A d v e r t i s e m e n t With Us

တိုက်စစ်မှူး တီဗက်ဇ် ဘိုကာဂျူနီယာကို ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်ဟာ ဂျူဗင်တပ်အသင်းကနေ သူ ကစားသမားဘ၀ စတင်ခဲ့တဲ့ အသင်းဟောင်း ဘိုကာဂျူနီယာကို ပေါင် ၄ ဒသမ ၆ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ကို ဂန္ထ၀င်ကစားသမားကြီး မာရာဒိုနာ အပါအ၀င် ပရိသတ် ၄ သောင်းကျော်က ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ တီဗက်ဇ်ဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၁ ခုနှစ်က ဘိုကာဂျူနီယာအသင်းမှာ စတင်ကစားခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၄ ခုနှစ်မှာ ကိုရင်သီယန်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ၀က်စ်ဟမ်း၊ မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ် ကလပ်တွေမှာ ပြောင်းရွှေ့ကစားခဲ့ပြီး အခုတော့ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up