ဗြိတိန် ဘုရင်မ နာဇီပုံစံ အလေးပြုသည့် ဗွီဒီယိုဖိုင်ထုတ်ပြန်မှု စိတ်ပျက်ဟု ဘာမင်ဟန်တုံ့ပြန်

၁၉၃၃ ခုနှစ် ဗြိတိန် ဘုရင်မ အဲလိဇဘက် ငယ်ရွယ်စဉ်က နာဇီပုံစံအလေးပြုနေတဲ့ ဗွီဒီယိုဖိုင် ထုတ်ပြန်မှုကို စိတ်ပျက်မိတယ်လို့ ဘာမင်ဟန်နန်းတော်က ထုတ်ပြန်ပါတယ်။ ဗြိတိန်က သည်ဆန်မ်း သတင်းစာက အက်ဝပ် VIII က ဘုရင်မကို နာဇီအလေးပြုနည်း သင်ပေးဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ၁၇ စက္ကန့်ကြာ အဖြူအမည်း ဗွီဒီယိုမှာ မိခင်၊ ဦးလေး၊ ညီမနဲ့ အသက် ၇ နှစ် ဘုရင်မတို့ ပါဝင်နေပါတယ်။ နာဇီတွေ အလေးပြုတဲ့ ပုံစံနဲ့ ဘုရင်မရဲ့ မိခင်က လက်မြှောက်ထားတာကို ဘုရင်မက လိုက်လံတုပထားတာ ဖြစ်ပါတယ်။ ရုပ်သံဖိုင်ဟာ ၁၉၃၃ သို့ ၁၉၃၄ ခုနှစ် ဂျာမနီမှာ ဟစ်တလာ လွှမ်းမိုးမှုအားကောင်းလာတဲ့ အချိန်မှာ ရိုက်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ရိုက်ထားရသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဘာမင်ကန်နန်းတော်ကတော့ အရင် ဆယ်စုနှစ် ၈ ခုလောက်က ရိုက်ယူခဲ့တဲ့ ဗွီဒီယိုဖိုင်ကို စိတ်ပျက်မိသလို ရုပ်သံဖိုင်ကို ရရှိပြီး အကျိုးအမြတ်ထုတ်ခံရတယ်လို့ ဆိုပါတယ်။ သည်ဆန်မ်းကတော့ ဗွီဒီယိုဖိုင် ရရှိတဲ့အကြောင်းကို ပြောဖို့ ငြင်းဆန်ခဲ့သလို ဒါဟာ အရေးကြီး စိတ်ဝင်စားစရာကောင်းတဲ့ သတင်းလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up