စတိုင်ဂါနေရာကို ဗီဒယ်လ် ဖြင့် အစားထိုးရန် ဘိုင်ယန် စီစဉ်
ဂျာမနီ ဘွန်ဒစ်လီဂါ ဘိုင်ယန်မြူးနစ်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့သွားတဲ့ ရှဝိန်း စတိုင်ဂါ နေရာအတွက် အီတလီ စီးရီးအေ ဂျူဗင်တပ်အသင်းက အာတူရို ဗီဒယ်လ်နဲ့ အစားထိုးဖို့ ကြိုးစားနေပါတယ်။
စတိုင်ဂါနေရာအတွက် ချီလီအလယ်တန်းကစားသမား ဗီဒယ်လ်က အသင့်တော်ဆုံး ဖြစ်မယ်လို့ နည်းပြ ဂွာဒီယိုလာက မှတ်ထင်ထားတယ်လို့ ဆိုပါတယ်။
နှစ်ဘက်အသင်းက စကားပြောဆိုမှုတွေ လုပ်ဆောင်နေသလို ဂျူဗီက ပေါင် ၂၈ သန်း တောင်းဆိုထားပါတယ်။
၂၀၁၁ ခုနှစ်က ဗီဒယ်လ်ဟာ လေဗာကူဆင်ကနေ ပြောင်းရွှေ့လာပြီးတဲ့နောက် ဥရောပမှာ ထိပ်တန်း အလယ်တန်း ကစားသမားတဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဗီဒယ်လ်ဟာ ဂျူဗီအသင်းနဲ့ ၂၀၁၇ နှစ်အထိ စာချုပ် ကျန်ရှိနေပြီး ဂျူဗီအသင်းနဲ့ ဖလား ၄ ကြိမ်ရယူခဲ့သလို ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင်လည်း ကူညီပေးထားပါတယ်။