A d v e r t i s e m e n t With Us

ဒုက္ခသည်များ စခန်းတွင်း နေထိုင်ခြင်း ရှိမရှိ စစ်ဆေးပြီ

ထိုင်း​နိုင်ငံထဲက မြန်မာဒုက္ခသည်စခန်း​တွေမှာ ဒုက္ခသည်တချို့​ အမှန်တကယ်​နေထိုင်ခြင်း​ ရှိမရှိ ကို စစ်​ဆေး​နေပြီ ဖြစ်ပါတယ်။ တပ်ခရိုင်က ကရင်ဒုက္ခသည်စခန်း​တွေဖြစ်တဲ့​ မယ်လ၊​ အုန်း​ဖျန်နဲ့​နိုဖိုး​ ၃ ခုကို မ​နေ့​ကစပြီး​ ထိုင်း​နိုင်ငံ တပ်ခရိုင်အုပ်ချုပ်​ရေး​ဌာနက လူဦး​ရေစာရင်း​ ပြန်လည်စစ်​ဆေး​နေပြီး​ ​လော​လောဆယ် UNHCR က ထုတ်​ပေး​တဲ့​ ဒုက္ခသည် လက်မှတ်ရှိထား​ပြီး​သူ​တွေကို စတင်စစ်​ဆေး​နေတယ်လို့​ မယ်လဒုက္ခသည်စခန်း​ တွဲဖက်အတွင်း​ရေး​မှူး​ ​စောဖိုး​ဖား​ဆိက ​ပြောပါတယ်။ UNHCR နဲ့​ ထိုင်း​ပြည်ထဲ​ရေး​ဌာနက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု စာရွက်စာတန်း​တွေ ထုတ်ထား​ပေး​တဲ့​ တရား​ဝင်ဒုက္ခသည် (၂) ​သောင်း​ကျော်ဟာ စစ်​ဆေး​နေတုန်း​ စခန်း​မှာ မရှိရင် စာရင်း​က​နေ ပယ်ဖျက်မှာ ဖြစ်ပါတယ်။ မယ်လဒုက္ခသည်စခန်း​မှာ လူဦး​ရေ (၄) ​သောင်း​ကျော် ရှိ တယ်လို့​ ဒုက္ခသည်​တွေကို ရိက္ခာ​ထောက်ပံ့​ပေး​နေတဲ့​ ထိုင်း​မြန်မာ နယ်စပ် ပူး​ပေါင်း​ဆောင်ရွက်​ရေး​ကော်မီတီ TBBC ရဲ့​စာရင်း​မှာ ပါရှိပါတယ်။ ဒီစာရင်း​တွေအရ မယ်လ ဒုက္ခသည်စခန်း​တခုထဲမှာ UNHCR အသိအမှတ် မပြုရ​သေး​တဲ့​ ဒုက္ခသည် (၂) ​သောင်နီး​ပါး​ခန့်​ရှိ​နေပါတယ်။ ဒုက္ခသည်အ​ဟောင်း​ စစ်​ဆေး​ရေး​ကို ၃ လ အချိန်​ပေး​မှာဖြစ်ပြီး​ စာရင်း​မရှိ​သေး​သူ​တွေကို ​နောက်ပိုင်း​မှာ ဆက်လက်စစ်​ဆေး​သွား​မှာဖြစ်ပါတယ်။ ထိုင်း​နိုင်ငံ တပ်ခရိုင် အုန်း​ဖန်မြို့​နယ် ​တောင်ဘက်အစွန်း​က ဒုက္ခသည် ၁ ​သောင်း​ခွဲ​ကျော်ရှိတဲ့​ နိုဖိုး​ဒုက္ခသည်စခန်း​မှာလည်း​ စစ်​ဆေး​နေတယ်လို့​ စခန်း​ရပ်ကွက်လူကြီး​တဦး​ရဲ့​ ​ပြောပြချက်အရ သိရပါတယ်။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ မယ်​ဟောင်​ဆောင်ခရိုင်က လူဦး​ရေ ၂ ​သောင်း​ခန့်​ ရှိတဲ့​ ကရင်နီဒုက္ခသည်စခန်း​ ၂ ခုမှာ​တော့​ ခုလိုပြန်လည်စစ်​ဆေး​ရေး​တွေ လုပ်​နေတာ မရှိပါဘူး​။

A d v e r t i s e m e n t With Us

More News
Up