ဒေါက်တာ သန်းထွဋ်အောင် ၏ ယာဉ်ပစ်ခတ်မှု ၂ ဦးကို ဖမ်းဆီးစစ်ဆေး

ဖမ်းဆီးရမိသည့် အငှားယာဉ်မောင်း တီကောင် (ခ) ရန်နိုင်။ (ဓာတ်ပုံ - Yangon Police Office)
အလဲဗင်းမီဒီယာဂရုရဲ့ စီအီးအို ဒေါက်တာသန်းထွဋ်အောင်ရဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက် ခံရမှုနဲ့ပတ်သက်ပြီး လူ ၂ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပစ်ခတ်သူတွေ စီးနင်းထွက်ပြေးသွားတဲ့ကား မောင်းတဲ့သူနဲ့ ကားငှားတဲ့သူကိုလည်း ဖမ်းမိထားပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အမှုကို ဆက်လက်စစ်ဆေးနေပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သူ နောက်ထပ် ၂ ဦး ရှိတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ယာဉ်ကို ဇူလိုင် ၁၄ ရက်နေ့ ညနေက ရန်ကုန်မြို့ ဦးချစ်မောင်လမ်းနဲ့ မင်းလမ်းထောင့်မှာ လေးခွထဲ ကုန်းသီးထည့်ပြီး အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး လူကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up