တရုတ် အနောက်တောင်ပိုင်း ရေကြီး၊ လူ ၈ သောင်းကျော် ဒုက္ခရောက် (ရုပ်သံ)

92
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ဆုန်တောင်မြို့နယ်မှာ စံချိန်တင် ရေကြီးခဲ့လို့ လူပေါင်း ၈ သောင်း ၅ ထောင်ကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။
မိုးမုန်တိုင်းတွေက ဇူလိုင် ၁၄ ရက်နေ့ညကစပြီး မြို့နယ်ကို တိုက်ခတ်ခဲ့လို့ ရေကြီးခဲ့တဲ့အတွက် စီးပွားရေး ဆုံးရှုံးမှု တရုတ်ယွမ်ငွေ သန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။
ဒေသခံ ရေလွှမ်းမိုးမှု ကာကွယ်ရေး အာဏာပိုင်တွေကတော့ ဒေသခံ အယောက် ၅၅၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပြီး သူတို့ထဲက ၅၃၈ ဦးကို ယာယီ ခိုလှုံစရာ နေရာတွေမှာ နေရာချပေးခဲ့တယ်လို့ ပြောပါတယ်။
ရေလွှမ်းမိုးမှုတွေက အပျက်အစီးတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့ပြီး စတိုးဆိုင် ၁၁၀၀၊ စူပါမားကက် ၁ ခုနဲ့ ကား ၃၁၂ စီးတို့ ရေအောက်မြုပ်ခဲ့ပါတယ်။
မီးသတ်သမားတွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကယ်ဖို့ စေလွှတ်ထားပြီးဖြစ်ပါတယ်။
တချို့ ဒေသခံတွေကလည်း သူတို့ကိုယ်ပိုင်လှေတွေနဲ့ လူတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ရာမှာ ကူညီရင်း ပူးပေါင်းခဲ့ကြပါတယ်။