တရုတ်တွင် ရေနံဓာတုစက်ရုံ မီးလောင် (ရုပ်သံ)

2.5K
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုံးပြည်နယ်ရှိ ရေနံဓာတု စက်ရုံတရုံ ဇူလိုင် ၁၆ ရက်နေ့က မီးလောင်ခဲ့လို့ မီးသတ်သမား အယောက် ၂၀၀ ကျော်နဲ့ မီးသတ်ကား အစီး ၄၀ လောက် မီးကြီးကို အပြင်းအထန် ငြှိမ်းသတ်နေရပါတယ်။
မီးဟာ မနက် ၇ နာရီခွဲလောက်မှာ စတင် လောင်ကျွမ်းခဲ့ပြီး သေဆုံးပျောက်ဆုံးမှုတွေကို အစီရင်ခံမှု မရှိသေးပါဘူး။
လောင်စာရည်တွေပါပြီး ၁၀၀၀ ကုဗမီတာရှိတဲ့ လှောင်ကန်ဟာ ရီကျိုးမြို့က စက်ရုံမှာ စပြီး ယိုစိမ့်ခဲ့တာပါ။
လောင်စာလှောင်ကန်မှာ မနက် ၉ နာရီလောက်ကတည်းက ၃ ကြိမ် ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ တလုံးကို လောင်စာရည် ၅၀၀ ကနေ ၁၀၀၀ ကုဗမီတာ အသီးသီးရှိကြတဲ့ နောက်ထပ်လှောင်ကန် ၁၂ ကန်လည်း ရှိနေပါတယ်။
မီးကို ထိန်းသိမ်းနိုင်ရေး ကူညီဖို့ ရီကျိုးကနေ မီးသတ်သမား ၁၃၈ ယောက်၊ ရှန်တုံးခရိုင်နားက ချင်းဒေါင်မြို့နဲ့ လင်းရီမြို့တွေဆီကနေ မီးသတ်သမား အယောက် ၁၀၀ လောက် အခင်းဖြစ်ရာကို အမြန်ရောက်လာခဲ့ကြပါတယ်။
တခြားမြို့တွေက မီးသတ်သမားတွေလည်း နောက်ပိုင်းမှာ ထပ်ရောက်လာဖို့ မျှော်လင့်ထားပါတယ်။