ကန်တက်ကီပြည်နယ်တွင် မုန်တိုင်းကျ ရေကြီး၊ လူ ၁ ဦးသေဆုံး (ရုပ်သံ)
အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ်မှာ မိုးသက်မုန်တိုင်းကျပြီး ရေကြီးလို့ လူ ၁ ဦး သေဆုံးပြီး ၇ ဦး ပျောက်ဆုံးနေတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ပြည်နယ်ရဲ့ အရှေ့ပိုင်းဒေသထဲက ဂျက်ဆင်နယ်မြေကို မိုးသက်မုန်တိုင်း ၀င်ရောက်ခဲ့ပြီး ရေကြီးနေတာပါ။
ကောင်းကင် ဓာတ်ပုံတွေအရ ကုန်းမြေအတော်များများ ရေအောက်မြုပ်နေပါတယ်။
မုန်တိုင်းကြောင့် သစ်ပင်တွေ လဲပြိုခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ နယ်ခံသတင်းတွေက ဆိုပါတယ်။
ရေကြီးမှုအတွင်း ပိတ်မိနေတဲ့ လူ ၅၀ ကိုလည်း ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီပေးခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။