A d v e r t i s e m e n t With Us

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရ လက်တွေ့ဆောင်ရွက်ရန်လို

နိုင်ငံတွင်း​မှာ ဖြစ်​ပေါ်​နေတဲ့​ သဘာဝပတ်ဝန်း​ကျင်ဆိုင်ရာ ပျက်စီး​ယိုယွင်း​မှု​တွေကို ထိန်း​သိမ်း​နိုင်ဖို့​ ပညာရှင်​တွေရဲ့​ အကြံဥာဏ်​တွေရယူပြီး​ အစိုး​ရသစ်က လက်​တွေ့​ အ​ကောင်အထည် ​ဆောင်ရွက်ဖို့ လိုတယ်လို့​ သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ တတ်သိပညာရှင်​တွေက ​ပြောဆို လိုက်ကြပါတယ်။ အစိုး​ရအဖွဲ့​သစ်ရဲ့​ သစ်​တော​ရေး​ရာဝန်ကြီး​ ဦး​ဝင်း​ထွန်း​ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ကော်မတီက ဒီလ ၂၃ ရက်​နေ့​မှာ ရန်ကုန်မြို့​ရှိ IBC (International Business Center) ပြုလုပ်ခဲ့​တဲ့​ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ကော်မတီ အပါအဝင် ပြည်​ထောင်စု အစိုး​ရအဖွဲ့​ဝင်​တွေနဲ့​ NGO, INGO အဖွဲ့​အစည်း​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲအပြီး​ ပညာရှင် ​တွေက ​ပြောကြား​လိုက်ကြတာ ဖြစ်ပါတယ်။ အဲ့​ဒီလို ​ပြောကြား​ထား​တဲ့​အထဲက ဖရီဒါ​ခေါ် “သစ်​တောရင်း​မြစ် သဘာဝပတ်ဝန်း​ကျင် ဖွံ့​ဖြိုး​တိုး​တက်​ရေး​နှင့်​ ထိန်း​သိမ်း​စောင့်​ရှောက်​ရေး​အဖွဲ့​”ရဲ့​ ဒု-ဥက္ကဋ္ဌ ဦး​အုန်း​နဲ့​ ​မေး​မြန်း​ထား​ပါတယ်။ မ​နေ့​က IBC မှာ လုပ်ခဲ့​တဲ့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ကော်မတီရဲ့​ ပညာရှင်​တွေနဲ့​ စာနယ်ဇင်း​ဆရာ​တွေရဲ့​ ​တွေ့​ဆုံပွဲအ​ကြောင်း​ ရှင်း​ပြ​ပေး​ပါဦး​။ “ဦး​ဝင်း​ထွန်း​က သစ်​တော​ရေး​ရာဝန်ကြီး​ပေါ့​။ သူက သဘာဝဝန်း​ကျင် ဥက္ကဋ္ဌ၊​ ​နောက်ရန်ကုန်တိုင်း​ဒေသကြီး​က ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေကလည်း​ ​ပြောတယ်။ သူတို့​ နှစ် ​ယောက် ​ပြောပြီး​တော့​ လူ​လေး​ငါး​ဆယ်​ယောက်​လောက်က​တော့​ ထ​မေး​ကြ၊​ ​ပြောကြ၊​ အကြံပြုကြ၊​ ​ဆွေး​နွေး​ကြတာ​ပေါ့​။ ​တော်​တော်ပွင့်​ပွင့်​လင်း​လင်း​ပဲ ရှိပါတယ်။” ဒီအခမ်း​အနား​မှာ ဆရာအ​တွေ့​အကြုံ​ရော ဘာ​တွေရှိခဲ့​လဲဗျ။ “သူတို့​က ပွင့်​ပွင့်​လင်း​လင်း​ ရှိပြီး​တော့​ ဒါက ပထမဦး​ဆုံး​ပေါ့​။ လွတ်လွတ်လပ်လပ်နဲ့​ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောခွင့်​ပေး​တာဆို​တော့​ ဝမ်း​သာစရာ​ပေါ့​။ ဆရာအပါအဝင် အခြား​ပုဂ္ဂိုလ်​တွေက​ရော ဘာ​တွေ ​မေး​မြန်း​ဆွေး​နွေး​ခဲ့​ကြလဲဗျ။ “ကျ​နော်က​တော့​ ဥပ​ဒေ​တွေဘာ​တွေ လုပ်ဖို့​၊​ သဘာဝဝန်း​ကျင်ထိန်း​သိမ်း​ရေး​ဆိုင်ရာဥပ​ဒေတို့​၊​ ဇီဝ​ဘေး​ကင်း​ရေး​ဥပ​ဒေ၊​ မူပိုင်ခွင့်​ဥပ​ဒေတို့​၊​ ရင်း​နှီး​မြှုပ်နှံမှု ဥပ​ဒေ တို့​ စသည်​ပေါ့​။ ဒါ​တွေကို ကျ​နော်တို့​ ​ဆွေး​နွေး​တယ်။ စာ​ရေး​ဆရာ ချစ်စံဝင်း​ကလည်း​ ​တော်​တော်​လေး​ ​ဆွေး​နွေး​ခဲ့​တယ်။ စာ​ပေလွတ်လပ်ခွင့်​ရဖို့​ အစိုး​ရနဲ့​ ပတ်သက်ပြီး​တော့​ စာ​ပေစိစစ်​ရေး​က relax (​လျော့​ပေါ့​) လုပ်ဖို့​ကိစ္စ​ပြောတယ်။ ​နောက်ကျ​နော်တို့​ သူ့​ရှု​ထောင့်​နဲ့​သူ ​ပြောကြဆိုကြ ရှိပါတယ်။ ဒီလို​ဆွေး​နွေး​ အကြံ​ပေး​ခဲ့​ကြ​တော့​ အစိုး​ရအဖွဲ့​အ​နေနဲ့​ အ​ကောင်အထည်​ဖော်မယ့်​ လုပ်ငန်း​စဉ်​တွေနဲ့​ပတ်သက်ပြီး​တော့​ အာမခံပြီး​ ​ဖြေကြား​ပေး​သွား​တာမျိုး​တွေ​ရော ရှိမလား​ဗျ။ “ဘာမှ​တော့​ အ​ဖြေ​ပေး​မသွား​ဘူး​။ ကျ​နော်တို့​ အကြံ​ပေး​တာ​တွေ အကုန်မှတ်သွား​တယ်။ ကျ​နော်တို့​ပေး​တဲ့​ အကြံဥာဏ်​တွေက အလွန်​ကောင်း​တယ်၊​ သူ​မျှော်လင့်​ထား​သလိုပဲ ပွင့်​ပွင့်​လင်း​လင်း​ ​ပြောကြဆိုကြတာ​တွေ ကြိုဆိုတယ်။ ဒါ​တွေမှတ်သား​ပြီး​ အတတ်နိုင်ဆုံး​ သူအဆင်​ပြေ​အောင်လုပ်မယ်လို့​တော့​ ​ပြောသွား​တာပဲ။ သူတို့​အတတ်နိုင်ဆုံး​ ကြိုး​စား​မယ်လို့​ ​ပြောတယ်။” အစိုး​ရအဖွဲ့​အ​နေနဲ့​ ဆရာတို့​ ပညာရှင်​တွေရဲ့​ အကြံ​ပေး​ချက်​တွေကို တကယ်​ရော အ​ကောင်အထည်​ဖော်လာနိုင်ပါ့​မလား​ဗျ။ “ပြုပြင်​နေတာ​တော့​ ​သေချာတယ်။ သူတို့​ ဆန္ဒရှိတယ်။ သူတို့​ရဲ့​ ​ပြောပြချက်​တွေက စနစ်ကျတယ်လို့​ ယူဆတယ်။ အ​ကောင်အထည်​ဖော်ဖို့​ ဆိုတာ​တော့​ တချို့​ကိစ္စ​တွေက ​နေ့​ချင်း​ညချင်း​ လုပ်လို့​မရဘူး​။ ဥပ​ဒေလိုဟာမျိုး​ဆိုပါ​တော့​၊​ ဥပ​ဒေ​တွေကို မူကြမ်း​တွေ​တော့​ ဆွဲပြီး​ပြီ။ အ​ကောင်အထည် ဥပ​ဒေအ​နေနဲ့​တော့​ မသက်​ရောက်​သေး​ဘူး​။ အဲဒါ​တွေ​တော့​ ​နေ့​ချင်း​ညချင်း​ လုပ်ဖို့​မလိုပါဘူး​။ အချိန်​တော့​ ယူရမယ်။ အချိန်သိပ်ယူရင်လည်း​ ​ခေတ်နဲ့​အပြိုင် ​နောက်ကျသွား​မှာစိုး​လို့​ အကြံပြုတယ်။” အရင်တုန်း​ကဆိုရင် အစိုး​ရက ပညာရှင်​တွေ​ပြောတာ သိပ်ဂရုမစိုက်ခဲ့​တဲ့​ ​နေရာက​နေ အခုပညာရှင်​တွေရဲ့​ အကြံ​ပေး​တာ​တွေကို လက်ခံလာတယ်​ပေါ့​။ ဒီအ​ပေါ်ကို​ရော ဆရာဘယ်လိုမြင်လဲဗျ။ “ကျ​နော်တို့​ ဒီလိုအခွင့်​အ​ရေး​မျိုး​က ပထမဦး​ဆုံး​ ရတဲ့​အခွင့်​အ​ရေး​မျိုး​။ ပထမဦး​ဆုံး​ လွတ်လွတ်လပ်လပ် နိုင်ငံ​တော်အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ အန်ဂျီအိုနဲ့​ မီဒီယာနဲ့​ စာ​ရေး​ဆရာ​တွေ၊​ ပညာရှင်​တွေနဲ့​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​တာ​တော့​ ဒီ​ခေတ်မှာ ပထမဦး​ဆုံး​ဆို​တော့​ ကြိုဆိုပါတယ်။ ​ကျေနပ်တယ်။ အဲဒါ​လေး​ပဲ။ နိုင်ငံ​တော် အစိုး​ရလည်း​ အပြုသ​ဘောမျိုး​နဲ့​ စာလည်း​ရေး​တယ်။ ​ပြောလည်း​ပြောတယ်။ ​ဟော​ပြောပွဲ​တွေလုပ်တယ်။ အဲဒါ​တွေအ​ပေါ်မှာကိုလည်း​ လွတ်လွတ်လပ်လပ် ရှိတဲ့​အတွက် ​ကျေနပ်ပါတယ်။ ကျ​နော်တို့​အ​ပေါ်မှာ ​ကောင်း​မြင်ပြီး​တော့​ ဒီအဖိုး​ကြီး​တွေက သူတို့​သေခါနီး​မှာ တိုင်း​ပြည်အတွက် သူတို့​ အ​ကောင်း​ဆုံး​ဖြစ်​အောင် ​စေတနာနဲ့​လုပ်တယ်ဆိုတာကို သူတို့​ လက်ခံတာကို​တော့​ ကျ​နော်ယုံပါတယ်။ လက်မခံဘူး​ဆိုရင်​တော့​ ကျ​နော်လည်း​ အချုပ်ထဲ​ရောက်တာ ကြာပြီ။ ​စေတနာထား​တာကို​တော့​ ​ကျေး​ဇူး​လည်း​တင်တယ်။ ​ရှေ့​လည်း​ဆက်ပြီး​တော့​ အတတ်နိုင်ဆုံး​ သဘာဝဝန်း​ကျင်သာယာ​အောင် လုပ်မယ်လို့​ ခံယူထား​ပါတယ်။” သမ္မတဦး​သိန်း​စိန်ဦး​ဆောင်တဲ့​ အစိုး​ရသစ်လက်ထက်မှာ သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ကော်မတီကို ဆက်စပ်ဝန်ကြီး​ဌာန​တွေက ဝန်ကြီး​တွေ၊​ ဒုတိယဝန်ကြီး​တွေ၊​ ညွှန်ကြား​ရေး​မှူး​ချုပ်​တွေပါဝင်တဲ့​ အဖွဲ့​ဝင် ၂၁ ဦး​နဲ့​ ပြင်ဆင်ဖွဲ့​စည်း​ခဲ့​ပါတယ်။ ဒီအခမ်း​အနား​မှာ​တော့​ သဘာဝပတ်ဝန်း​ကျင်ထိန်း​သိမ်း​ရေး​ကော်မတီဥက္ကဋ္ဌ သစ်​တော​ရေး​ရာဝန်ကြီး​ ဦး​ဝင်း​ထွန်း​က နိုင်ငံ​တော်အဆင့်​က ​ဆောင်ရွက်ရမယ့်​ သဘာဝပတ်ဝန်း​ကျင်ဆိုင်ရာ လုပ်ငန်း​နယ်ပယ်များ​အ​ပေါ် ​ဝေဖန်အကြံ​ပေး​မှု​တွေကို ကြိုဆိုလက်ခံမှာဖြစ်သလို အကြံ​ပေး​မှု​တွေကို အဆင့်​ဆင့်​ အမြန်ဆုံး​ အ​ကောင်ထည်​ဖော်မယ်လို့​လည်း​ ထည့်​သွင်း​ပြောကြား​ခဲ့​ပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ မြန်မာနိုင်ငံမှာ သစ်​တောဖုံး​လွှမ်း​မှု ဧရိယာမှာ ၄၇ ရာခိုင်နှုန်း​သာ ကျန်ရှိ​တော့​ပြီး​ နှစ်အလိုက် သစ်​တောဧရိယာ ​လျော့​ကျမှုမှာ ဟက်တာ ၅၀,၀၀၀ နီး​ပါး​ရှိ​နေသလို မြန်မာ့​သစ်​တော​တွေရဲ့​ ​မြေ​ပေါ်နှင့်​ ​မြေ​အောက်ကာဗွန် ထိန်း​သိမ်း​ထား​နိုင်စွမ်း​မှာ ၁၉၉၀ ပြည့်​နှစ်က​နေ ၂၀၁၀ အတွင်း​ ၀ ဒသမ ၃၈၇ မီလျံမက်ထရစ်တန် ​လျှော့​ကျလာခဲ့​ရတယ်လို့​ အာဆီယံ​ဒေသတွင်း​နိုင်ငံ​တွေက ပညာရှင်​တွေရဲ့​ စစ်တမ်း​က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up