အစာငတ်ခံဆန္ဒပြသူ ၅ ဦး စစ်ခွေးတိုက် ပို့ဆောင်ခံရ
နော်နိုရင်း
·
May 25, 2011
အင်းစိန်ထောင်တွင်း အကျဉ်းသားရပိုင်ခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးထဲက ၅ ဦး ကို ထောင်အာဏာပိုင်တွေက စစ်ခွေးတိုက် ပို့ဆောင်လိုက်တယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
စစ်ခွေးတိုက် ပို့ဆောင်ခံရသူမှာ ကိုဘိုဘိုသိမ်း၊ ကိုဥာဏ်လေး၊ ကိုညီညီထွန်း၊ ကိုအောင်နိုင်နဲ့ အခြားတဦးတို့ ဖြစ်ပါတယ်။
အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၂၂ ဦးဟာ အခုလ ၂၁ ရက်နေ့ မနက်ကစလို့ စတင်ဆန္ဒပြကြပြီး မေလ ၂၂ ရက်နေ့မှာတော့ ၁၇ ဦးက အစာငတ်ခံဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ ထောင်ဏာပိုင်တွေက သူတို့ထဲက တချို့ကို မနေ့ကတိုက်ပိတ်ပြီး ငါးဦးကို စစ်ခွေးတိုက် ပိုလိုက်တာလို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းအစားအစာနဲ့ နေရာထိုင်ခင်းအခြေအနေ ဆိုရွားတာ၊ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းတာ၊ အစိုးရအရာရှိဟောင်း အကျဉ်းသားတွေနဲ့ တခြားအကျဉ်းသားတွေ အဆင့်အတန်းခွဲခြားထားတာ၊ မိသားစုနဲ့ ထောင်ဝင်စာတွေ့တဲ့ နေရာမှာ လွတ်လပ်ခွင့်မရှိတာတွေအပေါ်မှာ မကျေနပ်တာကြောင့် အစာငတ်ခံဆန္ဒပြကြတာ ဖြစ်ပါတယ်။