A d v e r t i s e m e n t With Us

မီလန်တိုက်စစ်မှူး အယ်လ်ရှာရာဝီ မိုနာကို ပြောင်းရွှေ့

ဓာတ်ပုံ - goal.com
အီတလီလက်ရွေးစင် တိုက်စစ်မှူး အယ်လ်ရှာရာဝီကို မိုနာကိုအသင်းက တနှစ်အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီး စာချုပ်ထဲမှာ ရာသီကုန်ရင် အပြီးသတ်ခေါ်ယူခွင့် ပါရှိပါတယ်။ ကလပ်အသင်း နှစ်ခုကြား သဘောတူညီချက်ထဲမှာ အယ်လ်ရှာရာဝီအနေနဲ့ ဒီရာသီ မိုနာကိုမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရပြီး ရာသီကုန်မှာ အပြီးသတ် ပြောင်းရွှေ့ချင်တယ်ဆိုရင် တရာသီ ပေါင် ၃ သန်းနဲ့ ငါးနှစ်စာချုပ် အပြီးသတ်ပြောင်းရွှေ့ခွင့် ပါရှိတယ်လို့ ဆိုပါတယ်။ ဇူလိုင် ၁၃ ရက်ေန့က အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်ကလပ် မိုနာကိုမှာ ဆေးစစ်မှု ခံယူခဲ့ပါတယ်။ “မိုနာကိုမှာ ကစားဖို့ လက်မှတ်ထိုးရတာ ကျနော့်အတွက် အရမ်းကို ကြီးကျယ်တဲ့ ခံစားမှုပါပဲ။ ကျနော် အရမ်းပျော်သလို စိတ်လည်း လှုပ်ရှားမိပါတယ်။ ကျနော့်ကို ဒီအခွင့်အရေးပေးတဲ့ မိုနာကိုအသင်း ဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ပါတယ်။ လာမယ့် ဘောလုံးရာသီက တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ရာသီ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ မိုနာကို ပရိသတ်တွေ ပျော်ရွှင်အောင်လည်း လုပ်ပေးချင်ပါတယ်” လို့ အယ်လ်ရှာရာဝီက ပြောပါတယ်။ အယ်လ်ရှာရာဝီဟာ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ မီလန်အသင်းအတွက် ၁၄ ဂိုးသွင်းပြီး ရာသီဝက် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယရာသီဝက်မှာတော့ မီလန်ကို ဘာလော့တယ်လီ ရောက်ရှိလာအပြီးမှာ သူလည်း ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနောက် ဘောလုံးရာသီ ၂ ခုမှာတော့ သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသလို မီလန်အသင်းကလည်း သူ့နေရာ အစားထိုးဖို့ ကားလို့စ် ဘက်ကာနဲ့ လူးဝစ်စ် အက်ဒရီယာနိုတို့ ၂ ဦးကို ဒီနွေရာသီမှာ ခေါ်ယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up