A d v e r t i s e m e n t With Us

မက္ကဆီကို မူးယစ်ရာဇာ ထွက်ပြေးလွတ်မြောက်မှု အစိုးရအတွက် အဓိကထိုးနှက်ချက်ဖြစ်

ဂတ်ဇ်မန် ထွက်ပြေးလွတ်မြောက်သွားသည့် လိုဏ်ခေါင်းအား တာဝန်ရှိသူများ စစ်ဆေးနေစဉ်။ (ဓာတ်ပုံ - ရိုက်တာ)
ဇူလိုင် ၁၁ ရက်နေ့က မက္ကဆီကို ထိပ်တန်းမူးယစ်ရာဇာတဦး ထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့ ကိစ္စဟာ မူးယစ်ပြဿနာကို အပြတ်ရှင်းမယ်လို့ ကြွေးကြော်ထားတဲ့ အစိုးရအတွက်တော့ အဓိကထိုးနှက်ချက် ဖြစ်နေပြီး မူးယစ်ဂိုဏ်း ပြန်အားကောင်းလာဖို့ ဖြစ်လာမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဆီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းခေါင်းဆောင် ဂတ်ဇ်မန် (Guzman) ဟာ မက္ကဆီကိုနိုင်ငံရဲ့ လုံခြုံရေး အဆင့်အမြင့်ဆုံးဆိုတဲ့ အကျဉ်းထောင်မှာ အရှည် ၁ မိုင်ရှိတဲ့ လိုဏ်ခေါင်းကနေ ထွက်ပြေးလွတ်မြောက်သွားတာပါ။ သူဟာ ၂၀၀၁ ခုနှစ်ကလည်း ထောင်ဝန်ထမ်းတွေကို လာဘ်ထိုး ထွက်မြောက်သွားပြီး ဆယ်စုနှစ်တခုကျော်ကြာ လွတ်မြောက်နေခဲ့တာပါ။ “မက္ကဆီကိုအစိုးရအတွက် အကြီးဆုံး ထိုးနှက်ချက် ၂ ခု ရှိပါတယ်။ တချက်က ဂတ်ဇ်မန်ကို ဖမ်းမိခဲ့ပေမယ့် သူ့ရဲ့ဂိုဏ်းက အခြေအနေ ပျက်မသွားဘဲ သူက ထောင်ထဲကနေ ညွှန်ကြားနေတာပါ။ နောက်တချက်က လုံခြုံရေးအဆင့်အမြင့်ဆုံးဆိုတဲ့ ထောင်ကနေ လွတ်မြောက်သွားတာဖြစ်လို့ ဘာမှလုံခြုံရေး အာမခံမှု မရှိဘူးဆိုတာ ပြသတာပါ။” ဂတ်ဇ်မန်ဟာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာတဦးဖြစ်ပြီး အမေရိကန်နိုင်ငံထဲကိုလည်း မူးယစ်ဆေးဝါးတွေ ဘီလီယံနဲ့ချီပြီး ခိုးသွင်းထားလို့ အမေရိကန်အစိုးရကလည်း အလိုရှိနေတာပါ။ ဒီတကြိမ်တော့ မက္ကဆီကိုအစိုးရက အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်း ဆုငွေထုတ်လိုက်ပါတယ်။ ထောင်ဝန်ထမ်း ၃၁ ဦးကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်နေပြီး ထောင်မှူးအပါအ၀င် ထောင်အရာရှိ ၃ ဦးကို အလုပ်ဖြုတ်လိုက်ပါတယ်။ ဂတ်ဇ်မန် ထွက်ပြေးလွတ်မြောက်သွားတဲ့ လိုဏ်ခေါင်းဟာ သူ့ရဲ့တရပ်စာ ၁ ဒသမ ၇ မီတာအမြင့်ရှိပြီး မြေကို မြေသယ်ကားနဲ့ သယ်ထုတ်မယ်ဆိုရင် လော်ရီကား အခေါက် ၃၈၀ သယ်ထုတ်ရမယ်လို့ မက္ကဆီကို သတင်းစာတစောင်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up