A d v e r t i s e m e n t With Us

အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ နျူးကလီးယားအရေး ဆွေးနွေးမှု သဘောတူညီချက်ရရှိ

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြားမှာ အီရန် နျူးကလီးယာအရေး ဆွေးနွေးနေတာ သဘောတူညီချက် ရရှိသွားပါပြီ။ အရှေ့အလယ်ပိုင်းဒေသကို ပြောင်းလဲပေးနိုင်တဲ့ သဘောတူညီချက်ရရှိဖို့ ၁၀ စုနှစ်တခုကျော်ကြာ ညှိနှိုင်းခဲ့ရတာပါ။ ဇူလိုင်လ ၁၄ နေ့မှာ ရရှိသွားတဲ့ သဘောတူညီချက်အရ အီရန်က နျူးကလီးယား အစီအစဉ်တွေကို နှစ်အတန်ကြာ ဆိုင်းငံ့ထားမှာဖြစ်ပြီး အပေးအယူသဘောအဖြစ် အမေရိကန်နဲ့ အီးယူတို့က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးလိုက်ပါတယ်။ အစ္စရေးကတော့ ဒါဟာ သမိုင်းဝင် အညံ့ခံမှုဖြစ်တယ်လို့ ဝေဖန်ပါတယ်။ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ ၂၀၁၂ ခုနှစ်က ချမှတ်ထားတဲ့ ရေနံ နေ့စဉ် စည် တသန်းထက် ပို မရောင်းရဆိုတဲ့ အချက်ဟာ အီရန် စီးပွားရေးကို ထိုးနှက်ချက် ဖြစ်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ၁၉၇၉ ခုနှစ်ကစလို့  ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆင်ဆင့် ချမှတ်ထားတာ ဖြစ်လို့ အပြည့်အ၀ ရုပ်သိမ်းမယ့် ကိစ္စမှာ အချိန်ယူရပါဦးမယ်။  အီရန် နိုင်ငံပိုင်သတင်းဌာန IRNA ရဲ့ အဆိုအရ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို အစောဆုံး ရုပ်သိမ်းပေးမယ်လို့ ဆိုပါတယ်။ အီရန် နျူးကလီးယားအရေး သဘောတူညီချက် ရရှိသွားတာဟာ ဘာရတ် အိုဘားမား အစိုးရ အတွက်ရော ဟက်စန် ရူဟာနီ အစိုးရအတွက်ပါ အောင်ပွဲဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့မှာပဲ ကုလသမဂ္ဂ လက်အောက်ခံ နယူးကလီးယား အေဂျင်စီ (အိုင်အေအီးအေ)နဲ့ အီရန်တို့ လုပ်ငန်းလမ်းပြမြေပုံကို သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ သဘောတူညီချက်အရ အီရန်အနေနဲ့ နျူးကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေကို ဒီနှစ်ကုန်မှာ ရှင်းလင်းပေးရမှာဖြစ်လို့၊ အိုင်အေအီးအေက သွားကြည့်ချင်နေတဲ့ အီရန်ရဲ့ ပါချင်း စစ်စခန်းထဲကို ၀င်ရောက်စစ်ဆေးခွင့်လည်း ပါဝင်တယ်လို့ အိုင်အေအီးအေ ညွန်ကြားရေးမှူးချုပ် ယူကီယာ အာမန်နိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up