A d v e r t i s e m e n t With Us

ပဲခူးတိုင်းက ကလေးတဦး စစ်သားအဖြစ် သွတ်သွင်းခံရ

ပဲခူး​တိုင်း​၊​ မိုး​ညိုမြို့​နယ် သာယာကုန်း​ကျေး​ရွာအုပ်စု သ​ပြေပင်​ကျေး​ရွာက (၁၅) နှစ်အရွယ် က​လေး​ငယ်တ​ယောက်ကို က​လေး​စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ ​ခေါ်ယူသွား​တယ်လို့​ က​လေး​ရဲ့​အဘိုး​က ​ပြောပါတယ်။ မိုး​ညိုမြို့​နယ်၊​ သာယာကုန်း​ကျေး​ရွာအုပ်စု၊​ သ​ပြေပင်​ကျေး​ရွာမှာ မိခင်မုဆိုး​မကို လုပ်ကိုင်​ကျွေး​မွေး​နေတဲ့​ ​မောင်ကုလား​ကြီး​ခေါ် ​မောင်စိုး​မင်း​ထက်ကို စစ်တပ်ထဲ သွင်း​ခဲ့​တာပါ။ တရွာတည်း​သား​ ​နေပြည်​တော် တပ်ထိန်း​တပ်ရင်း​ ခလရ ၃၉၀ က တပ်သား​ ​ကျော်နိုင်ဝင်း​က ရွာကိုလာရင်း​ ​ခေါ်​ဆောင်သွား​တာလို့​ က​လေး​ရဲ့​အဘိုး​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။ “အဲဒီတပ်သား​ကျော်နိုင်ဝင်း​လေး​က ၅ လပိုင်း​၊​ ၁၃ ရက်​နေ့​ ​ရောက်လာပြီး​တော့​ ၁၆ ရက်​နေ့​လည်း​ကျ​ရော သူပြန်​တော့​ ကျ​နော့်​မြေး​လေး​က သူများ​အိမ်မှာ ငှား​နေတာ။ ဖရုံညွန့်​ရေ​လောင်း​နေရင်း​ သူ့​ညီ​လေး​ခေါ်ခိုင်း​ပြီး​တော့​ သူတို့​တောထဲထွက်သွား​တယ်။” မောင်ကုလား​ကြီး​ဟာ ၁၅ နှစ်သာသာအရွယ်ရှိ​သေး​တာ​ကြောင့်​ အသက် (၁၈) နှစ်ပြည့်​မှ စစ်တပ်ထဲကို ဝင်​ရောက်အမှုထမ်း​နိုင်တယ်ဆိုတဲ့​ ကန့်​သတ်ချက်ကို ချိုး​ဖောက်တာ ဖြစ်ပါတယ်။ မောင်ကုလား​ကြီး​ ​ခေါ် ​မောင်စိုး​မင်း​ထက်ဟာ အဖ ဦး​ကြည်ဝင်း​ (ကွယ်လွန်) နဲ့​ မိခင် ​ဒေါ်နွဲ့​တို့​ရဲ့​သား​ကြီး​ဖြစ်ပါတယ်။ သူဟာ မိခင်နဲ့​ ညီမနှစ်ဦး​၊​ ညီငယ်တဦး​ကို လယ်ထဲဆင်း​ပြီး​ တတ်အား​သ​ရွေ့​ လုပ်ကိုင်​ကျွေး​မွေး​နေတာလို့​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။ ဒီလ ၁၇ ရက်​နေ့​မှာ အဲဒီစစ်တပ်ကို တယ်လီဖုန်း​နဲ့​ ဆက်သွယ်​မေး​မြန်း​ခဲ့​တယ်လို့​ ဦး​ထွန်း​မြင့်​က ​ပြောပါတယ်။ “တပ်​ရေး​ဗိုလ်ကြီး​က ၁၇ ရက်​နေ့​က ကျ​နော်တို့​ ဆက်သွယ်​တော့​ စိုး​မင်း​ထက်ဆိုတဲ့​ ​ကောင်​လေး​ပါလာတယ်တဲ့​။ သူ့​အ​မေအ​ဖေ​တွေ စိတ်မပူပါနဲ့​လို့​ ​ပြောခိုင်း​တယ်။ ၁၈ ရက်​နေ့​လည်း​ဆက်​ကော သူတို့​က ပါမလာဘူး​တဲ့​။ နာမည်ထည့်​ပြောပြီး​မှ ​နောက်​နေ့​လည်း​ကျ​ရော လိမ်တယ်။ ကျ​နော်တို့​က ည​နေတခါ မနက်တခါ ဆက်​တော့​ ကျ​နော်တို့​ကိုပါ သူကကြိမ်း​တယ်။ တပ်ကို အသ​ရေဖျက်မှုနဲ့​ အ​ရေး​ယူလို့​ရတယ်ဆိုပြီး​ ကျ​နော့်​ကို ပြန်ခြိမ်း​ခြောက်တယ်။” မောင်ကုလား​ကြီး​ကို စစ်တပ်က​နေ တရား​ဝင်နုတ်ထွက်ခွင့်​ရ​ရေး​အတွက် ကူညီ​ပေး​ဖို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် စမ်း​ချောင်း​မြို့​နယ် ဥက္ကဋ္ဌ ဦး​သက်​ဝေထံမှာ သွား​ရောက်အကူအညီ​တောင်း​လို့​ ဒီက​နေ့​ပဲ ရန်ကုန်အ​ခြေစိုက် အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​ကို တိုင်ကြား​ပေး​ခဲ့​တယ်လို့​ ​ပြောပါတယ်။ “က​လေး​စစ်သား​ စု​ဆောင်း​တဲ့​ကိစ္စ​တွေက​တော့​ ပိုများ​လာတယ်။ ဘာလို့​လဲဆို​တော့​ တပ်ရင်း​တပ်ဖွဲ့​တွေမှာ တပ်သား​သစ်​တွေ စု​ဆောင်း​ဖို့​ တပ်အင်အား​ဖြည့်​တင်း​ဖို့​ဆိုတဲ့​ ​ပေါ်လစီက မဖျက်​သေး​ဘူး​။ မဖျက်​သေး​တော့​ အဲဒီမှာ သူ့​အ​ပေါ်မှာ မူတည်ပြီး​တော့​ တပ်သား​သစ် အင်အား​ဖြည့်​တင်း​တဲ့​နေရာမှာ အသက် ၁၈ နှစ်​အောက်​တွေကို မရမက စု​ဆောင်း​ပြီး​တော့​ မှတ်ပုံတင်​တွေမှာ အတုလုပ်ပြီး​တော့​ အသက်ပြည့်​ပါတယ်ဆိုပြီး​ သွတ်သွင်း​နေတာ​တွေ ဆက်လက်ရှိ​နေတုန်း​ပါပဲ။”

A d v e r t i s e m e n t With Us

More News
Up