A d v e r t i s e m e n t With Us

ဧည့်စားရင်အတွက် ငွေနှစ်ဆ တိုးကောက်

ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ်အတွင်း​က ​ကျေး​ရွာတချို့​မှာ ဧည့်​စာရင်း​ တိုင်ကြား​ရာ အရင်တုန်း​ကထက် ​ငွေနှစ်ဆပို​ပေး​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ ဘိုက​လေး​မြို့​နယ် ကြိမ်​ချောင်း​ကြီး​ နဲ့​ ကျွန်း​သာယာ ​ကျေး​ရွာအုပ်စု​တွေမှာ ၁၅ ရက်စာ ဧည့်​စာရင်း​ကို အရင်က ၅၀၀ ကျပ် ​ပေး​ဆောင်ရ​ပေမယ့်​ အစိုး​ရသစ် တက်လာပြီး​တဲ့​နောက် တခါတိုင် ကျပ် ၁,၀၀၀ ​ပေး​ဆောင်ရတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကို သွား​ရောက်​မေး​မြန်း​ရာမှာ ပြန်လည်စစ်​ဆေး​ပေး​မယ်လို့​ ​ပြောဆို​ကြောင်း​ အဲဒီ​သေခံက ​ပြောပါတယ်။ “ရက်ရှည် ၁၅ ရက်ကို ၅၀၀ ​ပေး​ရတာ။ အခု ၁၀၀၀ ဖြစ်သွား​လို့​ ကျွန်း​သာယာ ဥက္ကဋ္ဌ ကို ကျ​နော်သွား​မေး​တယ်။ အဲဒါ မဟုတ်ပါဘူး​တဲ့​။ ကျ​နော်တို့​ ​ခေါ်ယူ​မေး​မြန်း​ပါဦး​မယ်တဲ့​။ အဲဒီလို​ပြောတယ်။ အဲဒါ ကြိမ်​ချောင်း​ရော ကျွန်း​သာယာ​ရော ဖြစ်​နေလို့​ ကျ​နော်သွား​မေး​တာပါ။” အခုလ ၁၂ ရက်​နေ့​တိုင်း​ကလည်း​ ကျွန်း​သာယာ ရာအိမ်မှူး​တွေက နယ်​မြေခံစစ်တပ်နဲ့​ပေါင်း​ပြီး​ ဧည့်​စာရင်း​ မတိုင်တဲ့​သူ​တွေကို ကျပ်​သောင်း​နဲ့​ချီ ​ကောက်ခံထာ​တွေ ရှိတယ်လို့​လည်း​ အဲဒီ​ဒေသခံက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up