Home
လူမှုရေး
ဧည့်စားရင်အတွက် ငွေနှစ်ဆ တိုးကောက်
နော်နိုရင်း
·
May 25, 2011
ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်အတွင်း​က ​ကျေး​ရွာတချို့​မှာ ဧည့်​စာရင်း​ တိုင်ကြား​ရာ အရင်တုန်း​ကထက် ​ငွေနှစ်ဆပို​ပေး​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဘိုက​လေး​မြို့​နယ် ကြိမ်​ချောင်း​ကြီး​ နဲ့​ ကျွန်း​သာယာ ​ကျေး​ရွာအုပ်စု​တွေမှာ ၁၅ ရက်စာ ဧည့်​စာရင်း​ကို အရင်က ၅၀၀ ကျပ် ​ပေး​ဆောင်ရ​ပေမယ့်​ အစိုး​ရသစ် တက်လာပြီး​တဲ့​နောက် တခါတိုင် ကျပ် ၁,၀၀၀ ​ပေး​ဆောင်ရတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကို သွား​ရောက်​မေး​မြန်း​ရာမှာ ပြန်လည်စစ်​ဆေး​ပေး​မယ်လို့​ ​ပြောဆို​ကြောင်း​ အဲဒီ​သေခံက ​ပြောပါတယ်။ “ရက်ရှည် ၁၅ ရက်ကို ၅၀၀ ​ပေး​ရတာ။ အခု ၁၀၀၀ ဖြစ်သွား​လို့​ ကျွန်း​သာယာ ဥက္ကဋ္ဌ ကို ကျ​နော်သွား​မေး​တယ်။ အဲဒါ မဟုတ်ပါဘူး​တဲ့​။ ကျ​နော်တို့​ ​ခေါ်ယူ​မေး​မြန်း​ပါဦး​မယ်တဲ့​။ အဲဒီလို​ပြောတယ်။ အဲဒါ ကြိမ်​ချောင်း​ရော ကျွန်း​သာယာ​ရော ဖြစ်​နေလို့​ ကျ​နော်သွား​မေး​တာပါ။” အခုလ ၁၂ ရက်​နေ့​တိုင်း​ကလည်း​ ကျွန်း​သာယာ ရာအိမ်မှူး​တွေက နယ်​မြေခံစစ်တပ်နဲ့​ပေါင်း​ပြီး​ ဧည့်​စာရင်း​ မတိုင်တဲ့​သူ​တွေကို ကျပ်​သောင်း​နဲ့​ချီ ​ကောက်ခံထာ​တွေ ရှိတယ်လို့​လည်း​ အဲဒီ​ဒေသခံက ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024