A d v e r t i s e m e n t With Us

အန်အယ်လ်ဒီတွင် ၉၀ ရွေးကောက်ပွဲအထိမ်းအမှတ် စာတမ်းသုံး စောင်ဖတ်မည်

ဒီလ ၂၇ ရက်​နေ့​ကျရင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ကျင်း​ပမယ့်​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်ပွဲ အထိမ်း​အမှတ်အခမ်း​အနား​မှာ စာတမ်း​သုံး​စောင် ဖတ်ကြား​ဖို့​ စီစဉ်ထား​တယ်လို့​ အဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “၁၉၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲကို ဘာ​ကြောင့်​ဝင်ခဲ့​ရသလဲ” စာတမ်း​ကို အဖွဲ့​ချုပ် မွန်ပြည်နယ် စည်း​ရုံး​ရေး​ကော်မတီဝင်၊​ ပြည်သူ့​လွှတ်​တော်အမတ် ဦး​အောင်ကြည်ညွန့်​၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို ဘာ​ကြောင့်​ မဝင်ခဲ့​တာလဲ” စာတမ်း​ကို ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိမ်း​နဲ့​ ၁၉၉၀ ပြည့်​နှစ်​ရွေး​ကောက်ပွဲနဲ့​၂၀၁၀ ​ရွေး​ကောက်ပွဲ​တွေ​ပေါ်မှာ တိုင်း​ရင်း​သား​တွေရဲ့​ သ​ဘောထား​ စာတမ်း​ကို စီအာပီပီအတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင်က အသီး​သီး​ ပြုစုဖတ်ကြား​ကြမှာ ဖြစ်တယ်။” ဒီအခမ်း​အနား​မှာ မကြာ​သေး​ခင်က ပြန်လည်လွတ်​မြောက်လာကြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဂုဏ်ပြုတဲ့​ အစီအစဉ်တစ်ရပ်ကိုလည်း​ ထူး​ထူး​ခြား​ခြား​ထည့်​သွင်း​ထား​တယ်လို့​ သူက ​ပြောပါတယ်။ သမိုင်း​ဝင်ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ တပ်မ​တော်အစိုး​ရက ဦး​စီး​ကျင်း​ပတဲ့​ ပါတီစုံ ဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ အပြတ်အသတ် အနိုင်ရ​ပေမယ့်​ တပ်မ​တော်အစိုး​ရက အာဏာလွဲ​ပြောင်း​ပေး​ဖို့​ ပျက်ကွက်ခဲ့​ပါတယ်။ ၂၀၁၀ ခုနှစ်မှာ တပ်မ​တော်အစိုး​ရက ထပ်မံကျင်း​ပတဲ့​ ​ရွေး​ကောက်ပွဲမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဝင်မပြိုင်ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up