A d v e r t i s e m e n t With Us

ဆွစ်ဇာလန်တွင် ထိန်းသိမ်းထားသည့် ဖီဖာ အရာရှိတဦး အမေရိကန်ကို လွှဲပြောင်း

ဂျက်ဖရေးဝက်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ဆွစ်ဇာလန်နိုင်ငံမှာ ထိန်းသိမ်းထားတဲ့ ဖီဖာအမှုဆောင် အရာရှိတွေထဲက တဦးကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းပေးလိုက်ပြီလို့ ဆွစ်အာဏာပိုင်တွေက ပြောပါတယ်။ ဖီဖာ အမှုဆောင် အရာရှိ ၇ ဦးကို မေ ၂၇ ရက်က ဖမ်းဆီးခဲ့ကာ အဲဒီအထဲက အမည်မဖော်လိုသူ တဦးကို ရဲတပ်ဖွဲ့ဝင် ၃ ဦး ခြံရံပြီး အမေရိကန်၊ နယူးယောက်ကို ဇူလိုင် ၁၅ ရက်က ပို့လိုက်တယ်လို့ ဆွစ်တရားရေးဌာနက ပြောပါတယ်။ အမည်မဖော်ပြပေမယ့် ကေမန်ကျွန်းက ဖီဖာ ဒု-ဥက္ကဋ္ဌ ဂျက်ဖရေးဝက်ကတော့ အမေရိကန်ကို လွှဲပြောင်းပေးဖို့ တောင်းဆိုချက်ကို ခုခံခဲ့ခြင်း မရှိဘူးလို့ အစောပိုင်း သတင်းတွေက ဆိုပါတယ်။ ၀က်ဟာ ဗဟိုနဲ့ မြောက်အမေရိကန် ဘောလုံးအဖွဲ့ချုပ်နဲ့ သမုဒ္ဒရာပိုင်းဇုန်က ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါတယ်။ ဈေးကွက်ဆိုင်ရာ အခွင့်အရေးတွေ ရောင်းချရာမှာ ဒေါ်လာ သန်းနဲ့ချီ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့တယ်လို့ သူ့ကို စွပ်စွဲထားပါတယ်။ ဇူလိုင် ၁ ရက်က ဖမ်းဆီးထားတဲ့ ဖီဖာ အမှုဆောင် အရာရှိတွေကို လွှဲပေးဖို့ အမေရိကန်က တောင်းဆိုထားတဲ့ စာကို ပေးပို့ပြီး ရက် ၄၀ အတွင်း လွှဲပြောင်းပေးဖို့ သတ်မှတ်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up