A d v e r t i s e m e n t With Us

လူ ၈၀ ခန့် သတ်ခဲ့သူ နော်ဝေ အကျဉ်းထောင်ထဲမှ ကျောင်းတက်မည်

၂၀၁၁ ခုနှစ်က နော်ဝေနိုင်ငံမှာ လူ ၇၇ ဦးကို သတ်တဲ့အတွက် ထောင်ဒဏ် ၂၁ နှစ်ကျခံနေ တဲ့ အန်ဒါ့စ်ဘေရင်း ဘရေဗစ်ဟာ ထောင်ထဲကနေ နိုင်ငံရေး သိပ္ပံပညာကို လေ့လာမှာ ဖြစ်ပါတယ်။ ဘရေဗစ် ကျောင်းတက်ဖို့အတွက် လက်ခံထားတယ်လို့ ဇူလိုင် ၁၇ ရက်မှာ အော်စလို တက္ကသိုလ်က ထုတ်ပြန်ပါတယ်။ ကျောင်းက သတ်မှတ်ချက်တွေကို သူကပြည့်မီတဲ့အတွက် နေရာတနေရာ ရသွားပြီလို့ ကျောင်းပြောခွင့်ရကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ရေးပါတယ်။ ဘရေဗစ်အကြမ်းဖက်ခဲ့တဲ့ ၂၀၁၁ ဇူလိုင် ၂၂ ရက် နှစ်ပတ်လည်နေ့ နီးလာတဲ့ အချိန်မှာ အခုလို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အသက် ၃၆ နှစ် ဘရေဗစ်ဟာ တဦးတည်း အကျဉ်းကျခံနေရသလို အင်တာနက်ကို အသုံးပြုခွင့်အတွက် တက္ကသိုလ်နဲ့ ဆက်သွယ်ဖို့ ကြားလူတဦး လိုအပ်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းကျခံနေရတဲ့ အတွက် ဘွဲလက်မှတ် ရနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ သင်ရိုး ၉ ခုအနက် ၅ ခုက တက္ကသိုလ်က ဆွေးနွေးဖလှယ်ပွဲတွေကို တက်ရောက်ဖို့ လိုတာကြောင့် ဘွဲရဖို့ကတော့ သူအတွက် ခက်ခဲနိုင်ပါတယ်။ ဘရေဗစ်က သီအိုရီကို အဓိကထား လေ့လာတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အရေးပေးသင်တဲ့ ဘွဲ့တခုရဖို့ ရည်မှန်းချက်ရှိနေပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက ဘရေဗစ်က တက္ကသိုလ်တက်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့် သတ်မှတ်ချက်ကို မပြည့်မီတာကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up