Home
မေးမြန်းခန်း
သမ္မတသစ်ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားမလဲ
ပီတာအောင်
·
May 25, 2011
သမ္မတသစ်ဦး​သိန်း​စိန်ဟာ အင်ဒိုနီး​ရှား​ခရီး​စဉ်အပြီး​ သူ့​ရဲ့​ ဒုတိယ​မြောက် နိုင်ငံခြား​ခရီး​စဉ်အဖြစ် တရုတ်နိုင်ငံကို မကြာခင်သွား​မယ်လို့​ နိုင်ငံပိုင်သတင်း​စာ​တွေမှာ တရား​ဝင် ထုတ်ပြန်​ကြေညာထား​ပါတယ်။ ဒီရီး​စဉ်ဟာ ထူး​ခြား​မှု ရှိမရှိ တရုတ်နိုင်ငံမှာ ​နေထိုင်တဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီ ​ပြောခွင့်​ရပုဂ္ဂိုလ် ရဲ​ဘော်ဖိုး​သံ​ချောင်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ သမ္မတသစ်ဦး​သိန်း​စိန်ရဲ့​ ဒုတိယ​မြောက် နိုင်ငံခြား​ခရီး​စဉ်ဟာ ထူး​ခြား​မှု ရှိတယ်လို့​ ထင်ပါသလား​။ ဒါဟာ ထူး​ထူး​ခြား​ခြား​လို့​ ​ပြောလို့​မရပါဘူး​။ ဘာ​ကြောင့်​လဲဆိုရင် ဗမာပြည်မှာ အစိုး​ရအသစ်တခု တက်တယ်ဆိုရင် အဲဒီအစိုး​ရသစ်ရဲ့​ ​ခေါင်း​ဆောင်ဟာ အိမ်နီး​နား​ချင်း​ရဲ့​ နိုင်ငံကြီး​တွေကို သွား​ပြီး​နှုတ်ဆက်တာ၊​ မိတ်​ဆွေအဖြစ် စကား​ပြောတာဟာ နိုင်ငံတကာထုံး​တမ်း​စဉ်လာ လုပ်နည်း​လုပ်ဟန်လို့​ ​ပြောရင်ရပါတယ်။ ဒါ​ပေမယ့်​ အခုပြဿနာဟာ မြန်မာပြည်က လက်ရှိအစိုး​ရဟာ သာမန်အစိုး​ရ မဟုတ်ဘဲနဲ့​ ပြည်သူလူထုက ​အော့​နှလုံး​နာ​နေတဲ့​ ​ရွေး​ကောက်ပွဲမှာ လိမ်ညာပြီး​ ​တော့​ မတရား​တဲ့​နည်း​နဲ့​ တက်လာတဲ့​အစိုး​ရဖြစ်တယ်။ သူသွား​တဲ့​ ရည်ရွယ်ချက်ထဲမှာက သာမန် သံခင်း​ တမန်ခင်း​ လုပ်ရိုး​လုပ်စဉ်တင် မကဘဲနဲ့​ သူတို့​အစိုး​ရကို တရုတ်ကအစ နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတာ လိုချင်လို့​ ကမ္ဘာ့​အဝန်း​ အဝိုင်း​ထဲမှာ သူဂုဏ်ယူဝင့်​ကြွား​ချင်လို့​ တမင်သွား​နေတဲ့​ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒီခရီး​စဉ်ဟာ ပြီး​ခဲ့​တဲ့​ ဂျာကာတာခရီး​စဉ်မှာ ​တောင်း​ဆိုခဲ့​တဲ့​ အာဆီယံဥက္ကဋ္ဌ လုပ် ​ရေး​ကိစ္စကိုလည်း​ တရုတ်ဘက်က ဝိုင်း​ပြီး​ထောက်ခံမှုရ​အောင် ကြိုး​ပမ်း​မှုရှိတယ်ဆို တဲ့​ သ​ဘောမျိုး​လည်း​ ​တွေ့​ရပါတယ်။ အဲဒီအ​ပေါ်မှာ​ရော မြန်မာအစိုး​ရက တရုတ် ဘက်ကို ချဉ်း​ကပ်မယ်လို့​ ထင်ပါလား​။ မြန်မာအစိုး​ရဟာ အာဆီယဥက္ကဋ္ဌဖြစ်ချင်​နေတာက​တော့​ ရူး​နေ​အောင် ဖြစ် ချင်​နေတာ။ တိုင်း​ပြည်ရဲ့​အ​ရေး​ကိစ္စ​တွေကို ဘာတခုမှ မ​ဖြေရှင်း​ဘဲနဲ့​ တိုင်း​ပြည်မှာ အပူတပြင်း​လိုအပ်​နေတဲ့​ အနိမ့်​ဆုံး​ နိုင်ငံ​ရေး​အရ ရင်ကြား​စေ့​ရေး​၊​ စီး​ပွား​ရေး​အရ တိုင်း​ပြည်ကို အဆင်း​ရဲဆုံး​နိုင်ငံဘဝက လွတ်​မြောက်​ရေး​ အဲဒါ​တွေကို ဘာမှမကြိုး​ စား​ဘဲနဲ့​ သူရဲ့​ နိုင်ငံတကာမှာ အဆင့်​နေရာရရှိ​ရေး​အတွက် အ​သေအလဲ လုံး​ပန်း​ ​နေတာပါ။ အဲ​တော့​ တရုတ်ပြည်ကိုသွား​ခြင်း​အား​ဖြင့်​ သူ့​မှာ အ​ထောက်အကူ ရလိမ့်​မယ်ဆိုတာက​တော့​ သိပ်မဖြစ်နိုင်ပါဘူး​။ ဘာ​ကြောင့်​လဲဆိုရင် တရုတ်ပြည်က ဘာမှဝင်ပါမှာမဟုတ်ဘူး​ဆိုတာ သူတို့​သိတယ်။ ဥက္ကဋ္ဌအဖြစ် သူ့​ရွေး​လိုက်ပါ၊​ ဘယ် သူ့​ရွေး​လိုက်တယ်ဆိုရင် သူတို့​ သ​ဘောကျတယ်ဆိုပြီး​ ​ပြောမှာ မဟုတ်ဘူး​ဆိုတာ သူတို့​သိတယ်။ အဲဒီအတွက်​လောက်နဲ့​တော့​ တရုတ်ပြည်ကို ​အောက်ကျို့​မှာ မဟုတ်ဘူး​လို့​ ကျ​နော်ထင်ပါတယ်။ ဒီခရီး​စဉ်မှာ မြန်မာကာကွယ်​ရေး​ဦး​စီး​ချုပ် မင်း​အောင်လှိုင်နဲ့​ ကာကွယ်​ရေး​ဝန်ကြီး​ ​တွေလည်း​ လိုက်ပါသွား​မယ်လို့​ သိရတယ်။ စစ်​ရေး​နဲ့​ပတ်သက်ပြီး​တော့​ သူတို့​ ဘာ ​တွေ​ဆွေး​နွေး​မယ်လို့​ ထင်ပါသလဲ၊​ ​နောက် ​ကျောက်ဖြူမှာ တရုတ်စစ်သ​င်္ဘော​တွေ လာထား​နေတဲ့​ဆိုတဲ့​ သတင်း​တွေလည်း​ ထွက်​နေပါတယ်။ သမ္မတတ​ယောက်သွား​တဲ့​နေရာမှာ သူ့​ရဲ့​ဝန်ကြီး​အပြည့်​အစုံနဲ့​ ထွက်တယ် ဆိုတာ ထုံး​စံပါ။ အဲဒါက ထူး​ထူး​ခြား​ခြား​လို့​ ​ပြောလို့​မရဘူး​။ ​နောက်ပြီး​ တရုတ် ပြည်နဲ့​ မြန်မာပြည် အခုအခါမှာ စစ်​ရေး​အရ တင်း​တင်း​မာမာဖြစ်​နေတဲ့​ဟာ များ​ များ​စား​စား​ ​ပြောစရာ​တော့​မရှိပါဘူး​။ ဒါ​ပေမယ့်​ နယ်စပ်ပြဿနာများ​ဖြစ်လာရင် အဲဒီအတွက် မင်း​အောင်လှိုင်​ခေါ်သွား​တာမျိုး​လည်း​ ဖြစ်​ကောင်း​ဖြစ်နိုင်ပါတယ်။ မြန် မာပြည်​တောင်ဖျား​က ကိစ္စက​တော့​ သိပ်မဖြစ်နိုင်ဘူး​ထင်တယ်။ ဘာ​ကြောင့်​လဲ ဆိုရင် မြန်မာပြည်မှာ သတင်း​တွေ မကြာခနထွက်ခဲ့​တယ်။ ကိုကိုး​ကျွန်း​မှာ ​ရေဒါ စခန်း​ဆောက်တာတို့​ လက်​တွေ့​ကျ​တော့​လည်း​ ဘာမှမဟုတ်ဘူး​။ ကျ​နော်တို့​က အဲဒါ​တွေပဲ လိုက်ပါ​မျောမ​နေဘဲနဲ့​ တကယ့်​အ​ခြေအ​နေမှန် အချက်မှန်ကို ဆုပ်ကိုင် ဖို့​ ကြိုး​စာတာ​ကောင်း​တယ်လို့​ ထင်တယ်။ တရုတ်-မြန်မာနယ်စပ်က လက်ရှိ ​ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​တပ်​တွေနဲ့​ မြန်မာတပ်​တွေကြား​မှာ စစ်​ရေး​တင်း​မာမှု​တွေ ဖြစ်​နေတဲ့​အချိန်မှာ​ကော ဒီသမ္မတ သစ်ရဲ့​ တရုတ်ခရီး​စဉ်က နယ်စပ်စစ်​ရေး​ပေါ်မှာ သက်​ရောက်မှု တစုံတရာ ရှိနိုင်ပါ သလား​။ ဒါက​တော့​ သူတို့​က ဒီကိစ္စ​တွေကို ဘယ်ဘက်ကမှ ထုတ်​ပြောတာမဟုတ် ​တော့​ ​ပြောရခက်တယ်။ ဒါ​ပေမယ့်​ အခုအခါမှာ ဒီနယ်စပ်တ​လျှောက်မှာ တင်း​မာ ​နေတာ​တော့​ အမှန်ပဲ။ ​ကေအိုင်အိုနဲ့​ အစိုး​ရကြား​မှာ တင်း​မာ​နေတာရှိသလို အစိုး​ရက ခွင့်​ပြုထား​တယ်ဆိုတဲ့​ ​ရေအား​လျှပ်စစ်​ဆောက်လုပ်​ရေး​ စီမံကိန်း​တွေမှာ လက်​တွေ့​ကျ​တော့​ တရုတ်ဘက်က လုပ်ရကိုင်ရခက်တာ​တွေ အများ​ကြီး​တွေ့​ တယ်။ ဗမာပြည်က ဗျူရိုက​ရေစီစနစ်ဆိုတာက စနစ်မကျတဲ့​ ဗျူရိုက​ရေစီ ဖြစ်​နေ ​တော့​ ခုတမျိုး​ ခုတမျိုး​၊​ အဲဒါ​တွေနဲ့​တင် တရုတ်အလုပ်သမား​တွေ ဝင်ရ၊​ ထွက်ရ တယ့်​ ကိစ္စ​တွေကအစ ခက်​နေတယ်။ အဲဒါ​ကြောင့်​မို့​လို့​ ​ပြောစရာ​တွေက​တော့​ လက်​တွေ့​ပြဿနာ​တွေက အများ​ကြီး​ရှိ​နေမယ်လို့​ ကျ​နော်ထင်ပါတယ်။ တိုင်း​ရင်း​သား​တွေအ​ပေါ်မှာ​ကော သူတို့​နယ်စပ်မှာရှိတဲ့​ ဝတို့​ ကချင်တို့​ အ​ပေါ်မှာ ​ရော တရုတ်ဘက်က ဘယ်လိုမျိုး​သ​ဘောထား​လဲခင်ဗျ။ တရုတ်အ​နေနဲ့​ ဒီဟာ​တွေအ​ပေါ်မှာ ထူး​ထူး​ခြား​ခြား​ သ​ဘောထား​ပြောင်း​ တယ်လို့​ မမြင်​သေး​ဘူး​။ သူတို့​ဒီနယ်စပ်မှာ စစ်မဖြစ်ဖို့​ပဲ ​မျှော်လင့်​တာ​ပေါ့​။ စစ်ဖြစ် ပြီး​ သူတို့​ဘက်ခြမ်း​ကျလာမှာကိုပဲ သူတို့​စိုး​ရိမ်​နေတယ်။ သူတို့​ အခုထက်ထိ ကိုး​ ကန့်​အ​ရေး​ကိစ္စတုန်း​က တရုတ်ပြည်ထဲဝင်သွား​တာ​တွေ အခုထက်ထိ ​သောင်တင် ​နေတာ။ သူတို့​မကြာခန ​ဖော်ပြ​နေတယ်။ ​ဖော်ပြ​နေတယ်ဆိုတာက သူတို့​ဘက်က သ​ဘောထား​ကြီး​တယ်ဆိုတာကို ​ဖော်ပြချင်တာလား​။ ဒါမှမဟုတ် စစ်ဖြစ်လာရင် မ​ချောင်ဘူး​ဆိုတာကို ​ဖော်ပြချင်တာလား​ဆိုတာ မ​ပြောတတ်ဘူး​။ အဲဒါ​တော့​ အခု ထက်ထိ​တော့​ မကြာခန ​ဖော်ပြ​နေတာ​တွေ မီဒီယာ​တွေမှာ ​တွေ့​တွေ့​နေရတယ်။ အခုမြင်​နေရတာ မြန်မာအစိုး​ရသစ် တက်လာပြီး​နောက် တရုတ်ပြည်က ထိပ်တန်း​ ကိုယ်စား​လှယ်​တွေ မြန်မာပြည်​ရောက်လာတယ်။ မြန်မာပြည်ကလည်း​ အခုသွား​ ဖို့​ ဒီလိုမျိုး​ ကူး​လူး​ဆက်ဆံမှု​တွေရှိပြီး​တော့​ တရုတ်-မြန်မာဆက်ဆံ​ရေး​က ​ကောင်း​ ​နေတယ်လို့​ ​ပြောလို့​ရလား​။ ဆက်ဆံ​ရေး​ ပို​ကောင်း​လာမယ်ထင်လား​။ တရုတ်- မြန်မာ ဆက်ဆံ​ရေး​က ဘယ်လိုရှိနိုင်မလဲ။ တရုတ်-မြန်မာ ပုံမှန်ဆက်ဆံ​ရေး​က အခု​ရွေး​ကောက်ပွဲ​ကြောင့်​မို့​လို့​ ဘာမှ ​ပြောင်း​သွား​လိမ့်​မယ်လို့​ ကျ​နော်မထင်ဘူး​။ တရုတ်အစိုး​ရက ​နောက်တက်လာတဲ့​ အရပ်ဝတ်စစ်အစိုး​ရကိုလည်း​ အရင်စစ်အစိုး​ရလိုပဲ ဆက်ပြီး​ဆက်ဆံသွား​မယ်လို့​ ကျ​နော်ထင်တယ်။ ​နောက်လာမယ့်​ ​ရွေး​ကောက်ပွဲမတိုင်မီအထိ မြန်မာအစိုး​ရသစ် ရင်ဆိုင်ရမယ့်​ ပြဿနာ ဘာလို့​ထင်ပါသလဲ။ အရပ်ဝတ်စစ်အစိုး​ရ ဗိုလ်ချုပ်သိန်း​စိန်တို့​ အ​နေနဲ့​ အခုရင်ဆိုင်ရမယ့်​ ပြဿ နာက နှစ်ခုပါ။ တခုက အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ကို ဘယ်လိုဆက်ကိုင်တွယ် သွား​မလဲ၊​ ရင်ဆိုင်သွား​မလဲဆိုတာ၊​ ​နောက်တခုက ဒီနယ်စပ်မှာရှိတဲ့​ ငြိမ်း​အဖွဲ့​တွေ ကို ဘယ်လို​ဖြေရှင်း​သွား​မလည်း​ဆိုတာ၊​ ဒါက သူတို့​အတွက် အပူတပြင်း​ ကိစ္စ​တွေ ဖြစ်လာပါမယ်။ အဲဒါ​တွေကို သူတို့​ ဦး​စား​ပေး​လုပ်ရမှာပါ။ နောက်ဆုံး​မေး​ချင်တာက လက်ရှိ ပြည်တွင်း​မှာလုပ်​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ကိစ္စ​တွေကို အန်အယ်ဒီအပါ အဝင် ပြည်တွင်း​ပြည်ပက အဖွဲ့​အစည်း​တွေက လုပ်​ဆောင်​နေတဲ့​အ​ပေါ်မှာ​ကော ဗမာပြည်ကွန်မြူနစ်ပါတီအ​နေနဲ့​ ဘယ်လိုမြင်ပါသလဲ။ ကျ​နော်က​တော့​ စစ်အစိုး​ရနဲ့​ စစ်အာဏာရှင်စနစ်ကို ဆန့်​ကျင်တိုက်ခိုက် ကြတဲ့​အခါမှာ ကိုယ့်​မှန်ရာမှန်ရာဘက်က လုပ်ကြတဲ့​သူ​တွေကို ​ထောက်ခံပါတယ်။ သူတို့​လည်း​ပဲ သူတို့​အ​နေအထား​အရ သင့်​သလိုလုပ်ခဲ့​တာ ​ကောင်း​တယ်လို့​ ထင် ပါတယ်။ ကျ​နော်တို့​လည်း​ ကျ​နော်တို့​ သန်ရာ ​မြေ​အောက်လုပ်ငန်း​က​နေ တဆင့်​ ပြီး​တဆင့်​ တခြား​နည်း​နဲ့​ လုပ်သွား​ပါမယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024