Home
နိုင်ငံရေး
ဦးမောင်မောင်အပေါ် စွပ်စွဲချက်မခိုင်လုံဟု အန်စီယူဘီ ရှင်းလင်း
အေးနိုင်
·
May 25, 2011
ပြည်​ထောင်စုမြန်မာနိုင်ငံအမျိုး​သား​ကောင်စီ (အန်စီယူဘီ) အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​မောင်​မောင် မြန်မာနိုင်ငံ သွား​ခဲ့​တယ်ဆိုတဲ့​ စွပ်စွဲချက်ဟာ မှန်ကန်​ကြောင်း​ သက်​သေမပြနိုင်ဘူး​လို့​ အန်စီယူဘီက ​မေ ၂၃ ရက်စွဲနဲ့​ သ​ဘောထား​ ထုတ်ပြန်ပါတယ်။ မေလ ၂ဝ ရက်​နေ့​မှာ အန်စီယူဘီသဘာပတိအဖွဲ့​နဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ အ​ရေး​ပေါ် ပူး​တွဲအစည်း​အ​ဝေး​က သုံး​သပ်တာလို့​ မ​နေ့​က ​ကြေညာချက် ထုတ်ပြန် လိုက်တာပါ။ ဦး​မောင်​မောင်​ခေါင်း​ဆောင်တဲ့​ မြန်မာနိုင်ငံအလုပ်သမား​အဖွဲ့​ချုပ်ရဲ့​ ဘဏ္ဍာ ​ရေး​မှူး​ဟောင်း​ ကို​ဇော်ထွန်း​က ဦး​မောင်​မောင် မြန်မာပြည်ကို လျှို့​ဝှက်သွား​ရောက် ခဲ့​တယ်လို့​ ဒီနှစ်ဆန်း​ပိုင်း​က စွပ်စွဲချက်အ​ပေါ် စုံစမ်း​ရေး​ကော်မရှင်တရပ် ဖွဲ့​စည်း​ စစ် ​ဆေး​ဖော်ထုတ်ခဲ့​တာ ဖြစ်ပါတယ်။ အန်စီယူဘီဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (လွတ်​မြောက်နယ်​မြေ)၊​ အ မျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု၊​ ဒီမိုကရက်မဟာမိတ်အဖွဲ့​ချုပ်နဲ့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်များ​အဖွဲ့​ စတဲ့​ အဖွဲ့​လေး​ဖွဲ့​နဲ ၁၉၉၂ ခုနှစ်မှာ စု​ပေါင်း​ ဖွဲ့​စည်း​ခဲ့​တာပါ။ စုံစမ်း​ရေး​ကော်မရှင်အဖွဲ့​ရဲ့​ ​ခေါင်း​ဆောင်ဖြစ်တဲ့​ အန်စီယူဘီ သဘာပတိ အဖွဲ့​ဝင် ​ဒေါက်တာ​အေး​ကျော်ကို ကို​အေး​နိုင်က ​မေး​မြန်း​ထား​ပါတယ်။ ဦး​မောင်​မောင်နဲ့​ပတ်သက်တဲ့​ ဒီ​ကြေညာချက်ကြီး​တခုလုံး​ကို လွှမ်း​ခြုံတဲ့​သ​ဘောထား​ ထုတ်ပြန်ချက်ကို ​ပြောပြ​ပေး​ပါ။ “ဦး​မောင်​မောင် ဗမာပြည်သွား​တယ်ဆိုပြီး​တော့​ စွပ်စွဲ​ပြောဆိုချက်​တွေကို အန်စီယူဘီ ဥက္ကဋ္ဌထံ စာ​ရေး​ပြီး​ တင်ပြသွား​တာ ရှိပါတယ်။ စာတင်ပြလာတဲ့​ အ ​ပေါ်မှာ အန်စီယူဘီမှာ သဘာပတိအဖွဲ့​နဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​က​နေပြီး​တော့​ စုံစမ်း​ စစ်​ဆေး​ရေး​ ​ကော်မရှင်တရပ်ကိုဖွဲ့​ပါတယ်။ အဲဒီ​ကော်မတီမှာ ​လေး​ဦး​ပါတယ်။ ကျ​နော်က အဖွဲ့​ခေါင်း​ဆောင်ပါ။ ဒီ​အေဘီရဲ့​ ဥက္ကဋ္ဌဖြစ်တဲ့​ ပဒို​စောအား​တိုး​၊​ အန်ဒီ အက်ဖ်ရဲ့​ အတွင်း​ရေး​မှူး​ဖြစ်တဲ့​ မိုင်ဖုန်း​ကျော်၊​ ​နောက် အမ်ပီယူရဲ့​ အတွင်း​ရေး​မှူး​ ဖြစ်တဲ့​ ဦး​သိန်း​ဦး​တို့​ပါတယ်။ ဗမာပြည်ကိုသွား​တယ်ဆိုတာကို တင်ပြလာတာ က​တော့​ ထိုင်း​အဲယား​ဝေး​က ထုတ်​ပေး​တဲ့​ မိုင်း​လစ်စတိတ်မန့်​(မိုင်တိုင်မှတ်တမ်း​)ကို အဓိကထား​ပြီး​ တင်ထား​တာပါ။ အဲဒီမှာခရီး​စဉ် သုံး​ခုပါတယ်။ အဲဒီ ခရီး​စဉ် သုံး​ခုလုံး​ က ထိုင်း​နဲ့​ ရန်ကုန်သွား​တဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။ အဲဒါကို အဓိကထား​ စွပ်စွဲထား​တာ ဖြစ်ပါတယ်။ အဲ​တော့​ ကျ​နော်တို့​ကလည်း​ အဲဒီအ​ပေါ်မှာပဲ အဓိကထား​ပြီး​ စုံစမ်း​ စစ်​ဆေး​ခဲ့​ပါတယ်။ စုံစမ်း​ရေး​ ​ကော်မရှင်အ​နေနဲ့​က​တော့​ ပူး​တွဲသဘာပတိအဖွဲ့​ အ တွင်း​ရေး​မှူး​အဖွဲ့​က​နေ လွတ်လပ်စွာ စုံစမ်း​ဖို့​ကို တာဝန်​ပေး​ခဲ့​ပါတယ်။ အဲ​တော့​ ကျ​နော်တို့​လည်း​ လွတ်လွတ်လပ်လပ် စုံစမ်း​ခဲ့​ပါတယ်။ စုံစမ်း​တဲ့​အခါမှာ သက်ဆိုင် ရာ ပုဂ္ဂိုလ်​တွေဖြစ်တဲ့​ ဦး​မောင်​မောင်​ကော ခုနက တိုင်ကြား​တဲ့​ ကို​ဇော်ထွန်း​ကော သူတို့​ကတဆင့်​ ထွက်​ပေါ်လာတဲ့​ သက်ဆိုင်ရာ သက်​သေပြနိုင်တဲ့​ ပုဂ္ဂိုလ်​တွေအား​ လုံး​ ကျ​နော်တို့​ ​မေး​မြန်း​စုံစမ်း​ခဲ့​ပါတယ်။ “​နောက်ပြီး​တော့​ ထိုင်း​အဲယား​ဝေး​က ထွက်လာတဲ့​ ​ကြေညာချက်နဲ့​ ပတ် သက်ပြီး​တော့​ ဦး​မောင်​မောင်က ထပ်ပြီး​တော့​ ထိုင်း​အဲယား​ဝေး​ကို သွား​ပြီး​တော့​ ​မေး​မြန်း​စုံစမ်း​တော့​ ထိုင်း​အဲယား​ဝေး​ကလည်း​ ဒီဟာမှား​ယွင်း​စွာ ထုတ်ပြန်ခဲ့​တယ် ဆိုပြီး​တော့​ ပြင်ဆင်ပြီး​တော့​ အသစ်​ကြေညာချက်တခု ထပ်ထုတ်​ပေး​ခဲ့​ပါတယ်။ “အဲဒီ ဦး​မောင်​မောင် ရန်ကုန်သွား​တယ်ဆိုတဲ့​ ခရီး​စဉ် သုံး​ခုလုံး​က သူတို့​ မှား​ယွင်း​တဲ့​ ​ဖော်ပြချက် ဖြစ်ပါတယ် ဆိုပြီး​တော့​ အမှား​ပြင်တဲ့​ စတိတ်မန့်​အသစ် ထုတ်​ပေး​ပါတယ်။ အဲဒီ​ကြေညာချက်ကိုပဲ ထပ်ပြီး​တော့​ ကျ​နော်တို့​ ​ကော်မရှင် အ​နေနဲ့​ ကျ​နော်တို့​ကိုယ်တိုင် ပြန်ပြီး​တော့​ ဒီထုတ်ပြန်ချက်က မှန်မမှန်၊​ ဟုတ် မဟုတ် ဆိုတာကို ကျ​နော်တို့​ကိုယ်တိုင် ထပ်မံသွား​ပြီး​တော့​ သက်ဆိုင်ရာ ပုဂ္ဂိုလ် ​တွေနဲ့​ ​မေး​မြန်း​ပါတယ်။ ​မေး​မြန်း​တဲ့​အခါကျ​တော့​ ​တွေ့​ရှိချက်​တွေက ထိုင်း​အဲယား​ ​ဝေး​က သူတို့​ကိုယ်တိုင် ထုတ်ပြန်ခဲ့​တာ ဖြစ်တယ်။ ဒီဟာကာနခ့​ညေငခူေ နမမသမ (စက်ပိုင်း​ဆိုင်ရာ မှား​ယွင်း​မှု) မဟုတ်ဘူး​။ လူပုဂ္ဂိုလ်ရဲ့​ မှား​ယွင်း​ထည့်​သွင်း​ဖော်ပြမိ တဲ့​ အတွက်ံကာ​ညေ နမမသမ (လူပုဂ္ဂိုလ်ရဲ့​ မှား​ယွင်း​မှု) ဖြစ်ပါတယ်လို့​ ထိုင်း​အဲယား​ ​ဝေး​က ​ပြောခဲ့​ပါတယ်။ “အဲ​တော့​ သက်ဆိုင်ရာ ပုဂ္ဂိုလ်​တွေ ​မေး​တဲ့​အခါမှာလည်း​ အဲဒီဗမာပြည် သွား​တယ် ဆိုတဲ့​ သုံး​ရက်လုံး​မှာ ဦး​မောင်​မောင်က ဒီဘက် အစည်း​အ​ဝေး​တွေမှာ ရှိ​နေတယ်ဆိုတဲ့​ အ​ထောက်အထား​တွေ သက်​သေခံချက်​တွေ ​တွေ့​ရပါတယ်။ အဲဒီ လို ​တွေ့​ရှိတဲ့​အတွက် ကျ​နော်တို့​ ​တွေ့​ရှိချက်​တွေ စု​ပေါင်း​ပြီး​တော့​ အစီရင်ခံစာကို ဧပြီလ ၃ဝ ရက်မှာ ကျ​နော်တို့​ ပြန်ပြီး​တော့​ သဘာပတိအဖွဲ့​နဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ ကို ပြန်တင်ပြခဲ့​ပါတယ်။ အဲ​တော့​ ကျ​နော်တို့​ရဲ့​ တင်ပြချက်​တွေကို ပြန်ပြီး​တော့​ သဘာပတိအဖွဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ စုံညီအစည်း​အ​ဝေး​က​နေ ပြန်​လေ့​လာပြီး​တော့​ ဒီ​တွေ့​ရှိချက်​တွေက တဆင့်​ အား​လုံး​ရဲ့​ သ​ဘောထား​က​တော့​ ဦး​မောင်​မောင်ဟာ အဲဒီရက်​တွေမှာ ရန်ကုန်ကို သွား​နိုင်​ခြေ မရှိဘူး​ဆိုပြီး​ အား​လုံး​က သ​ဘောတူညီမှုရ ခဲ့​တယ်။ ဒါ​ကြောင့်​လဲ ​နောက်ဆုံး​ကြေညာချက်ကို ထုတ်ပြန်​ပေး​ခဲ့​တာ ဖြစ်ပါတယ်။” အဲ​တော့​ စွပ်စွဲတဲ့​ပုဂ္ဂိုလ်ကလည်း​ ဘာ​ကြောင့်​စွပ်စွဲတယ်ဆိုတာ တပ်​ပေါင်း​စုအ​နေနဲ့​ ဆက်လက် ​မေး​မြန်း​စုံစမ်း​တာမျိုး​ ရှိလား​ခင်ဗျ။ “သူ့​ကို​မေး​မြန်း​စုံစမ်း​တဲ့​အခါမှာ သူက ​ပြောတာ​တော့​ငူနါ​နျေအ​အေနာနညအ (မိုင်တိုင်မှတ်တမ်း​)သူ့​လက်ထဲ​ရောက်ခဲ့​တယ်။ ၂ဝဝဂ မှာငူနါ​နျေအ​အေနာနညအ သူ့​လက်ထဲ ​ရောက်ခဲ့​ပေမယ့်​ ၂ဝဝဂ မှာ သူ့​အ​ပြောအရ​တော့​ သူတို့​ အက်ဖ် တီယူဘီအဖွဲ့​ဖြစ်တဲ့​ သက်ဆိုင်တဲ့​ တချို့​သော တာဝန်ခံပုဂ္ဂိုလ်​တွေကို တင်ပြခဲ့​တယ် လို့​ ​ပြောပါတယ်။ လက်ရှိအခု ၂ဝဝဂ က ဖြစ်ခဲ့​တာကို အခု ၂ဝ၁၁ ကျမှ ဘာလို့​ တင်ပြသလဲ၊​ စွပ်စွဲသလဲဆိုတာကို ​မေး​တော့​ သူက တချိန်မှာ ဒါဟာ တကယ်လို့​ ဖြစ်ခဲ့​တယ်၊​ သွား​ခဲ့​တယ်ဆိုရင်လည်း​ ဦး​မောင်​မောင်အတွက် မ​ကောင်း​ဘူး​။ မသွား​ ခဲ့​ဘူး​ဆိုရင်လည်း​ ဒီ​ကြေညာချက်က မ​ကောင်း​ဘူး​ဆိုရင်လည်း​ ဒါကမှန်ကန်​ကြောင်း​ ပြဖို့​လိုတယ်ဆိုတဲ့​ အမြင်​ကြောင့်​ တင်ပြခဲ့​တာပါလို့​ ​ဖြေပါတယ်။” အန်စီယူဘီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​မောင်​မောင်က ဗမာပြည်ကို သွား​တယ် ဆိုတဲ့​ သတင်း​နဲ့​ ပတ်သက်ပြီး​တော့​၊​ ဂယက်ရိုက်မှုနဲ့​ ပတ်သက်ပြီး​တော့​ အန်စီယူဘီ ရဲ့​ တပ်​ပေါင်း​စုကြီး​တခုလုံး​အ​ပေါ် ဘယ်​လောက်ထိ သက်​ရောက်မှု​တွေ ကြုံခဲ့​ပါသလဲ။ “အဲဒါက​တော့​ ကျ​နော်တို့​ စုံစမ်း​စစ်​ဆေး​ရေး​ ​ကော်မရှင်ရဲ့​ အခုလိုပြန်လည် ​ဖြေရှင်း​ချက် မတိုင်မီအထိ သက်ဆိုင်ရာ အန်စီယူဘီရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​မောင်​မောင်ရဲ့​ အ​ပေါ်မှာ​ကော တပ်​ပေါင်း​စုကြီး​တခုလုံး​မှာ​ကော ကျန်တဲ့​ မီဒီယာ ဌာန​ပေါင်း​စုံက​နေ အမျိုး​မျိုး​ ​ပြောဆို​ရေး​သား​တာ​တွေ ဖြစ်လာတဲ့​အတွက် အဲဒီမှာ ဘာပဲ​ပြော​ပြော အဲဒီကာလအတွင်း​မှာ​တော့​ သို့​လော သို့​လော သံသယ ဝင်စရာ ​တွေ​တော့​ အမှန်ပါပဲ။ ​နောက်စုံစမ်း​ရေး​ကော်မရှင်ကိုလည်း​ အမျိုး​မျိုး​ပေါ့​။ ကျ​နော် တို့​ သဘာပတိအဖွဲ့​၊​ အတွင်း​ရေး​မှူး​အဖွဲ့​ကပဲ စုံစမ်း​ရေး​ကော်မရှင်ဖွဲ့​တယ် ဆိုတဲ့​ ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​ထောက်ပြ​ဝေဖန်တာ​တွေ ရှိလာခဲ့​တယ်။ “ဒါ​ပေမယ့်​ ကျ​နော်တို့​ စုံစမ်း​ရေး​ကော်မရှင်က လွတ်လွတ်လပ်လပ် ဘယ် သူ့​ဘက်မှ ဘက်မလိုက်ဘဲနဲ့​ မှန်မှန်ကန်ကန်နဲ့​ တင်ပြ​ပေး​နိုင်ခဲ့​တဲ့​အတွက် ​ကြေညာ ချက်ထွက်ပြီး​ ​နောက်ပိုင်း​မှာ​တော့​ ဒီကိစ္စက ထပ်မံပြီး​တော့​ သို့​လော သို့​လော ဖြစ်စရာ မရှိ​တော့​ဘူး​လို့​ ​ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024