A d v e r t i s e m e n t With Us

လိုဏ်ခေါင်းတွင်း မြေပြိုမှုကြောင့် ၇ ဦး သေဆုံး

ကယား​ပြည်နယ် အမှတ် ၃ ​ရေအား​လျှပ်စစ်စီမံကိန်း​ လိုဏ်​ခေါင်း​တွင်း​ ပြီး​ခဲ့​တဲ့​အပတ်က ​မြေပြိုမှုဖြစ်ပွား​ခဲ့​ပြီး​ အလုပ်သမား​ ၈ ဦး​အနက် ၆ ဦး​ပွဲချင်း​ပြီး​ ​သေဆုံး​ခဲ့​ပါတယ်။ ဒဏ်ရာရသူ နှစ်ဦး​ကို လွိုင်​ကော်ပြည်သူ့​ဆေး​ရုံမှာ ကုသ​နေရာမှာ လူနာတဦး​ ထပ်မံ ​သေဆုံး​ခဲ့​ပါတယ်။ အခုလ ၁၇ ရက်​နေ့​က တရုတ်သူ​ဌေး​တဦး​ဟာ စကား​ပြန်နဲ့​အတူ မန္တ​လေး​ဘက်က အလုပ်သမား​တွေကို ​ခေါ်ပြီး​ အမှတ် (၃) ​ရေအား​လျှစ်စစ်စီမံကိန်း​ ​ရေထုတ်ပြွန်လိုဏ်​ခေါင်း​ ကွန်ကရစ်​လောင်း​ချိန်မှာ ​မြေပြိုပြီး​ ​မြေပိ​သေဆုံး​ခဲ့​တယ်လို့​ လွိုင်​ကော်မြို့​ခံတဦး​က ​ပြောပါတယ်။ “အား​လုံး​က သူ​ဌေး​ကို ​မြေပြို​တော့​မယ် တက်ရ​အောင်လို့​ပြောတယ်။ သူ​ဌေး​က မတက်ခိုင်း​ပဲနဲ့​ ဇွတ်လုပ်ခိုင်း​တယ်။ ဒီ​တော့​ လုပ်ရင်း​နဲ့​ ​မြေပြိုသွား​တာဖြစ်တယ်။ တရုတ်သူ​ဌေး​ တ​ယောက်လည်း​ ပါတယ်။ သူက မတက်ခိုင်း​လို့​ အလုပ်သမား​တွေ ခံရတယ်​ပေါ့​။ အဲဒီ အသုဘကို ရင်ခွဲရုံမှာ ခွဲတယ်။ ခွဲပြီး​တော့​ လွိုင်​ကော်​ဆေး​ရုံရဲ့​ ​မြေ​နေရာမှာ မြှုပ်ထား​တယ် အဲဒီလူ ၆ ​ယောက်ကို။” အဲဒီစီမံကိန်း​ဟာ ၅ မိုင်ခန့်​အရှည်ရှိတဲ့​ လိုဏ်​ခေါင်း​ဖောက်ထား​ပြီး​ လိုဏ်ခါင်း​ထဲကို ဝင်​ရောက်အလုပ်လုပ်​နေချိန် ​မြေပြိုခဲ့​တာ ဖြစ်ပါတယ်။ အ​လောင်း​တွေကို အခုလ ၁၉ ရက်​နေ့​မှာ သဂြိုဟ်ခဲ့​ပြီး​တဲ့​အ​ကြောင်း​နဲ့​ မိသား​စု​တွေကို အ​ကြောင်း​ကြား​၊​ မကြား​ မသိဘူး​လို့​ အဲဒီ​ဒေသခံက ​ပြောပါတယ်။ မ​သေဘဲ ကျန်​နေသူတဦး​ရဲ့​ အ​ခြေအ​နေသိရဖို့​ လွိုင်​ကော် ပြည်သူ့​ဆေး​ရုံကို ​မေး​မြန်း​ရာမှာ တာဝန်ကျဆရာမတဦး​က “တခုခု စုံစမ်း​ချင်ရင်​တော့​ ​ဆေး​ရုံအုပ်ကြီး​ဆီမှာ စုံစမ်း​မှ ရတယ်ရှင့်​၊​ ကျမတို့​က ​ပြောခွင့်​ မရှိဘူး​” လို့​ ဆိုပါတယ်။ ဒီစီမံကိန်း​ကို ပြည်တွင်း​က Asia World နဲ့​ Olympic ကုမ္ပဏီတို့​က တရုတ်အကူအညီနဲ့​ တည်​ဆောက်တာဖြစ်ပြီး​ ၂၀၀၉ ဧပြီလမှာ တရုတ် အင်ဂျင်နီယာ​တွေက ပြင်ဆင် မွန်း​မံခဲ့​ပါတယ်။ လောပိတ ​ကျေး​ရွာအနီး​ အ​ကောင်အထည်​ဖော်​နေတဲ့​ ​လောပိတ အမှတ် ၃ ​ရေအား​လျှပ်စစ်စီမံကိန်း​ကို စတင်အ​ကောင်အထည်​ဖော်တဲ့​ ၂၀၀၈ ခုနှစ်တုန်း​ကလည်း​ ​ဒေသခံ​တွေရဲ့​ လယ်​မြေ သိမ်း​ယူမှု​တွေ ရှိခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up