A d v e r t i s e m e n t With Us

ယီမင်မြို့တော်ကို အာရပ်ညွန့်ပေါင်း လေကြောင်းတိုက်ခိုက်မှုရုပ်သံ ထွက်ပေါ် (ရုပ်သံ)

ယီမင်နိုင်ငံရဲ့မြို့တော် စာနာ လေကြောင်းကောလိပ်ကို ပစ်မှတ်ထားပြီး အာရပ် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုတွေ ဇူလိုင် ၁၄ ရက် အင်္ဂါနေ့က လုပ်ခဲ့တဲ့ မှတ်တမ်း ရုပ်သံတရပ်ကို လူမှုကွန်ရက် မီဒီယာပေါ် ဒေသခံတွေက တင်ပြခဲ့ပါတယ်။ စာနာမြို့ အနောက်ပိုင်းက ကောလိပ်ကနေ ထွက်လာတဲ့ မီးခိုးတွေကို ရုပ်သံထဲမှာ မြင်ရတာပါ။ အင်္ဂါနေ့က ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ လေကြောင်းကောလိပ်ကို ၃ ကြိမ် အောင်အောင်မြင်မြင် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အယ်လ်မာရှဒ် အင်တာနက် စာမျက်နှာက အစီရင်ခံပါတယ်။ စာနာမြို့ထဲက အားကစားမြို့တော်၊ အားကစားရုံနဲ့ ဘောလုံးအဖွဲ့ အဆောက်အဦတို့လည်း လေကြောင်းတိုက်ခိုက်မှု ထိမှန်ခံခဲ့ရပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်တပ်တွေက အင်္ဂါနေ့မှာပဲ အေဒင်မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ အီရန်နဲ့ မဟာမိတ် ဟူသီပြည်သူ့စစ် သူပုန်တွေက အေဒင်မြို့ကို သိမ်းထားခဲ့လို့ ဆိပ်ကမ်းမြို့အတွင်း တိုက်ပွဲ အကြီးအကျယ် ဖြစ်ခဲ့တယ်၊ လူသားချင်း စာနာမှုအတွက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ခဲ့တယ်လို့ ပြည်ပြေးအစိုးရက ပြောပါတယ်။ ပြည်ပြေးသမ္မတ အဘ်ဒယ် ရာဘူ မန်ဆူးလ် ဟာဒီကို သစ္စာခံတဲ့ တပ်တွေက အေဒင်ရဲ့ မြို့လယ်ခရိုင်ကို သိမ်းထားပြီး ဆိပ်ကမ်းပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ အကူအညီ ပေးရေးအဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ညွန့်ပေါင်းတပ်တွေရဲ့ ကျောထောက်နောက်ခံ ပေးမှုကြောင့် ပြည်ပြေးသမ္မတကို သစ္စာခံတဲ့ တပ်တွေက ဒီအပတ်ထဲမှာ အေဒင်မြို့ရဲ့ အစိတ်အပိုင်း အတော်များများကို စီးနင်းခဲ့ပါတယ်။ မတ်လနှောင်းပိုင်းက ပြည်ပြေးဖြစ်ခဲ့တဲ့ သမ္မတ ဟာဒီကို ရာထူးပြန်အပ်ဖို့ အာရပ်ညွန့်ပေါင်းတပ်က ယီမင်ကို သိမ်းထားတဲ့ ဟူသီတပ်တွေကို ဗုံးကြဲနေခဲ့တာပါ။ စက်တင်ဘာလက ဟူသီတွေက မြို့တော် စာနာကို သိမ်းပိုက်ခဲ့လို့ သမ္မတ ဟာဒီဟာ အေဒင်မြို့မှာ ခိုလှုံနေခဲ့တာပါ။ ဟူသီတွေက အေဒင်မြို့ကိုပါ တိုက်ခဲ့လို့ ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ဆီ ဆက်ပြီး ထွက်ပြေးခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up