ဦးမောင်မောင်အပေါ် စွပ်စွဲချက်မခိုင်လုံဟု အန်စီယူဘီ ရှင်းလင်း
အေးနိုင်
·
May 25, 2011
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ) အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံ သွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှန်ကန်ကြောင်း သက်သေမပြနိုင်ဘူးလို့ အန်စီယူဘီက မေ ၂၃ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ပါတယ်။
မေလ ၂ဝ ရက်နေ့မှာ အန်စီယူဘီသဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ အရေးပေါ် ပူးတွဲအစည်းအဝေးက သုံးသပ်တာလို့ မနေ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။
ဦးမောင်မောင်ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာ ရေးမှူးဟောင်း ကိုဇော်ထွန်းက ဦးမောင်မောင် မြန်မာပြည်ကို လျှို့ဝှက်သွားရောက် ခဲ့တယ်လို့ ဒီနှစ်ဆန်းပိုင်းက စွပ်စွဲချက်အပေါ် စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်း စစ် ဆေးဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အန်စီယူဘီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ အ မျိုးသားဒီမိုကရေစီတပ်ပေါင်းစု၊ ဒီမိုကရက်မဟာမိတ်အဖွဲ့ချုပ်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ စတဲ့ အဖွဲ့လေးဖွဲ့နဲ ၁၉၉၂ ခုနှစ်မှာ စုပေါင်း ဖွဲ့စည်းခဲ့တာပါ။
စုံစမ်းရေးကော်မရှင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အန်စီယူဘီ သဘာပတိ အဖွဲ့ဝင် ဒေါက်တာအေးကျော်ကို ကိုအေးနိုင်က မေးမြန်းထားပါတယ်။
ဦးမောင်မောင်နဲ့ပတ်သက်တဲ့ ဒီကြေညာချက်ကြီးတခုလုံးကို လွှမ်းခြုံတဲ့သဘောထား ထုတ်ပြန်ချက်ကို ပြောပြပေးပါ။
“ဦးမောင်မောင် ဗမာပြည်သွားတယ်ဆိုပြီးတော့ စွပ်စွဲပြောဆိုချက်တွေကို အန်စီယူဘီ ဥက္ကဋ္ဌထံ စာရေးပြီး တင်ပြသွားတာ ရှိပါတယ်။ စာတင်ပြလာတဲ့ အ ပေါ်မှာ အန်စီယူဘီမှာ သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကနေပြီးတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကိုဖွဲ့ပါတယ်။ အဲဒီကော်မတီမှာ လေးဦးပါတယ်။ ကျနော်က အဖွဲ့ခေါင်းဆောင်ပါ။ ဒီအေဘီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပဒိုစောအားတိုး၊ အန်ဒီ အက်ဖ်ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ မိုင်ဖုန်းကျော်၊ နောက် အမ်ပီယူရဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဦးသိန်းဦးတို့ပါတယ်။ ဗမာပြည်ကိုသွားတယ်ဆိုတာကို တင်ပြလာတာ ကတော့ ထိုင်းအဲယားဝေးက ထုတ်ပေးတဲ့ မိုင်းလစ်စတိတ်မန့်(မိုင်တိုင်မှတ်တမ်း)ကို အဓိကထားပြီး တင်ထားတာပါ။ အဲဒီမှာခရီးစဉ် သုံးခုပါတယ်။ အဲဒီ ခရီးစဉ် သုံးခုလုံး က ထိုင်းနဲ့ ရန်ကုန်သွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ အဲဒါကို အဓိကထား စွပ်စွဲထားတာ ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ကလည်း အဲဒီအပေါ်မှာပဲ အဓိကထားပြီး စုံစမ်း စစ်ဆေးခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင်အနေနဲ့ကတော့ ပူးတွဲသဘာပတိအဖွဲ့ အ တွင်းရေးမှူးအဖွဲ့ကနေ လွတ်လပ်စွာ စုံစမ်းဖို့ကို တာဝန်ပေးခဲ့ပါတယ်။ အဲတော့ ကျနော်တို့လည်း လွတ်လွတ်လပ်လပ် စုံစမ်းခဲ့ပါတယ်။ စုံစမ်းတဲ့အခါမှာ သက်ဆိုင် ရာ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဦးမောင်မောင်ကော ခုနက တိုင်ကြားတဲ့ ကိုဇော်ထွန်းကော သူတို့ကတဆင့် ထွက်ပေါ်လာတဲ့ သက်ဆိုင်ရာ သက်သေပြနိုင်တဲ့ ပုဂ္ဂိုလ်တွေအား လုံး ကျနော်တို့ မေးမြန်းစုံစမ်းခဲ့ပါတယ်။
“နောက်ပြီးတော့ ထိုင်းအဲယားဝေးက ထွက်လာတဲ့ ကြေညာချက်နဲ့ ပတ် သက်ပြီးတော့ ဦးမောင်မောင်က ထပ်ပြီးတော့ ထိုင်းအဲယားဝေးကို သွားပြီးတော့ မေးမြန်းစုံစမ်းတော့ ထိုင်းအဲယားဝေးကလည်း ဒီဟာမှားယွင်းစွာ ထုတ်ပြန်ခဲ့တယ် ဆိုပြီးတော့ ပြင်ဆင်ပြီးတော့ အသစ်ကြေညာချက်တခု ထပ်ထုတ်ပေးခဲ့ပါတယ်။ “အဲဒီ ဦးမောင်မောင် ရန်ကုန်သွားတယ်ဆိုတဲ့ ခရီးစဉ် သုံးခုလုံးက သူတို့ မှားယွင်းတဲ့ ဖော်ပြချက် ဖြစ်ပါတယ် ဆိုပြီးတော့ အမှားပြင်တဲ့ စတိတ်မန့်အသစ် ထုတ်ပေးပါတယ်။ အဲဒီကြေညာချက်ကိုပဲ ထပ်ပြီးတော့ ကျနော်တို့ ကော်မရှင် အနေနဲ့ ကျနော်တို့ကိုယ်တိုင် ပြန်ပြီးတော့ ဒီထုတ်ပြန်ချက်က မှန်မမှန်၊ ဟုတ် မဟုတ် ဆိုတာကို ကျနော်တို့ကိုယ်တိုင် ထပ်မံသွားပြီးတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ် တွေနဲ့ မေးမြန်းပါတယ်။ မေးမြန်းတဲ့အခါကျတော့ တွေ့ရှိချက်တွေက ထိုင်းအဲယား ဝေးက သူတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်။ ဒီဟာကာနခ့ညေငခူေ နမမသမ (စက်ပိုင်းဆိုင်ရာ မှားယွင်းမှု) မဟုတ်ဘူး။ လူပုဂ္ဂိုလ်ရဲ့ မှားယွင်းထည့်သွင်းဖော်ပြမိ တဲ့ အတွက်ံကာညေ နမမသမ (လူပုဂ္ဂိုလ်ရဲ့ မှားယွင်းမှု) ဖြစ်ပါတယ်လို့ ထိုင်းအဲယား ဝေးက ပြောခဲ့ပါတယ်။
“အဲတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ မေးတဲ့အခါမှာလည်း အဲဒီဗမာပြည် သွားတယ် ဆိုတဲ့ သုံးရက်လုံးမှာ ဦးမောင်မောင်က ဒီဘက် အစည်းအဝေးတွေမှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ သက်သေခံချက်တွေ တွေ့ရပါတယ်။ အဲဒီ လို တွေ့ရှိတဲ့အတွက် ကျနော်တို့ တွေ့ရှိချက်တွေ စုပေါင်းပြီးတော့ အစီရင်ခံစာကို ဧပြီလ ၃ဝ ရက်မှာ ကျနော်တို့ ပြန်ပြီးတော့ သဘာပတိအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ ကို ပြန်တင်ပြခဲ့ပါတယ်။ အဲတော့ ကျနော်တို့ရဲ့ တင်ပြချက်တွေကို ပြန်ပြီးတော့ သဘာပတိအဖွဲ့ အတွင်းရေးမှူးအဖွဲ့ စုံညီအစည်းအဝေးကနေ ပြန်လေ့လာပြီးတော့ ဒီတွေ့ရှိချက်တွေက တဆင့် အားလုံးရဲ့ သဘောထားကတော့ ဦးမောင်မောင်ဟာ အဲဒီရက်တွေမှာ ရန်ကုန်ကို သွားနိုင်ခြေ မရှိဘူးဆိုပြီး အားလုံးက သဘောတူညီမှုရ ခဲ့တယ်။ ဒါကြောင့်လဲ နောက်ဆုံးကြေညာချက်ကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။”
အဲတော့ စွပ်စွဲတဲ့ပုဂ္ဂိုလ်ကလည်း ဘာကြောင့်စွပ်စွဲတယ်ဆိုတာ တပ်ပေါင်းစုအနေနဲ့ ဆက်လက် မေးမြန်းစုံစမ်းတာမျိုး ရှိလားခင်ဗျ။
“သူ့ကိုမေးမြန်းစုံစမ်းတဲ့အခါမှာ သူက ပြောတာတော့ငူနါနျေအအေနာနညအ (မိုင်တိုင်မှတ်တမ်း)သူ့လက်ထဲရောက်ခဲ့တယ်။ ၂ဝဝဂ မှာငူနါနျေအအေနာနညအ သူ့လက်ထဲ ရောက်ခဲ့ပေမယ့် ၂ဝဝဂ မှာ သူ့အပြောအရတော့ သူတို့ အက်ဖ် တီယူဘီအဖွဲ့ဖြစ်တဲ့ သက်ဆိုင်တဲ့ တချို့သော တာဝန်ခံပုဂ္ဂိုလ်တွေကို တင်ပြခဲ့တယ် လို့ ပြောပါတယ်။ လက်ရှိအခု ၂ဝဝဂ က ဖြစ်ခဲ့တာကို အခု ၂ဝ၁၁ ကျမှ ဘာလို့ တင်ပြသလဲ၊ စွပ်စွဲသလဲဆိုတာကို မေးတော့ သူက တချိန်မှာ ဒါဟာ တကယ်လို့ ဖြစ်ခဲ့တယ်၊ သွားခဲ့တယ်ဆိုရင်လည်း ဦးမောင်မောင်အတွက် မကောင်းဘူး။ မသွား ခဲ့ဘူးဆိုရင်လည်း ဒီကြေညာချက်က မကောင်းဘူးဆိုရင်လည်း ဒါကမှန်ကန်ကြောင်း ပြဖို့လိုတယ်ဆိုတဲ့ အမြင်ကြောင့် တင်ပြခဲ့တာပါလို့ ဖြေပါတယ်။”
အန်စီယူဘီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ဗမာပြည်ကို သွားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့၊ ဂယက်ရိုက်မှုနဲ့ ပတ်သက်ပြီးတော့ အန်စီယူဘီ ရဲ့ တပ်ပေါင်းစုကြီးတခုလုံးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုတွေ ကြုံခဲ့ပါသလဲ။
“အဲဒါကတော့ ကျနော်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အခုလိုပြန်လည် ဖြေရှင်းချက် မတိုင်မီအထိ သက်ဆိုင်ရာ အန်စီယူဘီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ရဲ့ အပေါ်မှာကော တပ်ပေါင်းစုကြီးတခုလုံးမှာကော ကျန်တဲ့ မီဒီယာ ဌာနပေါင်းစုံကနေ အမျိုးမျိုး ပြောဆိုရေးသားတာတွေ ဖြစ်လာတဲ့အတွက် အဲဒီမှာ ဘာပဲပြောပြော အဲဒီကာလအတွင်းမှာတော့ သို့လော သို့လော သံသယ ဝင်စရာ တွေတော့ အမှန်ပါပဲ။ နောက်စုံစမ်းရေးကော်မရှင်ကိုလည်း အမျိုးမျိုးပေါ့။ ကျနော် တို့ သဘာပတိအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ကပဲ စုံစမ်းရေးကော်မရှင်ဖွဲ့တယ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ထောက်ပြဝေဖန်တာတွေ ရှိလာခဲ့တယ်။
“ဒါပေမယ့် ကျနော်တို့ စုံစမ်းရေးကော်မရှင်က လွတ်လွတ်လပ်လပ် ဘယ် သူ့ဘက်မှ ဘက်မလိုက်ဘဲနဲ့ မှန်မှန်ကန်ကန်နဲ့ တင်ပြပေးနိုင်ခဲ့တဲ့အတွက် ကြေညာ ချက်ထွက်ပြီး နောက်ပိုင်းမှာတော့ ဒီကိစ္စက ထပ်မံပြီးတော့ သို့လော သို့လော ဖြစ်စရာ မရှိတော့ဘူးလို့ ပြောချင်ပါတယ်။”