အသင်းဟောင်း အနာဂတ် လှပရန် ဗန်ပါစီ ဆုတောင်းပေး

ဓာတ်ပုံ - goal.com
2.4K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အနာဂတ်တွေ လှပဖို့ ကစားသမားဟောင်း ဗန်ပါစီက ဆန္ဒပြုလိုက်ပါတယ်။
တူရကီကလပ် ဖီနာဘာချီကို ပေါင် ၄ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူး ဗန်ပါစီက လူမှုရေးကွန်ရက် တွစ်တာကနေ တဆင့် ရေးသားလိုက်တာ ဖြစ်ပါတယ်။
မန်ယူအသင်းဖော် ကစားသမားတွေနဲ့ အမှုဆောင် အရာရှိတွေကို ချီးကျူးစကား ပြောဆိုခဲ့ပေမယ့် နည်းပြ ဗန်ဂါးကိုတော့ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိပါဘူး။
“အရိုးသားဆုံး ပြောရရင် ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ဆိုးဆိုးဝါးဝါး မခံစားရပါဘူး။ အားလုံးကို လက်ခံပါတယ်။ ကစားသမားတွေနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိဖို့က အရေးကြီးပါတယ်” လို့ ဗန်ပါစီက ပြောပါတယ်။
ဇူလိုင် ၁၄ ရက်က ဗန်ပါစီကို ဖီနာဘာချီ ပရိသတ် ၁ သောင်း ၈ ထောင် နီးပါးက ကြိုဆိုခဲ့ကြပါတယ်။
ဗန်ပါစီဟာ ဖီနာဘာချီမှာ မန်ယူကစားသမားဟောင်း နာနီနဲ့ အတူတွဲပြီး ကစားရမှာ ဖြစ်ပါတယ်။