မေ၀ယ်သာ လက်ဝှေ့သက်တမ်း နောက်ဆုံးပွဲအတွက် လေ့ကျင့် (ရုပ်သံ)

1.8K
လက်ဝှေ့သက်တမ်းရဲ့ နောက်ဆုံးပွဲကို စက်တင်ဘာလမှာ ထိုးသတ်မယ်လို့ ကြေညာထားတဲ့ အမေရိကန်လက်ဝှေ့ကျော် မေ၀ယ်သာဟာ လေ့ကျင့်မှုတွေကို ပြုလုပ်နေပါတယ်။
ပက်ကွီရိုကို အနိုင်ရခဲ့ပြီးတဲ့နောက် အသက် ၃၈ နှစ် မေ၀ယ်သာဟာ နောက်တပွဲဟာ သူရဲ့ နောက်ဆုံးပွဲ ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။
သူလေ့ကျင့်နေတဲ့ပုံတွေကို လူမှုရေးကွန်ယက် ဖေ့ဘွတ်ခ် အကောင့်မှာ တင်ထားပေမယ့် နောက်ဆုံးပွဲကို ဘယ်သူနဲ့ ထိုးသတ်မယ်ဆိုတာကိုတော့ မပြောသေးပါဘူး။
မေ၀ယ်သာရဲ့ နောက်ဆုံးပြိုင်ဘက်ဟာ အမီးရ်ခန်း၊ ကာနီလို အလ်ဗာရက်ဇ်၊ တီမောသီ ဘရက်ဒလေ၊ ကိသ် သူမန်နဲ့ ကဲလ် ဘရော့တိုတွေထဲက တဦးဦး ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်း နေကြပါတယ်။
ရေပန်းအစားဆုံးကတော့ လက်ရှိ WBA ၀ယ်သာဝိတ် ချန်ပီယံ အန်ဒရေဘာတို ဖြစ်ပါတယ်။ သူဟာ ၃၃ ပွဲမှာ ၃ ပွဲသာ ရှုံးထားပါတယ်။