A d v e r t i s e m e n t With Us

ဗီလာအသင်းခေါင်းဆောင် မန်စီးတီးရောက်

ဓာတ်ပုံ-ရိုက်တာ
အင်္ဂလန် ပရီးမီးယားလိဂ် အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖာဘီယန် ဒဲလ်ဖ်ကို မန်စီးတီးအသင်းက ၅နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အပြောင်းအရွှေ့အတွက် ပေါင် ၈ သန်းနဲ့သဘောတူညီခဲ့တာ ဖြစ်ပြီး အသက် ၂၅ နှစ် အင်္ဂလန် လက်ရွေးစင် အလယ်တန်း ကစားသမား ဒဲလ်ဖ်ဟာ မန်စီးတီးရဲ့ ရာသီအကြို ခြေစမ်းပွဲအဖြစ် သြစတြေးလျကို လိုက်သွားမှာ ဖြစ်ပါတယ်။ “အသက် ၂၅ နှစ်ပဲရှိသေးတဲ့ အတွက် သူ့ရဲ့ အကောင်းဆုံး နှစ်တွေ ရှေ့မှာ ရှိနေပါတယ်၊ သူဟာ အကောင်းဆုံး ကစားသမား ဖြစ်သလို သူနဲ့တွဲပြီး အလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်”လို့ မန်စီးတီး နည်းပြ ပယ်လာဂရီနီက ပြောပါတယ်။ ဇူလိုင် ၁၇ ရက်က ဆေးစစ်တာတွေ ပြီးဆုံးခဲ့သလို အမေရိကန်ပြည်ထောင်စု နယူးယောက် စီးတီးကို ပြောင်းရွှေ့သွားတဲ့ လမ်းပတ်ရဲ့ ကျောနံပါတ် ၁၈ ကို သူက ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒဲလ်ဖ် အသင်းက ထွက်ခွာသွားတာကို ဗီလာကအတည်ပြုခဲ့ပြီး အနာဂတ်ဘ၀ လှပစေဖို့ ဆုတောင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up