုပ်ငန်း​အတွက် သီး​သန့်​ထုတ်ထား​တဲ့​ အမိုနီယမ်ကိုပဲ ​ရောင်း​ချရမှာ။ ​ရောင်း​လိုက်တဲ့​ ပစ္စည်း​မှာဆိုရင် နာမည် ပါရမယ်၊​ အာမခံချက်​တွေလည်း​ ပါရမယ်။ အခုက ဘယ်မှာ သုံး​တဲ့​ အမိုနီယမ်မှန်း​ မသိ​တော့​ အရမ်း​အန္တရာယ်များ​တယ်။” ရန်ကုန်မြို့​ရဲ့​ ​ဈေး​ကွက်​တွေမှာ ​ရောင်း​ချ​နေတဲ့​ ဆိုး​ဆေး​အပါအဝင် အစား​အစာသုံး​ ဓာတုပစ္စည်း​အများ​စုက ကျန်း​မာ​ရေး​ထောက်ခံချက် မရှိတဲ့​ ပစ္စည်း​တွေများ​တဲ့​အတွက် သက်ဆိုင်ရာက ဒီကိစ္စကို အမြန်ဆုံး​ဖြေရှင်း​ ​ဆောင်ရွက်​ပေး​သင့်​နေပြီလို့​လည်း​ သူက တိုက်တွန်း​ ​ပြောဆိုခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024