၆၈ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ စာမျက်နှာ

1K
ဇူလိုင် ၁၉ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နစ်နာဆုံးရှုံးမှု အကြီးမားဆုံးနဲ့ ရင်နင့်ကြေကွဲစရာ နှမြောတသစရာ အကောင်းဆုံးနေ့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၆၈ နှစ် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးဟာ လက်နက်ကိုင် အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒီလို တိုင်းပြည်အတွက် အသက်စွန့်လွှတ်သွားခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့လို အစဉ်အဆက် သတ်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာ န၀တစစ်အစိုးရက အာဏာသိမ်းယူလိုက်တဲ့ အချိန်ကစပြီး အလွန်အရေးပါတဲ့ အမျိုးသားရေးဆိုင်ရာနေ့တနေ့အဖြစ် မကျင်းပတော့သလို အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ အကြောင်းကိုလည်း အများပြည်သူသိအောင် ဟောပြောရေးသား အသံလွှင့်တာမျိုးတွေ ဆုတ်ယုတ် လျော့ပါးလာခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းမှာမှ အာဇာနည်ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ရေသားဖော်ပြခွင့်တွေ ရလာခဲ့တာ ဖြစ်ပါတယ်။