ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖမ်းဆီး

ဓာတ်ပုံ- အေအက်ဖ်ပီ
602
ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဘိုလီးဗီးယား အစိုးရ တရားလိုတွေရဲ့ ဇူလိုင် ၁၇ရက် ထုတ်ပြန်ချက်မှာတော့ အရင်းအမြစ်တွေကို စီမံခန့်ခွဲရာမှာ အကျင့်ပျက်ချစားမှုတွေရှိတယ်လို့ ချာဗက်ဇ်ကို စွပ်စွဲ ထားပါတယ်။
၈ နာရီကြာ မေးမြန်းမှုတွေလုပ်ဆောင်ခဲ့နောက် ချာဗက်ဇ်ကို အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ ဥက္ကဋ္ဌ ကားလိုစ် ချာဗက်ဇ်ဟာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးမှူးလည်း ဖြစ်ပါတယ်။
ဖီဖာအမှုဆောင်အရာရှိတွေ အကျင့်ပျက်ခြစားမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် ဘိုလီးဗီးယားကလည်း စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။ ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ်က အမှုဆောင် အရာရှိ ၂၀ နီးပါး တရားရုံးမှာ ထုခြေခဲ့ရပါတယ်။
ဒါအပြင် ဘောလုံးပွဲစီစဉ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး အဲလ်ဗတ်တို လော်ဇာဒါကိုလည်း ဖမ်းဆီးလိုက်ပါတယ်။