သမ္မတဟောင်း ဂျော့ခ်ျဘုရှ် လဲကျပြီး လည်ပင်းရိုးကျိုး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျဘုရှ်ဟာ မိန်းပြည်နယ်က အိမ်မှာ ဇူလိုင် ၁၅ ရက်နေ့က လဲကျပြီး လည်ပင်းရိုး ကျိုးသွားခဲ့တယ်လို့ ပြောခွင့်ရ ဂျင်မ် မက်ဂရက်သ်က ပြောပါတယ်။ သူ့အခြေအနေ တည်ငြိမ်နေပြီး လည်ပင်းထိန်း ကိရိယာ တပ်ထားရလိမ့်မယ်လို့ သူက တွစ်တာ လူမှုကွန်ရက် မီဒီယာကနေ ပြောပါတယ်။ အသက် ၉၁ နှစ်အရွယ် သမ္မတဟောင်း ဘုရှ်ကို မိန်းပြည်နယ် ပို့တ်လန်းမြို့ ဆေးရုံမှာ ကုသနေပြီး ဆေးရုံမှာ သိပ်ကြာကြာ နေရမှာ မဟုတ်ဘူးလို့ မက်ဂရက်သ်က ပြောပါတယ်။ ဒီဇင်ဘာလတုန်းကလည်း ဘုရှ်ဟာ အသက်ရှူရခက်တဲ့ ဝေဒနာ ခံစားရလို့ ဟူစတန် ဆေးရုံမှာ တပတ်ကြာ ကုသခံခဲ့ပါသေးတယ်။ ၁၉၈၉ ကနေ ၁၉၉၃ ခုနှစ်ကြား သမ္မတ သက်တမ်းကို ထမ်းဆောင်ခဲ့တဲ့ ရီပတ်ဗလစ်ကန် ပါတီက သမ္မတဟောင်း ဘုရှ်ဟာ ကူဝိတ်ကို ကျူးကျော်ခဲ့တဲ့ အီရတ်သမ္မတ ဆက်ဒမ်ဟူစိန်ကို ၁၉၉၀ မှာ တိုက်ခဲ့ဖူးပါတယ်။ သူဟာ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်ပွဲမှာ ဘီလ်ကလင်တန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up