Home
မြန်မာသတင်း
လှေစီးပြေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦး ပြန်လည်လွှဲပြောင်းရန်ညှိနှိုင်း
ပိုင်စိုး
·
July 16, 2015
တောင်ပြို (လက်ဝဲ) စခန်းမှာ ကျန်ရှိနေတဲ့ လှေစီးသွားလာသူတွေထဲမှ ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်ပြီး ပြန်လည်လက်ခံဖို့ အတည်ပြုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆၅ ဦးကို ဇူလိုင် ၂၂ ရက်နေ့မှာ ပြန်လည်လွှဲပြောင်းနိုင်ဖို့ နှစ်ဘက်ညှိနှိုင်းနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။ မေ ၂၁ ရက်နဲ့ ၂၉ ရက်တွေမှာ မြန်မာရေပိုင်နက်ထဲက ကယ်ဆယ်ခဲ့တဲ့ လှေစီးသွားလာသူတွေကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဇွန်လအတွင်း စုစုပေါင်း ၁၈၇ ယောက် ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အိမ်နီးချင်းကောင်းနိုင်ငံတွေ ဖြစ်တာနဲ့အညီ လွှဲပြောင်းဖို့ ကျန်ရှိနေတဲ့ လှေစီးသွားလာသူတွေအပေါ် စိစစ်တဲ့ လုပ်ငန်းစဉ်အရ မူရင်းနေရပ်ကို အမြန်ပြန်နိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024