အိုလံပစ် အမျိုးသမီးဘောလုံး အာရှဇုန်ခြေစစ်ပွဲ မန္တလာသီရိကွင်းတွင် ကျင်းပမည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် အမျိုးသမီး အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့် ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ကနေ  ၂၂ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ  ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်က သတင်းထုတ်ပြန်ပါတယ်။ ပထမအဆင့်ပြိုင်ပွဲတွေက  တက်ရောက်လာတဲ့  မြန်မာ၊ ဂျော်ဒန်၊ တရုတ်(တိုင်ပေ)နဲ့ ဘိုင်ရရှိထားတဲ့  ဒုတိယအဆင့်က ၀င်ရောက်ယှဉ်ပြိုင်မယ့် ထိုင်းနဲ့ ဗီယက်နမ်အသင်းတွေ  အုပ်စုပတ်လည်ကစားကြမှာ ဖြစ်ပါတယ်။ အုပ်စု ပထမရရှိတဲ့အသင်းဟာ  နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ဘိုင်ရရှိထားတဲ့  သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယားအသင်းတွေနဲ့ အုပ်စုပတ်လည် ကစားရမှာ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယအသင်းက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနရိုးမှာ ကျင်းပမယ့် ၂၀၁၆ ရီယို အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ပထမအဆင့် ခြေစစ်ပွဲ ပြိုင်ပွဲမှာ အိန္ဒိယနဲ့ သီရိလင်္ကာ အမျိုးသမီးအသင်းတွေကို ဂိုးပြတ်နိုင်ခဲ့ပြီး အုပ်စုပထမ ရထားပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ၂၀၁၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ငွေတံဆိပ် ရထားတဲ့အသင်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up