A d v e r t i s e m e n t With Us

ရေနံဓာတုစက်ရုံ မီးလောင်မှု ပြင်သစ် အာဏာပိုင်များ စုံစမ်း (ရုပ်သံ)

ပြင်သစ်အာဏာပိုင်တွေက နိုင်ငံတောင်ပိုင်းက ရေနံဓာတုစက်ရုံမှာ မီး ၂ ကြိမ် လောင်ခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဇူလိုင် ၁၄ ရက်နေ့က စတင်လိုက်ပါတယ်။ စက်ရုံကို အမေရိကန်ကုမ္ပဏီက ပိုင်ပြီး ပြင်သစ်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် မာဆေးလီရဲ့ လေဆိပ်နားမှာ ရှိနေတာပါ။ ညအချိန်မှာ လောင်စာကန် ၂ ခု မီးလောင်တဲ့ အပျက်အစီးရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေကို စုံစမ်း စစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးပြီလို့ တရားရုံး ဒုတရားသူကြီးက ရေမီအေဗွန်က ပြောပါတယ်။ မြို့အာဏာပိုင်တွေကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပထမမီးလောင်မှုကို မနက်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယမီးက ရေနံစိမ်း ဒါမှမဟုတ် ကီရိုဆဲင်းလို့ ခေါ်တဲ့ လောင်စာကုန်ကြမ်း ကုဗမီတာ ၄၂၀၀၀  ထည့်ထားတဲ့ လှောင်ကန်ကို မီးစွဲ လောင်ခဲ့တာပါ။ ဒါကြောင့် အင်မတန် အားကောင်းတဲ့ မီးခိုးလုံးတွေ ဖြစ်ခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြီး သိုလှောင်ကန် ၂ လုံးဟာ ၁ လုံးနဲ့ ၁ လုံး မီတာ ၅၀၀ ဝေးတယ်လို့ ဆိုပါတယ်။ မီးခိုးလုံးတွေက ကျန်းမာရေးအတွက် ဘေးအန္တရာယ် ချက်ချင်း မကျရောက်ဘူး မာဆေးလဲ့စ် လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်တွေအပေါ်လဲ သက်ရောက်မှု မရှိခဲ့ဘူးလို့ ဒေသခံအုပ်ချုပ်ရေးမှူးက  ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up