မေ၀ယ်သာ ကို မိန်းမအရိုက်ခံစေချင်ဟု ကိုယ်ခံပညာချန်ပီယံ ပြော

ဓာတ်ပုံ - ရိုက်တာ
2.6K
လက်ဝှေ့သမား မေ၀ယ်သာက မိန်းမတယောက်ရဲ့ ရိုက်နှက်တာကို ခံရရင် ဘယ်လိုခံစားရသလဲ ဆိုတာကို သိချင်တယ်လို့ ကိုယ်ခံပညာ ပေါင်းစုံ အသုံးပြုပြီး တိုက်ခိုက်ရတဲ့ အမျိုးသမီး ဘန်တန်ဝိတ် ယူအက်ဖ်စီ ချန်ပီယံ ရွန်ဒါ ရိုဆန်က ပြောပါတယ်။
ဇူလိုင် ၁၅ ရက် ယူအက်ဖ်စီက အကောင်းဆုံး တိုက်ခိုက်ရေးသမားအဖြစ် ချီးမြှင့်ခံရတဲ့ အချိန်မှာ မေ၀ယ်သာကို စကားလုံးနဲ့ ထိုးစစ်ဆင်လိုက်တာ ဖြစ်ပါတယ်။
“ကျမ မတတ်နိုင်ပါဘူး။ ဒါပေမယ့် မေ၀ယ်သာကို မိန်းမတယောက်က တခါလောက် ရိုက်ရင် ဘယ်လိုခံစားရမလဲ သိချင်တယ်” လို့ ရိုဆန်က ပြောပါတယ်။
ကိုယ်ခံပညာ တိုက်ခိုက်ရေးသမား ရိုဆန်က သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းအတွင်းမှာ ရှုံးပွဲမကြုံတွေ့ခဲ့ဖူးပါဘူး။
အမျိုးသမီးတွေအပေါ် အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ မေ၀ယ်သာနဲ့ ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်နေသူလည်း ဖြစ်ပါတယ်။
မေ၀ယ်သာဟာ အိမ်တွင်းအကြမ်းဖက်မှု ၆ ခုနဲ့ စွပ်စွဲခံထားရပြီး ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ် ၂ လ ချမှတ်ခံထားရပါတယ်။
ဇနီးဟောင်း မာလီဆာဘရင်ကို ရိုက်နှက်မှုနဲ့ အပြစ်ရှိကြောင်း မေ၀ယ်သာက တရားရုံးမှာ ၀န်ခံခဲ့ဖူးပါတယ်။
၂၀၀၃ ခုနှစ်ကလည်း လတ်စ်ဗီးဂတ်စ် ကလပ်တခုမှာ အမျိုးသမီး ၂ ဦးကို တိုက်ခိုက်မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်က အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်အတွက် အပြစ်ရှိတာကြောင့် ထောင် ၂ လ ကျခံခဲ့ရပါတယ်။