A d v e r t i s e m e n t With Us

လွတ်ငြိမ်းချမ်းသာခွင့်လို့ ကျနော်မထင်ပါဘူး

မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ​တွေနဲ့​ ပတ်သက်လို့​ သတင်း​ အချက်အလက် စု​ဆောင်း​ဖို့​ ထိုင်း​နိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့​ခွင့်​အ​ရေး​အထူး​ကိုယ်စား​လှယ် ​တောမတ်အို​ဟေး​ ကင်တား​နား​ကို သီး​သန့်​ ​တွေ့​ဆုံ ​မေး​မြန်း​တား​ပါတယ်။ မြန်မာနိုင်ငံသွား​ဖို့​ ဗီဇာ​လျှောက်ထား​မှု ​နောက်ဆုံး​အ​ခြေအ​နေက ဘယ်လိုရှိပါသလဲ။ “ကျ​နော် မြန်မာသံရုံး​ကို ဗီဇာ​တောင်း​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရက ဒီတကြိမ်မှာ လက်မခံခဲ့​ပါဘူး​။ ဒါ​ပေမယ့်​ ​နောင်မှာ ပြည်ဝင်ခွင့်​ဗီဇာ ​ပေး​လိမ့်​မယ်လို့​မျှော်လင့်​ပါတယ်။ မြန်မာပြည်ကို သွား​ခွင့်​ရဖို့​ ဆိုတာက ကျ​နော့်​အတွက် အလွန်ပဲအ​ရေး​ကြီး​သလို အစိုး​ရအတွက်လည်း​ အ​ရေး​ကြီး​ပါတယ်။” မြန်မာအစိုး​ရအဖွဲ့​သစ်က မကြာ​သေး​ခင်ကမှ ထုတ်ပြန်​ကြေညာလိုက်တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ကို​ရော ဘယ်လိုသ​ဘောထား​ပါသလဲ။ “ဒါဟာ လွတ်ငြိမ်း​ချမ်း​သာခွင့်​လို့​ကျ​နော်မထင်ပါဘူး​ဗျာ။ ဒါက ပြစ်ဒဏ် ချမှတ်ထား​တာ​တွေကို ​ပြောင်း​လဲ ​လျော့​ပေါ့​ပေး​တာသာ ဖြစ်ပါတယ်။ ဒါဟာ လုံ​လောက်မှု မရှိသလို စိတ်ပျက်စရာလည်း​ ​ကောင်း​ပါတယ်။ မလုံ​လောက်ဘူး​လို့​ ​ပြောရတာက နိုင်ငံထဲမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အများ​ကြီး​ ရှိ​သေး​တယ်။ လွတ်လာတာက အနည်း​အကျဉ်း​လောက်ပဲ ရှိလို့​ပါ။ စိတ်ပျက်စရာ ​ကောင်း​တယ်လို့​ ​ပြောရတာက​တော့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေကို လွှတ်ကို လွှတ်​ပေး​ရမယ်။ ဒါမှ ဒီနိုင်ငံ​ရေး​အကျဉ်း​သမား​တွေဟာ မြန်မာ့​ ဒီမိုက​ရေစီ​ရေး​ဖြစ်စဉ်မှာ အ​ရေး​ပါတဲ့​အခန်း​ ကဏ္ဍက​နေ ပါဝင်နိုင်မယ်​လေ။” မစ္စတာကင်တား​နား​အ​နေနဲ့​ ထိုင်း​နိုင်ငံမှာ အတိုက်အခံအဖွဲ့​အစည်း​တွေ ဒီမိုက​ရေစီ​ရေး​လှုပ်ရှား​သူ​တွေနဲ့​တွေ့​ဆုံပြီး​ မြန်မာ့​လူ့​အခွင့်​အ​ရေး​နဲ့​ဆိုင်တဲ့​ သတင်း​ အချက်အလက်​တွေ စု​ဆောင်း​ခဲ့​တယ်။ အဲဒီအထဲမှာ ထူး​ထူး​ခြား​ခြား​ ဘာ​တွေများ​ ​လေ့​လာ​တွေ့​ရှိ ခဲ့​ရပါသလဲ။ “ကျ​နော်နယ်စပ်​ဒေသမှာ အလုပ်လုပ်​နေတဲ့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေနဲ့​တွေ့​ခဲ့​ပါတယ်။ ကျ​နော် စု​ဆောင်း​ရခဲ့​တဲ့​ သတင်း​အချက်အလက်​တွေက​နေ ကျ​နော်​ပြောပြနိုင်တာက​တော့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ မြန်မာပြည်မှာ ဆက်လက်ဖြစ်​နေတုန်း​ပဲ။ ဒီလိုဖြစ်ရတာဟာ အ​ခြေခံအား​ဖြင့်​တော့​ နယ်စပ်​ဒေသ​တွေမှာ စစ်တပ်ကြီး​စိုး​မှု​ကြောင့်​ပဲ ဖြစ်တယ်။ တိုင်း​ရင်း​သား​လူမျိုး​စု​တွေမှာ ပြဿနာ​တွေ ဆက်ရှိ​နေ​သေး​တယ်လို့​ သူတို့​က ​ပြောကြတယ်။ ဒီပြဿနာ​တွေကို ​ဖြေရှင်း​ဖို့​အတွက် မြန်မာအာဏာပိုင်​တွေဟာ တကယ့်​ကို ​သေ​သေချာချာ အား​တက်သ​ရော ​ဆောင်ရွက်​နေတာမ​တွေ့​ရဘူး​။ စစ်​ရေး​လုပ်​နေတာကလွဲလို့​ပေါ့​လေ။ မြန်မာအစိုး​ရကျူး​လွန်ခဲ့​တဲ့​ စစ်ရာဇဝတ်မှု​တွေနဲ့​ လူအဖြစ် ရပ်တည်လို့​ မရ​အောင် လုပ်​နေတဲ့​ ရာဇဝတ်မှု​တွေကို စုံစမ်း​စစ်​ဆေး​ဖို့​နဲ့​ ပတ်သက်ပြီး​ မစ္စတာကင်တား​နား​တို့​ကြိုး​ပမ်း​နေတဲ့​ ကုလသမဂ္ဂ စုံစမ်း​စစ်​ဆေး​ရေး​ကော်မရှင်ဖွဲ့​ဖို့​ ကိစ္စက​ရော ဘယ်အ​ခြေအ​နေ ​ရောက်​နေပါပြီလဲ။ “ကျ​နော်​ပြောလိုတာက​တော့​ မြန်မာနိုင်ငံတွင်း​က ​မြောက်မြား​လှစွာ​သော လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေကို မှန်ကန်တဲ့​၊​ တရား​မျှတတဲ့​၊​ တာဝန်ခံမှုရှိတဲ့​ လုပ်ငန်း​စဉ်ကခုက​နေတဆင့်​ မြန်မာ အာဏာပိုင်​တွေရယ် နိုင်ငံတာအသိုင်း​အဝိုင်း​ရယ်က အ​ရေး​တကြီး​ ​ဆွေး​နွေး​ကြဖို့​ပါ။ နိုင်ငံတကာ အသိုင်း​အဝန်း​ဆိုတာ ကုလသမဂ္ဂက ​ဆွေး​နွေး​ရမယ်လို့​ ​ပြောတာပါ။ စုံစမ်း​စစ်​ရေး​ကော်မရှင်ဆိုတာ ကလည်း​ ဒီကိစ္စကို​ဆောင်ရွက်ဖို့​ နည်း​လမ်း​တခုပါ။” နောက်ဆုံး​အ​နေနဲ့​မေး​ချင်တာက မြန်မာနိုင်ငံမှာ လွှတ်​တော်​ပေါ်လာပြီး​ ရက်​ပေါင်း​ ၁၀၀ ​လောက်ရှိချိန်မှာ မစ္စတာကင်တား​နား​အ​နေနဲ့​ မြန်မာ့​လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေကို ဘယ်လို အကဲဖြတ်ပါသလဲ။ အ​ကောင်း​ဘက်ကို ​ပြောင်း​လာတာ တခုခု​တွေ့​မိပါသလား​။
“သမ္မတရဲ့​မိန့်​ခွန်း​ထဲမှာ လူ့​အခွင့်​အ​ရေး​ကိစ္စ ရည်ညွန်း​ပြောဆိုသွား​တာ ​တွေ့​ရ​တော့​ အရမ်း​ စိတ်ဝင်စား​ဖို့​ ​ကောင်း​တယ်လို့​ ကျ​နော်မြင်ပါတယ်။ ဒီ​ပြောဆိုချက်ကို အ​ကောင်အထည် ​ဖော်လုပ်​ဆောင်မယ်လို့​ကျ​နော်​မျှော်လင့်​ပါတယ်။ တကယ်ကို​မျှော်လင့်​တာပါဗျာ။ ​နောက်တခု ကျ​နော်သိထား​တာက ပထမဆုံး​အကြိမ် ​ခေါ်တဲ့​လွှတ်​တော်မှာ လွှတ်​တော်ကိုယ်စား​လှယ်တချို့​က စိတ်ဝင်စား​ဖို့​ကောင်း​တဲ့​မေး​ခွန်း​တွေ ဥပမာအား​ဖြင့်​ဆိုရရင် ကရင်ပြည်နယ်ထဲမှာ အပစ်အခတ် ရပ်စဲ​ရေး​ကိစ္စ၊​ ​နောက် ရှမ်း​ခေါင်း​ဆောင်​တွေကို လွှတ်​ပေး​ဖို့​ကိစ္စနဲ့​ ရိုဟင်ဂျာ​တွေရဲ့​ နိုင်ငံသား​ကိစ္စကို​တောင် ​မေး​ခဲ့​တယ်။ ဒီအချက်အလက်​တွေဟာ ဒီအချိန်မှာ ဒီနိုင်ငံအတွက် အ​ရေး​ကြီး​တယ်လို့​ မြင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up